မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, October 1, 2013
ဒေါ်စုဘယ်တော့မှမပြတ်သားပါ
ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့မှ မပြတ်သားပါ
---------------------------------------------------------
တစ်နေ့က အွန်လိုင်းပေါ် ဗီဒီယိုဖိုင်တစ်ခု တက်လာတာတွေ့ရတယ်
သတင်းထောက်တစ်ယောက်က ဒေါ်စုကို အမျိုးစောင့်ဥပဒေနဲ့
ပက်သက်ပြီး ထောက်ခံမှု ရှိလား မရှိလား ဆိုပြီးမေးတယ်..........။
ဒေါ်စုမှ တိုင်းပြည်အတွက်အကျိုးရှိရင် ထောက်ခံမယ် မရှိရင် မထောက်ခံဘူး ဆိုပြီး
ပြန်ဖြေသွားတယ် ။ အဲဒီစကားကိုပဲ ဒေါ်စု နလဗိန်းတစ်သိုက်က ပြတ်သားတဲ့အဖြေ ဆိုပြီး
အမွှမ်းတွေတင်ကြ ရေးကြတယ်.......။
ပြတ်သားတဲ့ စကားဆိုတာ အဲဒီလို မတင်မကျ မဖြေရပါဘူး
အမျိုးစောင့်ဥပဒေဟာ တိုင်းပြည်အတွက် အကျိုးမရှိနိုင်လို့ မထောက်ခံဘူး..။
အမျိုးစောင့်ဥပဒေဟာ တိုင်းပြည်အတွက် အကျိုးရှိလို့ ထောက်ခံတယ်
တစ်ခွန်းပဲ ရဲရဲဖြေရမှာပါ.........။အခုကျ ဗူးသီး သီးရင် အရီးတော်မယ်
မသီးရင် မတော်ဘူးလို့ ပြေတာနဲ့ အတူတူပါ.......။အဲဒါလား ပြတ်သားတာလား ။
နောက်သတိထားမိတာ တစ်ခု အဲဒီဗီဒီယိုကို သေချာပြန်နားထောင်ကြည့်ပါ
ဒေါ်စုဖြေလိုက်တဲ့ အသံနေအသံထားပေါ်မှာ ဘယ်လိုအသံစနစ်ပဲဘက်ရောက်နေသလဲဆိုတာ
ခင်ဗျားတို့ မသိရင် ကျနော်ပြောပြမယ် မေးလို့သာ ဖြေလိုက်ရတယ်
တကယ်တော့ ကြောက်နေတဲ့ အသံမျိုးပဲ...မယုံရင် အသံနဲ့ပက်သက်တဲ့ ဆရာကြီးတွေလိုက်မေး
ပြောချင်တာက...မပြတ်မသား ပြောတာကို တိကျပြတ်သားတယ်ဆိုပြီး
ဘ၀င်လေးကပ်နေတဲ့ သူတွေကိုပြောချင်တာပါ..။မြန်မာစာ မြန်မာစကားကို
ယုတ္တိဗေဒ သဘာဝဗေဒ လောက်သိအောင်တော့ လေ့လာလိုက်ကြဦး......................။
***********ချီးဘရိန်းတွေ *************
Subscribe to:
Post Comments (Atom)
No comments:
Post a Comment