Friday, September 20, 2013

ရေစစ်သုံးမျိုး

ရေစစ်သုံးမျိုး လွန်ခဲ့သော နှစ်ပေါင်းများစွာက ဂရိနိုင်ငံမှာ ဒီဂရိတွေးခေါ်ပညာရှင် ဆိုကရေးတီးဟာ အလွန်ပင် ပညာဗဟုသုတကြွယ်ဝသူရယ်လို့  သတ်မှန်ခြင်းကို ခံရသူဖြစ်တယ်။ တစ်နေ့ မှာ ဆိုကရေးတီးနဲ့ ရင်းနှီးနေတဲ့ မိတ်ဆွေတစ်ယောက်က ဒီဂရိတွေးခေါ်ပညာရှင် ဆိုကရေးတီးနဲ့ လမ်းမှာ ဆုံတွေကြပါတယ်။ ဆုံတဲ့အခါမှာ…မိတ်ဆွေက ဆိုကရေးတီးအား ”ပညာရှင်ကြီး၊ ခင်ဗျား သူငယ်ချင်း အကြောင်းကို ကျွန်တော်ကြားခဲ့တယ်။ ခင်ဗျားသိပါသလား…” လိုမေးလိုက်ပါတယ် ။ အဲဒီအခါမှာ ဆိုကရေးတီးက ”နေပါဦး။ ခင်းဗျား ကျွန်တော်ကို ကျွန်တော်သူငယ်ချင်း အကြောင်း ဘာမှမပြောခင် ရေစစ် သုံးမျိုးနဲ့ စစ်ဆေးချင်ပါတယ်” လိုပြန်ပြောလိုက်ပါတယ် ။ အဲဒီတော့ ဆိုကရေးတီးနဲ့ ရင်းနီးတဲ့ မိတ်ဆွေက ဘယ်လို ရေစစ်သုံးမျိုနဲ့ စစ်မှာလဲ” လို ဆိုကရေးတီးကို မေးလိုက်ပါတယ် ။ ထိုအခါ ဆိုကရေးတီးက ”ဟုတ်ပါတယ်၊ ခင်ဗျား ပြောမယ့် ကျုပ်သူငယ်ချင်း အကြောင်းကို ခင်ဗျား ကျွန်တော်ကို မပြောခင် ခင်ဗျား ကျွန်တော်ကို ဘာအကြောင်းတွေများပြောမလဲလို့ အချိန်ခဏလေးယူပြီး သုံးသပ်ကြည့်ရအောင်” လို သူ့မိတ်ဆွေကို ပြန်ပြောလိုက်ပါတယ် ။ ”ပထမရေစစ်ကတော့ အမှန်တရားဆိုတဲ့ ရေစစ်ပါပဲ ။ အခု ခင်ဗျား ကျွန်တော်ကိုပြောမယ်ဆိုတဲ့ အကြောင်းအရာတွေက အမှန်တကယ် မှန်ကန်တယ်ဆိုတာ ခင်ဗျား သေသေချာချာသိပါသလား” လိုဆိုကရေးတီးက မေးလိုက်ပါတယ် ။ အဲဒီလိုမေးလိုက်တော့ ဆိုကရေးတီးရဲ့ မိတ်ဆွေက ” ကျွန်တော်လည်းအတိအကျတော့ မသိပါဘူး။ လမ်းသွားရင်း သူများတကာတွေပြောတာကို ကျွန်တော်ကြားလာလို ဆိုကရေးတီးကို ပြန်ပြောမလိုပါ” လို ပြန်ဖြေလိုက်တယ်။ ဆိုကရေးတီူးက ”အဲဒါဆိုရင်လည်း ကောင်းပါပြီ အခု ခင်ဗျားပြောမယ့် အကြောင်းအရာတွေ တကယ်မှန်တယ် မမှန်ဘူးဆိုတာ ခင်ဗျားအတိအကျ တကယ်မသိဘူးနော်” လိုမေးပြီး ”ပထမ ရေစစ်နဲ့ လွဲချော်သွားပါပြီး ဒုတိယ ရေစစ်နဲထပ်မံပြီး စစ်ကြည့်ပါအုံး” လို သူမိတ်ဆွေကိုပြန်ပြောလိုက်ပါတယ် ။ အခုဒုတိယစစ်မယ့် ရေစစ်ကတော့ ကောင်းမွန်ခြင်းဆိုတဲ့ ရေစစ်ပဲဖြစ်ပါတယ်။ ”အခု ခင်ဗျား ကျွန်တော်ကို ပြောမယ့် ကျွန်တော်ရဲ့သူငယ်ချင်းရဲံ အကြောင်းဆိုတာ ကျွန်တော့်သူငယ်ချင်းရဲ့ ကောင်းမွန်တဲ့အကြောင်း အရာတွေဖြစ်ပါသလား” လို ဆိုကရေးတီက သူ့မိတ်ဆွေကိုမေးလိုက်ပါတယ် ။ အဲဒီအခါမှာ ဆိုကရေးတီးရဲ့ မိတ်ဆွေက် ”အဲလိုမျိုး ကောင်းမွန်တဲ့ အကြောင်းအရာ တစ်ခု မဟုတ်ပါဘူး ” လို ဆိုကရေးတီးကို ပြန်ဖြေပေးခဲ့ပါတယ် ။ အဲဒီတော့ ဆိုကရေးတီးက ”ဒါဆိုရင်တော့ ခင်ဗျားက ကျွန်တော့်သူငယ်ချင်းရဲ့ မကောင်းတဲ့အကြောင်းတစ်ခုခုကို ပြောချင်နေတာဖြစ်ပြီး အဲဒီပြောမယ့် အကြောင်းအရာက မှန်လား မှားလား ဆိုတာမျိုးလည်း ခင်ဗျားက သေသေချာချာ မသိဘူး၊ အဲဒီတော့ ပထမ ရေစစ် ဒုတိယ ရေစစ် နှစ်ခုလုံးနဲ့ လွဲချော်သွားပါပြီး နောက်ဆုံး ရေစစ်နဲ့ ထပ်မံပြီး စစ်ကြည့်ပါအုံးမယ်” လို ပြောလိုက်ပါတယ် ။ တတိယမြောက် ရေစစ်ကတော့ အသုံးဝင်မှု ဆိုတဲ့ ရေစစ်ပဲဖြစ်ပါတယ် ။ ”အခု ခင်ဗျား ကျွန်တော်ကို ပြောချင်နေတဲ့ ကျွန်တော့်သူငယ်ချင်း အကြောင်းအရာဆိုတာက ခင်ဗျားအတွက်ရော ကျွန်တော့်အတွက်ရော အသုံးဝင်မှု ရှိပါရဲ့လား” လို ဆိုကရေးတီးကမေးလိုက်ပါတယ် ။ အဲဒီလိုမေးလိုက်တော့ ဆိုကရေးတီးမိတ်ဆွေဖြစ်သူက ” တကယ်တော့ အခု ကျွန်တော်ပြောမယ့် ခင်ဗျားသူငယ်ချင်းအကြောင်းအရာက ကျွန်တော့အတွက်ရော ခင်ဗျားအတွက်ပါ အသုံးဝင်မယ့် အကြောင်းအရာမျိုးတော့ မဟုတ်ဘူး” လိုပြန်ဖြေလိုက်ပါတယ် ။ အဲဒီတော့ ဆိုကရေးတီးက ”ကောင်းပြီ။ ခင်ဗျား ကျွန်တော်ကို ပြောချင်နေတဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်းအရာတွေက မှန်လားမှားလားဆိုတာလည်း ခင်ဗျားက မသေချာမသိဘူး၊ ပြီးတော့ ကျွန်တာ့်သူငယ်ချင်းရဲံ ကောင်းမွန်တဲ့အကြောင်းအရာလည်းမဟုတ်ဘူး၊ ခင်ဗျားနဲ့ ကျွန်တော်အတွက်လည်း အသုံးမ၀င်တဲ့အကြောင်းအရာတွေဖြစ်နေတယ် ။ အဲဒါဆိုရင် ဘာကြောင့် ကျွန်တော်ကို ပြောနေဦးမှာလဲ” လိုပြန်ပြီးမေးလိုက်ပါတယ် ။ ”အခု ခင်ဗျားပြောမယ့် အကြောင်းအရာတွေက ရေစစ် သုံးမျိုးလုံးနဲ့ မကိုက်ညီပါဘူး။ ရေစစ် တစ်မျိုးမျိုးနဲ့ ကိုက်ညီခဲ့ရင်တော့ ကျွန်တော် နားထောင်ပေးမှာပါ” လို ဆိုကရေးတီးက သူ့မိတ်ဆွေကို ပြောလိုက်ပါတယ် ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ နေစဉ်ကြားနေရတဲ့ အကြောင်းအရာတွေကို အခုလို ရေစစ် သုံးမျိုး (မှန်ကန်ခြင်း၊ ကောင်းမွန်ခြင်း၊ အသုံးဝင်ခြင်း) နဲ့ စစ်ဆေးသင့်ပါတယ် ။ ရေစစ် သုံးမျိုးလုံးနဲ့ ကိုက်ညီမှု မရှိလျှင်တော့ အဲလို အကြောင်းအရာမျိုးကို လက်မခံဖို အကြံပြုလိုပါတယ် Book

No comments: