Sunday, September 15, 2013

သွေးခွဲနေသူများသတိထားကြပါ

သွေးခွဲနေသူများကို သတိထားကြပါ။ ===================== (၂၅) ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကတို့အား ဆန္ဒပြမည်ဟု Viber တွေမှာ လက်လံသတင်းဖြန့်လျှက်ရှိသည်။သို့သော် စတင်လျှံ့ဆော်သူသည်မည်သူဖြစ်သည်ဟူ၍ နာမည်တပ်၍ လှုပ်ရှားခြင်းမျိုးမဟုတ်၊နောက်ဆုံး Facebook စာမျက်နှာပေါ်တွင်လည်း တာဝန်ယူသတင်းဖြန့် ဦးဆောင်သူမရှိ။မြန်မာများထဲမှ တက်ကြွသူ၊ပညာဉာဏ်နည်းပါးသူသည် ရှေ့က အာဘောင်အာရင်းသံသံဖြင့် ပြောဆိုလိုက်လျှင် ထိုသူသည် ဦးဆောင်သူလိုလိုဘာလိုဖြစ်သွားပေလိပ်မည်။ထိုသို့ ကောက်ကျစ်ယုတ်မာသောအကြံဖြင့် မြန်မာအချင်းချင်း၊တိုင်းရင်းသားအချင်းချင်း သံဃာတော်အချင်းချင်း သွေးခွဲ၍ ၄င်းတို့အခွင့်အရေးအရယူသွားကြသည့် အဖြစ်အပျက်များမှာ သမိုင်းတွင်များစွာရှိခဲ့ပါသည်။သတိပညာ၊ဖြင့်ကျနသေခြာ သုံးသတ်မည်ဆိုက ၄င်းဝါဒဖြန်မှု၏ လက်သည်တရားခံကိုတွေ့ရှိရပေလိပ်မည်။ ထို့ကြောင့် ပညာတရားကြီးကြီးထားကာ သံဃာတော်များကွဲပြားကာ မသမာသူတို့၏ အကွက်ချ ထောင်ခြောက်အတွင် မကျမရောက်အောင် ဆရာ-ဒကာလက်တွဲကာဖြင့် သာသနာ့ရန်စွယ် မသမာသူလူတစု၏ လက်တွင်းမကျရောက်စေပဲ ညီညာဖျဖျလက်တွဲကြပြီး အမျိုးဘာသာ၊သာသနာအကျိုး သည်းပိုးကြပါကုန်စို့။ Credit ဓမ္မ၀ီရ အရှင်တေဇနိယ၊ ဗုဒ္ဓဂယာ၊အိန္ဒိယ From သာသနာနွယ် သာသနာနွယ်

No comments: