Saturday, September 14, 2013

ယုဇနပလာဇာမှာသရဲတဲ့

ယုဇနပလာဇာမှာ ညညဆို သရဲခြောက်ကောင်သောင်းကျန်း၍ ပဋ္ဌာန်းပွဲပြုလုပ် Friday, September 14, 2013 ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတာတဲ့။ ဈေး လုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံး ဆရာတော်ကြီးများပင့်ပြီး အသံမဆဲ ပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက်တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။ ဇတ်လမ်းက ဒီမှာစတော့တာ ပဋ္ဌာန်းပွဲ အပြီးရေစက်ချ အမျှဝေနေ တုန်း တရားနာနေတဲ့ ရှေ့ဆုံးက အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး လို့အော်လိုက်တဲ့အသံကြီးဟာ ကျယ်လွန်းအားကြီးလို့ မိုက်ကလိုဖုန်းကနေတဆင့် ဈေးတစ်ဈေးလုံးကြားလိုက်ရတယ်။ အမျိုးသမီးကြီးဟာ ယိမ်းယိမ်းယိုင်ယိုင်နဲ့ မျက်နှာအောက်ငုံပြီး ဖင်တရွတ် တိုက်ဆွဲပြီး အပြင်ထွက်တဲ့ အပေါက်ဝဘက်ကို တရွေ့ရွေ့သွားတယ်။ တရားဟောနေတဲ့ ဆရာတော်က နင်ဘယ်သူတုန်း၊ ဒီဘက်ကိုလှည့်စမ်း ဆိုလည်း မျက်နှာကိုလုံးဝမပြတော့ဘူးတဲ့၊ အပေါက်ဝဘက်ကိုဘဲ သွားဖို့ကြိုးစားနေတယ်တဲ့။ ဆရာတော်က အသံမာမာနဲ့ ဟိန်းဟောက်ပြောတော့ မှ ဆရာတော်ဘက်ကိုလည့်လာ တယ်တဲ့။ မျက်နှာကိုတော့ လုံးဝမပြဘူးတဲ့။ဆရာတော်က နင်ဘယ်သူတုန်း၊ နင်ဘာဖြစ်နေတာတုန်းလို့မေးတော့မှ ဘလုံးဗထွေးလေသံ နဲ့ ဈေး မှာနေတဲ့ သူရဲမပါ။ သူတို့မှာနေစရာမရှိလို့နေစရာပေးပါ။ ဒီဈေးမှာ သူတို့ခြောက်ယောက် ရှိတယ်။ သူတို့ကိုအုပ်ချုပ်တဲ့ သူရဲကြီးက နေစရာ မပေးလို့သွားစရာမရှိပါဘူး။ နေစရာပေးပါ၊ လူတွေကို ဘာမှမလုပ်ပါဘူး လို့ပြောတယ်တဲ့၊ ဆရာတော်က ဒါဆို အပေါ်ဆုံးထပ်ခုနှစ်လွှာမှာနေ ဆိုပြီး နေရာပေးလိုက်တယ်တဲ့။ ခုနှစ်လွှာကတော့ လူမနေပါဘူး၊ ပစ္စည်းတွေ ထားတဲ့ ဂိုတောင်တွေဘဲရှိတာပါ။ ကြားရတာ တမျိုးကြီး ဘဲ ဗျာ ဒီခေတ်ကြီး ထဲမှာ ဒီလိုတွေရှိနေတယ်ဆိုတာ မယုံချင်ပေမယ့် အခုအဖြစ် အပျက်ကြီး က ဒီနေ့ဒါကယ်ဖြစ်တာဆိုတော့ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး......။ From: kyaw Swarwin mmdailystar

No comments: