Thursday, September 19, 2013

နှောက်တွယ်ရင်ချောင်ကွယ်မှာငိုရမယ်

နှောင်တွယ်ရင်ချောင်ကွယ်မှာငိုရမယ် =================== နုတ်ဆက်ထွက်ခွာသွားသူနဲ့ လက်ပြကျန်ရစ်ခဲ့သူဘယ်သူ ပိုဝမ်းနည်းရပါသလဲ ။ ထွက်ခွာသွားသူက ပိုသံယောဇဉ်ကြီးရင် သူပိုဝမ်းနည်းရမှာပါ ။ ကျန်ရစ်ခဲ့သူက ပိုသံယောဇဉ်ကြီးရင် သူပိုဝမ်းနည်းရမှာပါ ။ နှစ်ယောက်စလုံးညီတူသံယောဇဉ်ကြီးရင်တော့ နှစ်ယောက်စလုံးညီတူဝမ်းနည်းရမှာပါ ။ လမ်းခွဲမှာ ဝမ်းနည်းစရာမလိုအောင် သံယောဇဉ်နှောင်ကြိုးတွေကို အတတ်နိုင်ဆုံး ဖြေလျှော့လိုက်ကြစို့လားကွယ် ။ (ဆရာတော်အရှင်ဆန္ဒာဓိက)

No comments: