Tuesday, October 1, 2013

အဆိပ်အတောက်ပြေအောင်ဘာစားမလဲ

ခန္ဓာကိုယ် အတွင်းမှ အဆိပ် အတောက်များကို ဖယ်ရှားနိုင်ဖို့ ဘာတွေ စားသင့်သလဲ 30.9.2013 သင့် ခန္ဓာကိုယ် မှ အဆိပ် တွေ ဖယ်ရှား နိုင်တဲ့ နည်းလမ်း တွေ မျိုးစုံ ရှိပါတယ်။ ဒီ အထဲက အကောင်းဆုံး နည်း ဟာ အစားအစာ စားပြီး သဘာဝ အလျောက် အဆိပ် ဖယ်ရှားတဲ့ နည်းလမ်း မို့ ကိုယ်တွင်း အဆိပ် တွေ ဖယ်ရှား နိုင်တဲ့ အစားအစာ တွေ ကို ဖော်ပြ ပေး လိုက်ပါတယ်။ (၁) အသီးအနှံ အသီးအနှံ တွေ ဟာ များသော အားဖြင့် အရည်ရွှမ်း တတ် တာကြောင့် ခန္ဓာကိုယ် မှ အဆိပ် တွေ ဖယ်ရှား ဖို့ ကူညီ နိုင်ပါတယ်။ အသီး တွေ ဟာ အစာ ကြေလွယ် ပြီး ဓာတ်တိုး ဆန့်ကျင် ပစ္စည်း၊ အာဟာရ ဓာတ်နဲ့ အမျှင် တွေ လည်း များစွာ ပါဝင်ကာ ဗီတာမင် စီ လိုမျိုး ခန္ခာကိုယ် အတွက် အရေးကြီး တဲ့ ဗီတာမင် ဓာတ်တွေ လည်း အများ အပြား ပါဝင် ပါတယ်။ (၂) အစိမ်းရောင် အစာများ ခန္ဓာကိုယ် မှ အဆိပ်တွေ ပြေဖို့ စိမ်းပြာ ရောင် ရေညှိ၊ ဘာလီ၊ ကိုက်လန်၊ ဟင်းနုနယ် နဲ့ အစိမ်းရောင် ဟင်းရွက် တွေ များများ စားပါ။ အဲဒီ အရွက် တွေမှာ အစာ ချက် နိုင်တဲ့ ကလိုရို ဖေးတွေ ပါဝင် လို့ပါ။ ကလိုရိုဖေး ဟာ ပတ်ဝန်းကျင် မှ တစ်ဆင့် ခန္ဓာကိုယ် တွင်းသို့ ဝင်ရောက် နေတဲ့ မီးခိုးငွေ့၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေး၊ သန့်စင် ပစ္စည်း နဲ့ ဓာတု ပစ္စည်း အစ ရှိတာတွေ မှ ထွက်ရှိ လာတဲ့ အဆိပ် အတောက် တွေ ကို ဖယ်ရှား နိုင်လို့ပါ။ ဒါ့အပြင် အသည်း မှ အဆိပ် ကိုလည်း ဖယ်ရှား နိုင်ပါတယ်။ (၃) ရှောက်သီး၊ လိမ္မော်သီးနှင့် သံပရာသီး ဒီအချဉ် အရသာ ရှိတဲ့ အသီးတွေ ဟာ ခန္ဓာကိုယ် မှ အဆိပ် တွေ စွန့်ပစ် ဖို့ ကူညီနိုင် တဲ့ အပြင် အသည်း မှ အဆိပ် ဖယ်ရှား တဲ့ ဖြစ်စဉ် ကို လည်း ကူညီ နိုင် ပါတယ်။ နေ့စဉ် မနက် အိပ်ရာ ထ တိုင်း ရေနွေး တစ်ခွက် ထဲ ရှောက်ရည် ညှစ်ပြီး သောက်ပေး ပါ။ ဗီတာမင်စီ ဟာ အဆိပ်ဖြေ ဖို့ အကောင်းဆုံး ဗီတာမင် ဖြစ်ပြီး အဆိပ်တွေ ကို အစာခြေ နိုင်တဲ့ အင်ဇိုင်း အဖြစ် ပြောင်းလဲ နိုင် ပါတယ်။ (၄) ကြက်သွန်ဖြူ ကြက်သွန်ဖြူ ဟာ အသည်း မှ အဆိပ်ဖြေ နိုင်တဲ့ အင်ဇိုင်း တွေ ထွက်လာ အောင် လှုံ့ဆော် ပေး တာ ကြောင့် အစာခြေ စနစ် အတွင်းမှ အဆိပ် အကြွင်းအကျန်တွေကို စစ်ထုတ် ပေးနိုင် ပါတယ်။ ကြက်သွန်ဖြူ ကို အစိမ်း အတိုင်း ဒါမှမဟုတ် ဟင်းထဲ ထည့်ပြီး ချက်စားပါ။ (၅) အစိမ်းရောင် ပန်းဂေါ်ဖီ အညှောက် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ အစာခြေ လမ်းကြောင်းမှ အဆိပ်ဖြေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ် နိုင်အောင် လှုံ့ဆော်ပေး ပါတယ်။ အညှောက် ဟာ အပွင့် ထက် ပိုပြီး ထိရောက် မှု ရှိပါတယ်။ (၆) လက်ဖက်ရည်ကြမ်း ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများ အပြား ပါဝင် တာမို့ လက်ဖက်ရည် ကြမ်း ဟာ ကိုယ်တွင်း စနစ် အတွင်းမှ အဆိပ်တွေ ဖယ်ရှား နိုင်ရုံမက သူ့မှာ ပါဝင်တဲ့ Catechins ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း ကြောင့် အသည်း ရဲ့ လုပ်ငန်း ဆောင်တာ လည်း ပိုကောင်း စေ ပါတယ်။ (၇) ပဲစေ့ အမျိုးမျိုး အစာခြေရ လွယ်ကူ ပြီး အူနံရံ အတွင်း အဆိပ် အကြွင်း အကျန် တွေကို စုပ်ယူ နိုင်ပါတယ်။ (၈) ဟင်းသီး ဟင်းရွက် အစိမ်းများ ( Raw Vegetable ) ကြက်သွန်နီ၊ မုန်လာဥနီ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ် ဖီ ၊ ကြက်သွန် ဖြူ၊ နနွင်းနဲ့ ဟင်းမွှေးရွက် တွေ ကို မချက်ပြုတ် ဘဲ အစိမ်းတိုင်း စားရင် အသည်း မှ အဆိပ် သန့်စင် တဲ့ လုပ်ငန်း ကို ကူညီ နိုင်ပါတယ်။ အဲဒီ အစာတွေ မှာ ဆာလဖာ နဲ့ ဂလူတာ သီရုန်း တွေ များစွာ ပါဝင် ပါတယ်။ ဆာလဖာ ဟာ အသည်း မှ ဓာတု ပစ္စည်း အဆိပ် တွေ ကို ဖယ်ရှား ပေးနိုင် ပါတယ်။ (၉) အစေ့နှင့် အခွံမာသီးများ ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်းစေ့နဲ့ နေကြာစေ့ တွေ ဟာ အစာကြေ လွယ်ပြီး အဆိပ်တွေ ကို ဖယ်ရှား နိုင်ပါတယ်။ အဆိပ် ဖြေ နေစဉ် အတွင်း အခွံမာသီး နဲ့ ပြုလုပ် တဲ့ ထောပတ် ( ဥပမာ - မြေပဲ ထောပတ် ) ကို ရှောင် ထားပါ။ (၁ဝ) အိုမီဂါ ၃ အဆီ ထောပတ်သီး၊ သံလွင်ဆီ ဒါမှ မဟုတ် ဂုန်လျှော်စေ့ ဆီ ကို အဆိပ်ဖြေ စဉ်မှာ အသုံးပြု ပါ။ အူနံ ရံတွေ ကို ချောဆီ ဖြစ်စေ ကာ အဆိပ်တွေ ကို စုပ်ယူ နိုင်ပြီး ခန္ဓာကိုယ် မှ စွန့်ပစ် နိုင်လို့ပါ။ စား သင့် သော အစားစာ တွေ ဖြစ်ပါတယ်။ MWD Health -- Sent from my Android phone with EMAIL 4 MM.

No comments: