Wednesday, October 2, 2013

ဗိုလ်ချုပ်မူးကြီးမလေးရှားသို့သွားရောက်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဘုရင်မှပေးအပ်သည့် Honourary Malaysian Armed Forces Order For Valour (First Degree)-Gallant Commander of Malaysian Armed Forces ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် စက်တင်ဘာ ၃၀ ရက် နံနက်က နေပြည်တော်မှ မလေးရှားနိုင်ငံသို့ မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၅၀ တွင် ကွာလာလမ်ပူမြို့ မလေးရှား တပ်မတော်လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းနိုင်ငံသို့လည်း စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ် အတွင်း၌ ထိုင်းဝန်ကြီးချုပ် မစ္စရင် လက်ရှင်နာဝပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tanasak Patimapragorn တို့ကို တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး အကောင်းဆုံးရှိချိန် နယ်နိမိတ်တိုင်းတာရေး ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်စပ်ပြဿနာများအား ပူးပေါင်းဆောင်ရွက် ဖြေရှင်းရန်တို့ကို ဆွေးနွေးခြင်းနှင့် 1st Thailand-Myanmar High Level Committee Meeting သို့ တက်ရောက်ကာ ဆွေးနွေးခဲ့သည်။

No comments: