မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, September 21, 2013
ရူးတိုးတိုွးှူ
ရူးတိုးတိုး...ကွဲနေသည်
မောင်.... မောင်ကျွန်မကိုလုပ်ရက်တယ်နော်...
(လမ်းခွဲတာကိုပြောပါတယ်....တမျိုးမထင်ပါနဲ့ ရှင်းပြရတာ....feel အောက်တယ်)
မောင်ရယ်.ကျွန်မကိုမပစ်ဘူး မပစ်ဘူးဆိုပြီး
လက်ထဲမှာက ခဲကြီးနဲ့
ငါးစိမ်းမြင်လို့ငါးကင်ပစ်သွားတဲ့ မောင်ကိုကျွန်မဘယ်လိုနားလည်ရမှာလဲ..
ဒါတွေပြောနေလဲ.မောင့်အတွက်ကျွဲပါးစောင်းတီးဖြစ်နေမှန်းသိပေမဲ့.
မာင်ရယ်ကျွန်မပြောပါရစေ..
မစားရတဲ့အမဲသဲနဲ့ပတ်တယ်လို့ပဲပြောပြော..ကျွန်မပြောပါရစေ.
မာင်ကလေကျွန်မကိုစတွေ့တုန်းက..
ချစ်တယ်ချစ်တယ်ဆိုပြီး ခရားရေလွှတ်တတွတ်တွတ်ပြောခဲ့တာ
ငါးကြော်မကြိုက် ကြာင်မိုက်ဆိုသလို
မောင့်လိုဥစ္စာပေါ..ရုပ်ချောကိုမှပြန်မကြိုက်ရင်
ကျွန်မလူမိုက်ဖြစ်သွားမှာပေါ့
မောင့်ကိုပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးဆိုပြီးသူငယ်ချင်းတွေတားနေတဲ့ကြားထဲက
ငါ့လှေငါထိုး.ပဲခူးရောက်ရောက်
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီး
မောင့်ကိုကျွန်မလက်ခံခဲ့တာလေ
ဒါပေမယ့်
မောင်နောက်ကျတော့
ကျောချမှ ဓားပြမှန်းသိ
ဖွတ်ထွက်မှတောင်ပို့မှန်းသိသလို
မောင့်အကြောင်းတွေသိခဲ့ရတယ်
မောင်ဟာကျွန်မနောက်ကွယ်မှာ
ငါးရံနှစ်ကောင်တပြိုင်နက်ဖမ်းနေတယ်ဆိုတာပဲ
ကျွန်မနဲ့ထိပ်တိုက်တွေ့တာတောင်မှမောင်က
ဆင်သေကိုဆိတ်သားရေနဲ့ ဖုံးချင်သေးတယ် သူငယ်ချင်းတွေကတော့ပြောပါတယ်အပြစ်တင်ကြတယ်
ကိုယ်စိးတဲ့မြင်းအထီးမှန်းမသိ အမမှန်းမသိတဲ့ မောင်ရယ်အဲဒီတုန်းကကျွန်မမေးလိုက်ရမှာ
ခိုးစားတဲ့အသီးချိုတယ်ဆိုတာဟုတ်လားလို့
ဒါပေမယ့် မောင့်ရဲ့အဲဒီအချိန်ကမျက်နှာကိုမြင်လိုက်ရတော့
ကျွန်မလေ ပျက်အစဉ်ပြင်ခဏဆိုပြီး မောင့်ကိုခွင့်လွတ်ခဲ့တယ်....
မောင့်ကလဲကျွန်မကို ယုံအောင်အယုံသွင်းခဲ့တာကိုး
ခွေးစကားပုဏ္ဏားယုံ ဆိုသလိုမောင့်စကားကိုကျွန်မ..ချစ်တဲ့စိတ်နဲ့လုံးဝယုံခဲ့တယ်မောင်
နောက်တော့ မောင်က....ဒုံရင်းကဒုံရင်းပါပဲ
ဘယ်သုမပြုမိမိမှု ဆိုသလို မောင့်ကိုအပြစ်မတင်ပါဘူး..
အရိပ်ပြလို့မှအကောင်မမြင်တဲ့ကျွန်မအပြစ်ပါဘဲ
ကျွန်မလေမောင်ကျွန်မကို..လမ်းခွဲစကားပြောတဲ့အချိန်မှာလေ..
ကလေးကျမှလှေကားထောင် သူခိုးပြေးမှထိုးကွင်းထဆိုသလို..
ဘာလုပ်ရမှန်းကိုမသိတော့ဘူးမောင်
အခုတော့ကျွန်မခံနိုင်ရည်ရှိသွားပါပြီ
ကျွန်မဘယ်သူကိုမှဒီအကြောင်းတွေမပြောချင်ဘူး
ဟောင်လွန်းသည့်ခွေးလူမလေး ဆိုသလို ကျွန်မကိုပတ်ဝန်းကျင်ကမုန်းသွားလိမ့်မယ်
ပြီးတော့ကိုယ့်ငါချဉ်ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး.
ကျွန်မရဲ့အရည်အချင်းနဲ့ မောင့်ထက်သာတာတော့အေးဆေးရနိုင်တယ်မောင်
သိသာသိစေမမြင်စေနဲ့လိုပဲဆိုဆို
ကျွန်မကတော့မောင့်ကိုစိန်ခေါ်လိုက်တယ်
အမိမဲ့သားရေနဲငါးလိုမျိုး..
ကျွန်မကိုစိတ်ဓါတ်ကျတယ်မထင်ပါနဲ့
မောင်လည်း လည်လွန်းတဲ့ဘီးချီးသင့်နေဦးမယ်နော်
အဲဒီအချိန်မှ လွတ်သွားတဲ့ငါးကပိုကြီးတယ်ဆိုပြီးပြန်လာရင်တော့..
ကျွန်မကလက်ခံမယ်များမှတ်နေလား.
ကတုံးပေါ်ထိပ်ကွက်တော့ကျွန်မမလုပ်ရက်ပါဘူး
ငါးကြင်းဆီနဲ့ငါးကြင်းကြော်ရုံလေးပါ
မောင်အခုကျွန်မလေ မောင်မရှိတဲ့အချိန်မှာပျော်ပျော်နေသေခဲဆိုပြီးပျော်နေတယ်ဆိုတာတော့သိထားပါ
ပုဆိုးကြားကလက်သီးပြတယ်လို့မထင်ပါနဲ့
မောင့်ကိုနောက်ဆုံးသတိပေးချင်တာကတော့
အခုခေတ်ကလေ
ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်ဆုးပေါ်ဖက်ကျလည်းဖက်ပေါက်ဆိုတဲ့ခေတ်မဟုတ်ဘူးနော်
ဥပေါ်ခဲကျလည်းဥပဲကွဲတာခဲပေါ်ဥကျလည်းဥကွဲတဲ့ ခေတ်ရောက်နေပြီဆိုတာပါ
Credit to zero
Subscribe to:
Post Comments (Atom)
No comments:
Post a Comment