ထိုင်းငါးခိုးလှေ ဖြစ်စဉ်အကျဉ်း ( News of Myeik မှ ကူးယူဖော်ပြသည်) တနသာင်္ရီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၅၇) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီး) ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်မှူးဇော်ဇော်ကျော် ဦးစီး ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) မှ ၂၁.၉.၂၀၁၃ ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဝင်ဖမ်းသော ယိုးဒယားငါးခိုးဝါးလတ် ယာနားသံသီးပါ ၀ဲဘက်အစီး လက်ကူးလှေအား US Rifle, Cal .30 M1 အမျိုးအစား သေနတ် (၁)လက်၊ ၀.၃၀ လက်မ ကျည် ၈ တောင့်ပါ ကျည်ကဒ် ၂၈ ခုနှင့် ၀.၃၀ လက်မ ကျည် စုစုပေါင်း (၂၂၀)တောင့်တို့အား တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော USAGI နှင့် PABUK မုတ်သုန်မုန်တိုင်း သတိပေးချက်များ အမြင့်ဆုံးထုတ်ပြန်ထားချိန် (လှိုင်းအမြင့် ၂ မက် မှ ၃ မက်ကျော်) ကြေညာထားသည့် ရာသီဥတုလှိုင်းလေပြင်းထန်ပြီး မိုးသက်မုန်တိုင်းများ သည်းထန်စွာ ကျရောက်နေချိန်တွင် ယိုးဒယားငါးခိုးဝါးလတ်လှေမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကာ နှစ်ဘက်အပြန်အလည် ထိတွေ့ပစ်ခတ်မှုများအကြားမှ စစ်ရေယာဉ်၊ လူ၊ လက်နက် အထိအခိုက် အကျအဆုံး၊ အပျက်အစီးမရှိဘဲ မြန်မာ့ရေပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ယိုးဒယားငါးခိုးဝါးလတ် လက်ကူးလှေအား တရားခံမဲ့ဖမ်းဆီးရမိခဲ့။ ယခုအချိန်တွင် စစ်ရေယာဉ် (၄၂၆) သည် ဇာဒက်ကြီးစခန်းအတွင်း ရောက်ရှိ အခြေပြုကာ နှစ်ဖက်အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ရေယာဉ်အား ပြန်လည်ကြံ့ခိုင်မှုများပြုလုပ်လျက်ရှိနေပါသည်။ ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) မှ ဖမ်းဆီးရမိခဲ့သော တရားမ၀င်ငါးခိုးဝါးလတ်လှေသည် ကော့သောင်းမြို့နယ် ဆလုံကျွန်းအနောက်ဘက် ရေတိမ်ကုန်းနေရာများ၊ ဇာဒက်ကြီးကျွန်း အရှေ့ဘက်ရေပြင်နှင့် ယိုးဒယားရေစပ်မျဉ်းတစ်လျှောက်၊ ငှက်သိုက်ကျွန်းနှင့် ကြက်မောက်ကျွန်းဝန်းကျင်နေရာများသို့ အုပ်စုလိုက် အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းလေ့ရှိပြီး ဒေသခံမြန်မာပိုက်လှေငယ်များ၊ မြန်မာငါးဖမ်းလှေငယ်များ၊ ငါးမြှုန်းလှေငယ်များအား မကြာခဏ ဆိုသလို လက်နက်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အနိုင်ကျင့်နေသည့် ယိုးဒယားနိုင်ငံ ရနောင်းခရိုင်မှ လိုင်စင်မဲ့ ငါးခိုးလှေများအုပ်စုအနက်မှ (၁)စီးဖြစ်ကြောင်း သတင်းရရှိပါ သည်။ Photo: ထိုင်းငါးခိုး ပုံစံတူလှေများ။
No comments:
Post a Comment