Friday, September 20, 2013

အားလုံးမင်္ဂလာနံနက်ခင်လေးပါ

အားလုံးကို မင်္ဂလာ နံနက်ခင်းနဲ့ အတူ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်. မြတ်စွာဘုရား၏ ဂုဏ်တော်(၉) ပါး ၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘ;ုရား။ ၂။ သမ္မာသမ္ဗုဒ္ဓေါ = သိစရာမှန်သမျှ တစမကျန် သယမ္ဘူ ဥာဏ်ဖြင့် အမှန်တိုင်းသိ တော်မူသော မြတ်စွာဘုရား ။ ၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။ (ဝါ) ဝိဇ္ဇာသုံးပါး ၊ ဝိဇ္ဇာရှစ်ပါး ၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။ ၄။ သုဂတော = ကျိုးရှိ ဟုတ်မှန် နှစ်တန်သောစကား ကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား ။ (ဝါ) ကျိုးရှိ ဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား ။ ၅။ လောကဝိဒူ = သတ္တလောက ၊ သြကာသလောက ၊ သင်္ခါရ လောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား ။ ၆။ အနုတ္တရော + ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက် ကင်းတော်မူသော မြတ်စွာဘုရား ။ ရ။ သတ္တာ ဒေဝမနုဿာနံ = လူ နတ် ဗြဟ္မာသတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား ။ ၈။ ဗုဒ္ဓေါ = သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား ။ (ဝါ) သစ္စာ လေးအင် ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား ။ ၉။ ဘဂဝါ = ဣဿရိယ စသည် ဘုန်းခြောက်လီ နှင့်စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား ။ (က) ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော် ၊ (ခ) မင်္ဂ ဖိုလ် နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတည်းဟူသော ဓမ္မ ဘုန်းတော် ၊ (ဂ) ဟုတ်တိုင်းမှန်စွာ သုံးဖြာသောလောကတွင် ပျံနှံ ကျော်စောရခြင်း တည်းဟူသော ယသ ဘုန်းတော် ၊ (ဃ) အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပါယ်တော်မူလှခြင်း တည်းဟူသော သိရီ ဘုန်းတော်၊ (င) အလိုရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမ ဘုန်းတော် ၊ (စ) အရဟတ္တမင်္ဂဥာဏ် ၊ သဗ္ဗေညုတဥာဏ် တိုင်အောင်ရစေနိုင်သည့် ကြံ့ခိုင်ကြီးမားသော ဝီရိယတော်တည်းဟူသော ပယတ္တ ဘုန်းတော် ၊ ဤဘုန်းတော်ခြောက်စုံနှင့် ကုံလုံပြည့်ဝတော် မူသောမြတ်စွာဘုရား ။ ဤသို့လျှင် သွာက္ခာတစသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ ၏ အရှင်ဘုရား ။ _/\_ _/\_ _/\_

No comments: