Saturday, September 14, 2013

တန်းဖိုရှိသောစကားများ

(Must Read Article of the Day) *** စစ်မတိုက်မီ စကားပြောသော ယဉ်ကျေးမှု *** ===========================ှုသရ၀ဏ်(ပြည်) ၄.၉.၂၀၁၃ နေ.ည က အမေရိကန်ကွန်ဂရက်လွှတ်တော်၌ ကြားနာပွဲတစ်ခုကျင်းပပြုလုပ်ပုံကို CNN သတင်းဌာနမှ တိုက်ရိုက်ထုတ်လွှင်. ပြသရာ Sky Net ရုပ်သံ ကောင်းမှုဖြင်. အစမှအဆုံး တိုက်ရိုက်ကြည်.ရှုခွင်.ရခဲ.ပါသည် ။ မြန်မာစံတော်ချိန် ည ဆယ်နာရီခွဲ ( 16:00 GMT ) တွင် စတင်ပြောဆိုကြပါသည် ။ ပြောဆိုသောအကြောင်းမှာ ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက်ခွင်.ပြုသင်.မပြုသင်.ကို နိုင်ငံခြားရေးရာကော်မတီကကြားနာမှု ပြုကြခြင်းဖြစ်သည် ။ အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ၀င် များ တက်ရောက်လာကြပြီး ၊ အုပ်ချုပ်ရေးပိုင်းမှ နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ ၊ ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ် ၊ အမေရိကန်တပ်ပေါင်းစုသေနာပတိ ဗိုလ်ချုပ်ကြီး မာတင်ဒမ်ဆေး တို.တက်ရောက်ခဲ.ကြသည် ။ တနည်းအားဖြင်.ပြောရလျင် စစ်တိုက်မည်.ကိစ္စနှင်.ပါတ်သက်၍ အစိုးရတာဝန်ရှိသူများကို လွှတ်တော်ကခေါ်မေးခြင်းဖြစ်သည် ။ အမေးအဖြေများ ကိုရုပ်သံမှ တိုက်ရိုက်ထုတ်လွှင်.သည်အပြင် ကြိုတင်ဇာတ်တိုက်ထားသော ( မေးခွန်းကြိုပို.ထားရသော ) မေးခွန်းနှင်.အဖြေများမဟုတ်ပဲ လူပုံအလည်ရောက်မှ ချက်ချင်းမေး ချက်ချင်းဖြေရသည်များဖြစ်သောကြောင်. အလွန်ကြည်.လို.ကောင်းကာ ကြည်.ရင်းကြည်.ရင်း ညသန်းခေါင်ကျော်၍ နံနက် (၂) နာရီထိုးသည်ကိုပင် သတိမထားမိပါ ။ သတင်းစာထဲတွင်မကြာခနဖတ်ဖူးသော အမေရိကန်ပြည်ထောင်စုမှ အထက်လွှတ်တော်ကြားနာပွဲဆိုတာ ဒီလိုမျိုးပါလားဟု နဖူးတွေ.ဒူးတွေ. လေ.လာရပါသည် ။ ပြောကြသောစကားများ၊မေးကြသောမေးခွန်းများမှာ ပွင်.လင်း မြင်သာရှိလွန်းသောကြောင်. မည်သူမျှ အိပ်ငိုက်ဖို.အချိန်မရ ။ ပျင်းစရာမကောင်း ။ စက္ကန်.တိုင်းအသက်ဝင်နေသည် ။ စစ်မတိုက်မီ ဘာကြောင်.တိုက်ချင်သည် ၊ ဘယ်လိုတိုက်ချင်သည် ၊ ဘယ်လောက်အထိ အကုန်အကျရှိမည် ၊ဘယ်သူတွေကငွေပေးမည် ၊ မတိုက်လျင်ဘာဖြစ်နိုင်သည် ၊ တိုက်လျင် ဘာဆက်ဖြစ်နိုင်သည် ဆိုသည်များကို ဘက်စုံထောင်.စုံမှ ရေပက်မ၀င်အောင် အမတ်မင်းများကမေးမြန်းကြပြီး ၊ နိုင်ငံခြားရေးဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီး နှင်. ကြယ်လေးပွင်.ဗိုလ်ချုပ်ကြီးက စိတ်ရှည်လက်ရှည်ဖြေကြားသည် ။ မည်သူကမျှ မေးလွန်းရန်ကော ဟု မငြိုငြင် ၊ တပ်မတော်ကိုသိက္ခာချနေပါသည် ဟု ထမအော် ၊ လွတ်လွတ်လပ်လပ်ပင်ကိုယ်.အမြင်ကိုကိုယ်တင်ပြကြသည် ။လွှတ်တော် အမတ်တစ်ယောက်ကမေးရာတွင် “ ဆီးရီးယားပဋိပက္ခ မှာ ဘာဖြစ်လို. သူများတွေက၀င်မတိုက်ပဲ ကျုပ်တို.အမေရိကန်ကပဲ ၀င်တိုက်ရမှာလဲ၊ အမေရိကန်က ကမ္ဘာ. ပုလိပ်ကြီးလား“ ဟုမေးသည် ။ ထိုမေးခွန်းကို နိုင်ငံခြားရေးဝန်ကြီး က “ ဆီးရီးယားအစိုးရ ဟာ သြဂုတ်လ ၂၁ ရက်နေ.က ဒမတ်စကပ်မြို.မှာ အရပ်သား ၁၄၀၀ ကို ဆာရင်းအဆိပ်ငွေ.တွေသုံးပြီး သတ်ဖြတ်ခဲ.ပါတယ် ၊ အဲဒိထဲကမှ ၄၀၀ လောက်ဟာ ကလေးတွေဖြစ်ပါတယ် ၊ ဒါ.ကြောင်. ဒါမျိုးထပ်မဖြစ်အောင် တားဆီးရမယ်ဆိုတာ ကမ္ဘာ.နိုင်ငံတော်တော်များများ က သဘောတူကြပါတယ် ၊ အမေရိကန် ဟာ ဘုရားသခင်ရဲ.ကောင်းချီးပေးမှုကြောင်. အာဆတ်ကိုတိုက်နိုင်တဲ. စစ်ရေး စွမ်းအားကိုပိုင်ဆိုင်ထား ပါတယ် ၊ ဒါ.ကြောင်. ဒီတိုက်ခိုက်မှုမှာ အမေရိကန်တစ်ယောက်တည်းမဟုတ်ပါဘူး ၊ မဟာမိတ် ၃၂ နိုင်ငံပါပါတယ် “ ဟု ပြည်.ပြည်.စုံစုံဖြေကြားသွားပါသည် ။ ဒါကိုပင်မကြေနပ်သေးပဲ “ ၃၂ နိုင်ငံတောင်ပါတယ်ဟုတ်လား ၊ ကဲ အဲဒိနိုင်ငံတွေက ဘယ်သူတွေလဲ ပြောပြပါဦး “ ဟုထပ်ဆင်.မေးလိုက်သေးသည် ။ ၀န်ကြီးက သူ.မှာစာရင်းပါမလာသဖြင်. အလွတ်မပြောနိုင်ကြောင်း နေတိုးအဖွဲ.၀င်နိုင်ငံအားလုံး ပါဝင်ကြောင်းကျန်နိုင်ငံအမည်များကို နောက်တော.သူကြေငြာပေးပါ.မည်ဟု ရိုးရိုးသားသားပင် ဆင်ဝှေ.ရန်ရှောင်မဟုတ်ပဲ ဖြေကြားသွားသည် ။ ဤကြားနာပွဲကိုရုပ်သံမှ အသေးစိတ်ကြည်.ပြီးသောအခါ စဉ်းစားစရာ များစွာ ရလာပါသည် ။ အတုယူစရာများစွာကိုလဲတွေ.ရသည် ။ ပထမဆုံးတွေ.ရသည်မှာ တက်ရောက်လာသူအားလုံး၏ လွတ်လပ်စွာသဘောထားကွဲပိုင်ခွင်.ဖြစ်သည် ။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ် ရီ မိန်.ခွန်းပြောနေစဉ် သူ.နောက်တွင်ထိုင်နေသော ကြားနာပွဲသို. လေ.လာသူအဖြစ်တက်ရောက်လာသည်. အရပ်သားဧည်.သည်တော်များထဲမှ လူအချို.သည် လက်များကို မြှောက်ကာ အသံတိတ်ကန်.ကွက်ဆန္ဒပြနေကြသည် ။ သူတို.လက်ဖ၀ါးများကို သွေးစွန်းနေသော ပုံသဏ္ဍန်အဖြစ် အနီရောင် များ ခြယ်သထားကြသည် ။ သွေးစွန်းနေသော လက်များသည် နိုင်ငံခြားရေးဝန်ကြီး စကားပြောနေပုံကို ရုပ်သံမှ ရိုက်ပြတိုင်း မြင်နေရသည် ။ လက်များကို ပြန်မချပဲ ဆက်တိုက်မြောက်ပြထားကြသည် ။ နိုင်ငံခြားရေးဝန်ကြီးကလဲ ထိုသူများကို စိတ်မကွက်ပဲ“ အခု ကျွန်တော်.နောက်မှာထိုင်နေတဲ.လူတွေဆိုရင် ကျွန်တော် ပြောတာကိုသဘောမတူပါဘူး ၊ သူတို.စစ်ကိုဆန်.ကျင်တာ ကျွန်တော်အပြစ်မမြင်ဘူး ဒါပေမယ်. သူတို.စိုးရိမ်နေသလို ဆီးရီးယားကို အမေရိကန်မြေပြင်တပ်ဖွဲ.တွေ ၀င်မှာမဟုတ်ပါဘူး ၊ အကန်.အသတ်နဲ.ပဲ လေကြောင်းကတိုက်ခိုက်မှာပါ “ ဟု သဘောထားကြီးစွာ ၊ လူကြီးလူကောင်းပီပီသသပြုမူပြောဆိုခဲ.သည် မှာ အတု( ယူတတ်လျင် )ယူစရာကောင်းလှသည် ။ မြန်မာနိုင်ငံတွင်တော. ထိုသို.ကန်.ကွက်ပြုမူခဲ.လျင် ပါတီဝင်ဖြစ်က ပါတီမှအထုတ်ခံရမည်လား ၊ လွှတ်တော် ခန်းမထဲက မောင်းထုတ်ခံရမည်လား ၊ ရဲလက်သို.အပ်၍ တစ်ခါတည်းဖမ်းချုပ်မည် လား မသိပေ ။ နောက်တစ်ခုသတိထားမိသည် မှာ လွှတ်တော်၏တာဝန်သည် မေးခွန်းမေးရုံ ၊ အဆိုတင်သွင်းရုံ ၊ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရုံသာမက ၊ လွှတ်တော်တွင်း ကြားနာပွဲ များကိုသက်ဆိုင်ရာကော်မတီများက ပြုလုပ်ရမည်ဆိုသော လွှတ်တော်၏ တာဝန် ကို ပို၍ သသောပေါက်မိပါသည် ။ ကြားနာပွဲ ( Trstimony ) ဆိုသည်မှာ ကျွန်တော်တို.မြင်တွေ.နေရသော လွှတ်တော်တွင်းမေးခွန်းမေးသလို ကြိုတင်စာရေး၍မေး ၊ ပြီးတော. သက်ဆိုင်ရာ ၀န်ကြီး (သို.မဟုတ် ) ဒုဝန်ကြီးက ကြိုတင်ရေးလာသော စာများကိုဖတ်ပြ ဟူသော Process မျိုးမဟုတ် ။ ကိစ္စတစ်ခုကို ဟုတ်မဟုတ် မှန်မှန် အပ်ချမတ်ချ သေသေချာချာ သိချင်သောအခါ သက်ဆိုင်ရာ ၀န်ကြီး (သို.မဟုတ် ) ဖြေဆိုနိုင်သော ပြင်ပပုဂ္ဂိုလ်များကို လွှတ်တော် သို.ဖိတ်ခေါ်၍ ဘက်ပေါင်းစုံမှမေးမြန်းကြခြင်းဖြစ်သည် ။ မေးမြန်းပုံမှာ ( ဆီးရီးယားကိစ္စကိုပဲဥပမာပေးရလျင် ) ဖိတ်ခေါ် ခံရသော အရပ်ဘက် ၊စစ်ဘက်အရာရှိကြီးများသည် ကြိုတင်ရေးလာသော အစီရင်ခံစာများကိုကြည်.၍ အချက်အလက်နှင်.တကွ ပြည်.စုံစွာရှင်.လင်းတင်ပြကြရ၏ ။ ထိုသို.ကြေနပ်လောက်အောင် ကာယကံရှင်ဘက်မှ ရှင်းပြပြီးသောအခါ လွှတ်တော် ကိုယ်စားလှယ်များအလှည်.သို.ရောက်လာ၏ ။ ထိုအခါ ရေးရာ ကော်မတီများတွင် အဖွဲ.၀င်များ က တစ်ဦးလျင် အချိန်အကန်.အသတ် နှင်. ( တစ်ယောက် လျင် ငါးမိနစ်ခန်. မျှ ထင်သည် ) မေးခွန်းများကိုမေးခွင်.ရှိသည် ။ ထိုမေးခွန်းများမှာ မေးသူကကြိုတင်ပြင်ဆင်လာခွင်.ရှိသော်လည်း ဖြေသူက ချက်ခြင်းလက်တန်းဖြေရခြင်းဖြစ်သည် ။ တစ်ခွန်းနှင်.အားမရလျင် (အချိန်ရှိသေးက ) ဆက်ကာဆက်ကာမေးခွင်.ရှိသည် ။ ထိုသို.မေးကြဖြေကြသည် များကိုလည်း ရုပ်သံမှ တိုက်ရိုက်လွှင်.နေသည်ဖြစ်သောကြောင်. တို.၀န်ကြီးတော.ဖြီးဖျန်းချနေသလား ၊ သူမသိပဲ လျှောက်ပြောနေတာလား ၊ ဘာမှမသိပဲ တက်အုပ်ချုပ်နေတာလား စသည်ဖြင်. အများပြည်သူကတန်းသိတော.သည် ။ ထို.ကြောင်. ၀န်ကြီးဆိုသူရာထူးနေရာများကို သမ္မတက ပုဂ္ဂိုလ်ရေးခင်မင်မှုဖြင်. အရမ်းမပေးရဲ ၊ သက်ဆိုင်ရာနယ်ပါယ်တွင် ဒိတ်ဒိတ်ကျဲ တော်နေမှ ရာထူးခန်.ထားပေးရလေသည် ။ ကျွန်တော်ကြည်.ရသော ဆီးရီးယားအရေးကြားနာပွဲတွင် နိုင်ငံခြားရေး ၀န်ကြီး နှင်. ကာကွယ်ရေးဝန်ကြီးမှာ ညှပ်ပူးညှပ်ပိတ်မေးခွန်းများကိုချွေးပြန်လာအောင်ဖြေရသဖြင်. မကြာခန ရေဖန်ခွက်ကိုယူ၍ မော.သောက်နေတာ တွေ.ရပေသည် ။သို.သော်ချက်ကျ လက်ကျ ပြန်ဖြေနိုင်တာတွေ.၇သည် ။ မြန်မာနိုင်ငံလွှတ်တော် သက်တမ်း ထက်ဝက်ကျော်လာချိန်တွင် ဒီမိုကရေစီဆန်သော လွှတ်တော်၏သရုပ်သကန်များ အတော်ပေါ်ပေါက်လာသော်လည်း “ လွှတ်တော်တွင်း ကြားနာပွဲများ “ တစ်ခါမှလုပ်တာမတွေ.သေးချေ ။ စင်စစ် ကြားနာပွဲဆိုသည် မှာ ကိစ္စတစ်ခု အကြောင်းအရာတစ်ခုကိုလွှတ်တော် က ရေရေရာရာ နားမလည်သဖြင်. သက်ဆိုင်ရာ ပုဂ္ဂိုလ် အား တရားဝင်ခေါ်ယူမေးမြန်းခြင်းဖြစ်၍ လွှတ်တော်၏ ရပိုင်ခွင်. တစ်ခုဖြစ်သည် ။ ဥပမာအားဖြင်. လက်ပန်းတောင်းတောင် သပိတ်စခန်းများကို ရဲတပ်ဖွဲ.မှ အင်အားသုံးဖြိုခွင်းခဲ.မှုကိစ္စတွင် အစိုးရနှင်.အတိုက်အခံများက တစ်ဖက်ကို တစ်ဖက် အပြစ်ဖို.သောစကားများကိုပြောကြရာ လွှတ်တော်အနေဖြင်. ဘယ်သူမှန်သည် ဘယ်သူမှားသည် ကိုသိနိုင်ရန် ပြည်ထဲရေးဝန်ကြီး ၊ စွမ်းအင်ဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီးများကို ဆင်.ခေါ်၍ ကြားနာပွဲလုပ် ပိုင်ခွင်.ရှိလေသည် ။ ကြိုတင်ရေးလာသော စာရွက်ပေါ်မှအဖြေများအပြင် လက်တန်းမေးကြဖြေကြခြင်းဖြင်. ထိုညက အဖြစ်အပျက်များ ဘာတွေကို ၊ ဘယ်သူကအမိန်.ပေး၍ ၊ ဘာ.ကြောင်.လုပ်သည် ဆိုသော ကိစ္စများရှင်းလင်းစွာပေါ်လာပေမည် ။ လွှတ်တော် ကထိုအလုပ်ကိုမလုပ်သောအခါ အုပ်ချုပ်ရေး ပိုင်း (အစိုးရ က) စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ.သည် ဆိုတာမျိုး ၀င်လုပ်လိုက်လေသည် ။ တကယ်တော. စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ.တာကသပ်သပ် ၊ လွှတ်တော် ၏ ကြားနာခွင်.ကသပ်သပ်ဖြစ်သည် ။ မိမိရေရေရာရာမသိသောကိစ္စတစ်ခုကို ကြားနာပွဲ မလုပ်ပဲ မဲခွဲဆုံးဖြတ်ပါက ရေရာသောဆုံးဖြတ်ချက်တစ်ရပ်ထွက်လာမည် မဟုတ်ချေ ။ဥပမာပေးရလျင် ပြန်ကြားဝန်ကြီးဌာနက တင်သွင်းလာသော ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းကို ပြည်သူ.လွှတ်တော် သည် ကန်.ကွက်မဲမရှိ ၀ိုင်းဝန်းထောက်ခံခဲ.ပေ၏ ။ စာနယ်ဇင်းကောင်စီ (ယာယီ)ကပြင်ခိုင်းသော အချက် (၁၇) ချက်ကို မပြင်ပေးပဲ တစ်ဖက်သတ်တင်လိုက်သော ဥပဒေကို ဘာကြောင်.ထောက်ခံခဲ.တာလဲဟုမေးသောအခါ ပြည်သူ.လွှတ်တော် ဥက္ကဌ ၊ ဒီချုပ်ဥက္ကဌ စသူများအပါအ၀င် အမတ်မင်းများကဖြေကြသည် မှာ ထိုဥပဒေကိုသူတို.လဲသေသေချာချာ မသိလိုက်ပါတဲ . ၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင်. စာနယ်ဇင်းကောင်စီ (ယာယီ) တို.သဘောတူညီချက်ရသွားပြီထင်သဖြင်. ထောက်ခံမဲပေးခဲ.ကြခြင်းဖြစ်ကြောင်း ပြောကြပါသည် ။ ဆိုလိုသည် မှာ မိမိမရင်းနှီးသော အကြောင်းအရာတစ်ခုကို မဲခွဲရမည်ဆိုလာပါက ထိုဥပဒေနှင်.တိုက်ရိုက်ပါတ်သက်သော (သက်ဆိုင်ရာဝန်ကြီးဌာန ၊ မီဒီယာသမားများ ၊ ဥပဒေပညာရှင်များ စသည် တို.ကို ) ဖိတ်ခေါ်၍ ဥပဒေကြမ်းကော်မတီမှ ကြားနာပွဲ များကျင်းပ ရမည်ဖြစ်သည် ။ ကြားနာပွဲတွင် တကယ်.လွှတ်တော်ကြီးလို လူတွေ အများကြီးတက်စရာမလိုပေ ။ သက်ဆိုင်ရာ ရေးရာကော်မတီဝင်များနှင်. အထူးဧည်.သည်တော်အချို.တက်လျင် ရပေပြီ ။ ဆွေးနွေးကြသည် များကိုတော. ပွင်.လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးရပါမည် ။ ထိုကြားနာပွဲ မှရလာသောသုံးသပ်ချက်ကို လွှတ်တော်ကြီးတွင် မဲမခွဲခင် ရေးရာကော်မတီဥက္ကဌက လွှတ်တော်ကိုယ်စားလှယ်အားလုံးကို သဘောပေါက်အောင်ရှင်းပြပြီးမှ မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည် ။ ယခုဖြစ်စဉ်မှာ လွှတ်တော် သည် ဘုမသိဘမသိ မဲခွဲလိုက်သည် ဟုအချို.ကယူဆသွားနိုင်ပေသည် ။ဒီမိုကရေစီအစိုးရလက်ထက် တွင် အလားတူကိစ္စရပ်များဖြစ်သော တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေမှုနှင်.ပါတ်သက်သော ကိစ္စများ ၊ လာဘ်ပေးလာဘ်ယူမှုများ ၊ အာဏာအလွဲသုံးစားမှုများကို လွှတ်တော် မှ ကော်မတီအလိုက် ရဲရဲဝံ.၀ံ. ကြားနာပွဲများလုပ်ကြဖို.လိုပေသည် ။ ထိုသို.လုပ်ခြင်းသည် တရားစီရင်ရေးနှင်. အုပ်ချုပ်ရေး မဏ္ဍိုင်များကို ဥပဒေပြုရေးမဏ္ဍိုင်က ၀င်၍ စွက်ဖက်ခြင်းမဟုတ် ၊ လွှတ်တော်၏ ပုံမှန်တာဝန်ကို ဆောင်ရွက်ခြင်းဖြစ်သည် ။ အမေရိကန်ပြည်ထောင်စုမှလွှတ်တော်သည် ဘယ်လောက်တောင်ကြားနာပွဲများ လုပ်သလဲဆိုလျင် ကျွန်တော်တို.နိုင်ငံမှာဖြစ်ပွားခဲ.သော ဒီပဲယင်းအရေးအခင်းမှ အသက်မသေလွတ်မြောက်လာသူများကိုပင် ခေါ်ယူ၍ ကြားနာပွဲလုပ်ခဲ.ပါသေးသည် ။ ကျွန်တော်တို.ဆီမှာလဲ ကချင်စစ်ပွဲ ၊ KNU နှင်.တိုက်ပွဲများ ၊ အလုပ်သမားအလုပ်ရှင်ကိစ္စ ၊ မြေသိမ်း လယ်သိမ်းယူမှုများ ၊ ရဲတပ်ဖွဲ.၏ အလွန်အကျွံ အင်အားသုံးမှုများ ၊ မူးယစ်ဆေးဝါးပြသနာ ၊ လောင်းကစားမှု မပပျောက်သည်.ပြသနာ ၊ ဘာသာရေးပဋိပက္ခများ ၊ တရုတ်နှင်. ဘင်္ဂလားဒစ်ရှစ် နယ်စပ် မှ နိုင်ငံခြားသားတရားမ၀င် ၀င်ရောက်လာမှုများ ၊ နယ်စပ်မှ သစ်ခိုးထုတ်မှုများ ၊ ခရိုနီများအခွန်ရှောင်မှု ၊ စသည်များ ကို ရေးရာကော်မတီများအလိုက် ကြားနာပွဲများ ပွင်.ပွင်.လင်းလင်းလုပ်နိုင်ကြလျင်ဖြင်.” ပြည်သူ.အသံ ၊လွှတ်တော်အသံ “ ဟူသောဆောင်ပုဒ်နှင်.အညီ လွှတ်တော်သည် လွှတ်တော်နှင်. ပိုတူလာပေလိမ်.မည် ။ (ပြောရဲသောချဲဒိုင်များ ၊ လာဘ်ပေးရသူများ ကို ခေါ်ယူမေးမြန်းလျင်လောင်းကစားမှုများ ဘယ်လိုလည်ပါတ်နေသည်၊ မည်သူတွေပါဝင်ပါတ်သက်နေသည် ကို ပို၍ သိလာရပေမည် ) ဆီးရီးယားကိစ္စကြားနာပွဲကိုကြည်.မြင်ရခြင်းမှ နောက်ထပ် အမြတ်ထွက်သောကိစ္စမှာ ပါဝင်ဆွေးနွေးသူ အမေရိကန်ဝန်ကြီးများ ၊ အမေရိကန်လွှတ်တော်အမတ်များပါးစပ်မှ မကြာခနထွက်လာတတ်သော” American Interest ( အမေ၇ိကန်အကျိုးစီးပွား ) “ ဟူသောစကားကိုမကြာခနကြားရခြင်းဖြစ်သည် ။ကျွန်တော်တို.မြန်မာနိုင်ငံမှ နိုင်ငံရေး ဂုရုကြီးများ ၊ UN ကိုယ်စားလှယ်များ သမ္မာကျမ်းစာသဖွယ် ၊ ပိဋကတ်သုံးပုံ သဖွယ် အာဂုံဆောင်ကာ တတွတ်တွတ်ရေရွတ်နေကြသော လူ.အခွင်.အရေး ( Human Right ) ဆိုသောစကားကို အမေရိကန်အထက်လွှတ်တော် ကအသည်းအသန်ဆွေးနွေးနေသော စစ်တိုက်သင်.မတိုက်သင်. ကြားနာပွဲတွင် ပျင်းလောက်အောင်ကြာသောအခါမှ တစ်ခါလောက် နားစွန်နားဖျား ကြားရတတ်ပါသည် ။ အမေရိကန်များသည် အမေရိကန်အကျိုးစီးပွားကိုအဓိကထား၍ ဆွေးနွေးနေကြခြင်းဖြစ်သည် ။“ စစ်တိုက်လို. ငါတို.အမေရိကန်အကျိုးစီးပွားကိုဘာတွေ ကာကွယ်နိုင်မလဲ ““ ဆီးရီးယားကို မတိုက်ရင် ကျုပ်တို.အမေရိကန်အကျိုးစီးပွား တွေ ဘယ်လိုထိခိုက်မလဲ “ ၀န်ကြီးများကလည်း အမေရိကန်၏အမျိုးသားအကျိုးစီးပွား ( National Interest ) ကို ပဲဇောင်းပေး၍ဖြေသည် “ ဆီးရီးယား က ဓါတုလက်နက်တွေအသုံးပြုနေခြင်း ကို မတားဆီးနိုင်ရင် နောင်အခါ အဲဒိလက်နက်တွေ ဟစ်ဇ်ဘိုလာပြောက်ကျားတွေလက်ထဲရောက်သွားပြီး အမေရိကန်ကို ပြန် ဒုက္ခပေးလာနိုင်တယ် ၊ ဒါ.အပြင် အီရန် ၊မြောက်ကိုယား တို.ကလဲ ဆီးရီးယားအတုယူပြီး အမေရိကန်တပ်သားတွေကိုတိုက်ခိုက်လာနိုင်တယ် ၊ ဒါ.ကြောင်. အမေရိကန်အကျိုး စီးပွား ( American Interest ) အတွက် ကျုပ်တို. အကန်.အသတ်နဲ. ထိုးစစ်ဆင်ရမယ် ၊စစ်မတိုက်ရင် အမေရိကန်အကျိုးစီးပွားကိုထိခိုက်လာနိုင်တယ်“ ဟုနိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က အမေရိကန်၏အကျိုးစီးပွားကိုဇောင်းပေးပြောဆိုသွားသည် ။ ဗြိတိန်သည် ဖောက်ကလန်စစ်ပွဲတုန်းကလက်သွက်သလောက် ဆီးရီးယားအရေးတွင် သူတို. ၏အကျိုးစီးပွား မရှိသောအခါ လက်ရှောင်နေ၏ ။ဆိုလိုသည် မှာ ဤ ကမ္ဘာပေါ်ဝယ် မည်သည်.နိုင်ငံကမှ ကိုယ်.နိုင်ငံအကျိုးစီးပွားကိုကျော်လွန်၍ လူ.အခွင်.အရေး ဟုတစာစာအော်နေခြင်းမရှိပါ ။ ကိုယ်.နိုင်ငံအကျိုးရှိမည်ဆိုလျင် လူ.အခွင်.အရေး မှာ ဒုတိယဦးစားပေးဖြစ် သွားသည် ဆိုသည်.အကြောင်းကို မြန်မာနိုင်ငံနှင်.ပါတ်သက်လျင် လူ.အခွင်.အရေးမှတစ်ပါးကိုးကွယ်ရာမရှိဆိုသော” Human Right သရဏံဂစ္ဆာမိ “သမားများသိစေချင်ပါသည် ။ကျွန်တော်တို.နိုင်ငံမှာတော. ကိုယ်.မြန်မာနိုင်ငံ၏အကျိုးစီးပွား ( Myanmar’s Interest ) အတွက် ခိုးဝင်လာသော ဘင်္ဂလီများကို ပြန်နှင်ထုတ်မည်ဆိုလျင်လဲ လူ.အခွင်.အရေးနှင်.မညီဘူးဟုပြောခံရသည် ။ ဥပဒေနှင်.အညီ စစ်ဆေးစီရင်၍ ထောင်ဒဏ်ချပြန်တော.လည်း လူ.အခွင်.အရေးနှင်.ကိုင်တုတ်ခံရသည် ။ ထောင်မချပဲ ဒုက္ခသည်စခန်းတွေဆောက်ကာထိမ်းသိမ်းထားမည် UN ကတာဝန်ယူကျွေးမွေးမလားဟု သမ္မကြီးဦးသိန်းစိန်ကပြောသောအခါ U.N က လက်မခံ လူ.အခွင်.အရေးနှင်.မညီဟု ဆိုသည် ။ မြန်မာတစ်နိုင်ငံလုံးမှာ ဗလီတွေဆောက်ချင်သလောက်ဆောက်ခဲ.သည် ကိုအစိုးရအဆက်ဆက်ခွင်.ပြုခဲ.သော်လည်း ဗလီတစ်လုံးလောက်အသစ်ဆောက်ခွင်.မပြုသည်နှင်. လွတ်လပ်စွာကိုးကွယ်ခွင်.မရဘူးတွေဖြစ်ကုန်သည် ။ နောက်ဆုံးအနေဖြင်. အမေ၇ိကန်လွှတ်တော် မှ သင်ယူမှတ်သားလိုက်ရသည်မှာ စစ်မတိုက်ခင် အနုလုံပဋိလုံ သုံးသပ်ဆွေးနွေးသောအလေ.အထ (၀ါ) စစ်မတိုက်ခင်စကားပြောသော ယဉ်ကျေးမှုဖြစ်သည် ။ ကာကွယ်ရေးဝန်ကြီးသည် လည်းကောင်း ၊ ကြယ်လေးပွင်. ဗိုလ်ချုပ်ကြီးသည်လည်းကောင်း စစ်မတိုက်ခင် လွှတ်တော်အမတ်များ သိလိုသမျှ ကို ဘက်စုံထောင်.စုံမှ ဖြေကြားရသည် ။ ငါတို.ကတပ်မတော်ကကွ မင်းတို.အရပ်သားတွေ ဘာမှ မေးစရာ သိစရာမလိုဘူး ဟူသော သဘောထားများ သူတို.မှာ တစ်စက်မှမရှိ ။ အမေရိကန်ဖွဲ.စည်းပုံအခြေခံဥပဒေအရ အရပ်သား သမ္မတနှင်. အရပ်သားကာကွယ်ရေးဝန်ကြီး၏ ထိမ်းချုပ်မှုအောက်တွင် တပ်မတော်သည်ရှိရသည် ။ တပ်မတော်သည် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိရသည် ။ ဒါသည် ဒီမိုကရေစီ စံ ဖြစ်သည် ။ စစ်ပွဲတစ်ပွဲကိုမတိုက်မီ လွှတ်တော်အမတ်များက သိလိုလျင် ရေးရာကော်မတီသို. ဗိုလ်ချုပ်ကြီးများက လာရောက် ရှင်းလင်းတင်ပြရမည် ။ တိုက်မည်ဆိုလဲ ဘယ်သူ.ကို ၊ ဘာကြောင်.တိုက်သင်.ကြောင်း ၊ ဘယ်ပစ်မှတ်တွေကိုအဓိကတိုက်ခိုက်မည်ဖြစ်ကြောင်း ၊အရပ်သားများကိုဘယ်လောက်ထိခိုက်နိုင်ကြောင်း၊ စစ်ဆင်ရေးသည် ဘယ်လောက်ကြာမှာဖြစ်ကြောင်း ၊ ကုန်ကျစားရိတ် ခန်.မှန်းချေ ဘယ်လောက်ရှိမှာဖြစ်ကြောင်း၊ အကျိုးရလာဒ် က ဘာတွေဖြစ်နိုင်ကြောင်း ၊ ဆုံးရှုံးမှုက ဘာတွေ ဖြစ်နိုင်ကြောင်း ရှင်းပြ မည် ။ မတိုက်သင်.ဘူးဆိုပါက ဘာကြောင်.မတိုက်သင်.ဘူးလဲ ၊ စစ်မတိုက်ပဲ သံတမန်ရေး ၊နိုင်ငံရေးနည်းဖြင်. ဘယ်လိုရှင်းနိုင်မလဲ စသည် ဖြင်. ထွက်ဆိုကြရမည်ဖြစ်ပါသည် ။ နိုင်ငံအကျိုးရှိသည် ထင်လျင်တော. စစ်တိုက်ဖို. လွှတ်တော်က ထောက်ခံမဲပေးပါမည် ။ အကျိုးမရှိဘူးထင်လျင် ကန်.ကွက်မဲပေးကြပါမည် ။ စစ်တိုက်သည်မှာတပ်မတော်ဖြစ်ပြီး ၊ တိုက်သင်.မတိုက်သင်.ကို ဆုံးဖြတ်သူမှာ သမ္မတ (သို.မဟုတ် ) လွှတ်တော်ဖြစ်ရပါမည် ။ စစ်မတိုက်ခင် လွှတ်တော်၌ ထောင်.ပေါင်းစုံအခြေအတင်ဆွေးနွေးကြပါသည် ။ စစ်ဗိုလ်ချုပ်ကြီးများ၏လက်ထဲတွင် စစ်တိုက်ခွင်.(စစ်ကြေငြာခွင်.) အာဏာပေးမထားပါ ။ မြန်မာ.သမိုင်း၌ လွတ်လပ်ရေး ရ ခဲ.သော ( ၄.၁.၁၉၄၈ ) မှ ယခုဤစာကိုရေးနေသော ( ၅.၉.၂၀၁၃) အထိ ၆၅ နှစ်ကျော် ကာလအတွင်း ဖြစ်ပွားခဲ.သော မြန်မာပြည်တစ်နံတစ်လျားမှ ပြည်တွင်းစစ်ပွဲများတွင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်များ၏ စစ်မှန်သော ဆန္ဒမဲဖြင်. ဆုံးဖြတ်၍ တိုက်ခဲ.သောစစ်ပွဲ ဘယ်နှစ်ပွဲရှိသလဲ ဟု ကျွန်တော် စဉ်းစားနေမိပါသည် ။ သရ၀ဏ် (ပြည်) စောင်.ကြည်.သတင်းဂျာနယ် ၁၇.၉.၂၀၁၃

No comments: