Saturday, September 21, 2013

အားလားလား အတဲ့ကောင်းခံ

ဗိုလ်မှူးရာထူးရှိသူဟုဆိုပြီး မြေကွက်ရောင်းဝယ်ဖို့ ယုံအောင်ပြောကာ သိန်းတစ်ထောင်လိမ်ယူ ____________________________ 21.9.2013 ဗိုလ်မှူးနှင့် ၎င်း၏ဇနီးပါဟုဆိုကာ စုံတွဲတစ်တွဲက ၎င်းတို့ပိုင်မြေကွက်များ ရောင်းမည်ဆိုပြီး ကျပ်သိန်း တစ်ထောင်ကို လိမ်ယူသွားခဲ့သည်ဟု စက်တင်ဘာ ၁၈ ရက်တွင် လာရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်အောက်တိုဘာ ၂၇ ရက်ကလာရောက်လိမ်လည်ခြင်းဖြစ်ပြီး ပဲခူးမြို့နယ်နေသူ ဇနီးမောင်နှံနှစ်ဦးတို့က လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု ဗဟန်းမြို့နယ်နေ တရားလိုဖြစ်သူ အမျိုးသမီးက အမှုဖွင့်ရာတွင် ထွက်ဆိုထားခြင်းဖြစ်သည်။ ဗဟန်းမြို့နယ်နေ တရားလိုဖြစ်သူ အမျိုးသမီး၏ အိမ်သို့ လာရောက်ခဲ့သူ ဇနီးမောင်နှံမှ အမျိုးသားဖြစ်သူက ၄င်းသည် ဗိုလ်မှူးတစ်ဦးဖြစ်ပြီး ပဲခူးမြို့ ဟံသာဝတီလေဆိပ် အနီး အိမ်ရာစီမံကိန်းတွင် ၄င်းဇနီး အမည်ပေါက်ပိုင် မြေကွက် (၂၆၈၀) ဧကကိုအမည်ပြောင်း အပြီးအစီး ငွေကျပ်သိန်း (၇၀၀၀) ဖြင့် ရောင်းချလိုကြောင်း ယုံကြည်အောင် ပြောဆိုခဲ့သည်ဟု ဆိုထားသည်။ ထို့ကြောင့် ၀ယ်ယူရန်သဘောတူခဲ့ပြီး စရန်ငွေအဖြစ် တရားလိုက ငွေကျပ်သိန်းတစ်ထောင်ကို စာချုပ်ချုပ်ဆိုပေးအပ် ခဲ့ပြီး ကျန်ငွေအား (၂)ပတ်အတွင်း ပေးချေမည်ဖြစ်ကြောင်းနှင့် မြေကွက်ကိုလည်း အဆိုပါ ဇနီးမောင်နှံက (၂) ပတ်အတွင်း အမည်ပေါက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။ သို့သော် အဆိုပါဇနီးမောင်နှံမှာ ယနေ့အချိန်ထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ဗိုလ်မှူးဟု ပြောဆိုခဲ့သူ အမျိုးသားမှာလည်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကွယ်လွန်သွားပြီး ဗိုလ်မှူးတစ်ယောက် မဟုတ်ကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်တန်းလိုက်ခြင်းလည်းဖြစ်သည်။ ယင်းတိုင်တန်းမှုကို ဗဟန်းရဲစခန်းက (ပ)၃၇၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူများအား ဖမ်းဆီးစစ်ဆေးရန် လုပ်ဆောင်လျက်ရှိပြီး ဖမ်းမိစစ်ဆေး၍ ဟုတ်မှန်ပါက လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် တရားစွဲတင်မည်ဖြစ်သည်

No comments: