Monday, September 23, 2013

အိပ်ခါးနီးလေး ဘုရားရှစ်ခိုးရအောင်

အိပ်ခါနီးလေး ဘုရားရှစ်ခိုးကြရအောင်လားဗျာ.. Sunday, September 23 2013 သူငယ်ချင်းတို့ ဘီလူးစီးတယ်ဆိုတာ ကြားဖူးလား အဲ့ဒါ မကောင်းဆိုးဝါးစီးခြင်းတစ်မျိုးပဲ သူဟာ ညဘက်အိပ်နေတဲ့ အချိန်မှစီးတာတဲ့ သူငယ်ချင်းတို့ အိပ်ရင်ဖြစ်ဘူးလားတော့မသိဘူး တို့တွေ အိပ်ရင် အရမ်းပင်ပန်းပြီး အားနည်းနေတဲ့ အချိန်မှာ ပက်လက်လန် သို့မဟုတ် မှောက်ခုံ အိပ်တတ်ကြတယ်နော် အဲ့အချိန်မှာပေါ့ ကိုယ်က ရုတ်တရက် လူတိုင်းအိပ်နေတဲ့ အချိန်မှာ နိုးလာတယ် နိုးလာတဲ့အခိုက် တစ်ကိုယ်လုံးကို သံကြိုးကြီးတွေနဲ့ တုတ်နှောင်ထားသလို ခေါင်းအစ ခြေအဆုံး လုံးဝလှုပ်လို့ မရတော့ဘူးတဲ့ အဲ့အချိန်မှာ ကိုယ်ကမျက်စိဖွင့်လိုက်တယ် ကိုယ်အိပ်နေတဲ့ နေရာပတ်ဝန်းကျင်က မှောင်နေပြိး ကိုယ့်ရဲ့ရင်ခေါင်းပေါ်မှာ ကြောင်လိုလို မည်းမည်းအကောင်ကြီး ရောက်နေတယ် တွေကြတယ်တဲ့ တကယ်ကြုံဖူးတဲ့သူတွေရှိတယ်နော်မရုံမရှိနဲ့ အဲ့လိုဖြစ်ပြီဆိုရင် ဘီလူးစီးပြီပဲ ကျွန်မကိုယ်တိုင်တောင်မှအဲ့လိုဖြစ်ဖူးတယ် အရမ်းကိုကြောက်သွားပြီးတော့ ဘုရားစာပြန်ရွတ်လိုက်မှပျောက်သွားတာ အဲ့နေ့ကအရမ်းကြောက်လို့ တညလုံးမအိပ်ဘူး စိတ်ဖြေတဲ့ အနေနဲ့ ကာတွန်းကား ကြည့်ရင်းနေရာမှာတင် အိပ်ပျော်သွားတာ ဒါဟာတစ်ကယ် နော် အနောက်တိုင်းနိုင်ငံတွေမှာလည်းဒီလိုတွေရှိတယ် ဟိုးလွန်လေပြီးခဲ့ တဲ့နှစ်တွေတုန်းက အင်္ဂလန်ကပန်းချီဆရာကြီး တစ်ယောက်ဟာ မိန်းမပျိုလေးတစ်ယောက်ကို ဘီလူးအစီးခံရတဲ့ပုံ ကိုရေးဆွဲခဲ့တယ် သူငယ်ချင်းတို့ကို သတိပေးလိုက်ပြီနော် ညအိပ်ခါနီး၇င် ဘုရားတရားလုပ်ပြီးမှ အိပ်ပေါ့ အဲ့လိုလုပ်ရင် ပက်လက်လန်အိပ်လည်းကြောက်စရာမလိုတော့ဘူး ပေါ့ အိပ်ရင်လည်းသတီထားပြီးအိပ် စာအုပ်ထဲကဖတ်ရတာလေးကိုဝေငလိုက်တာပါ Esther Tarr

No comments: