Tuesday, September 24, 2013

မရှိတာထက်မသိတာခက်

မရှိတာထက် မသိတာခက်" ဒေါ်စုရယ်....ခင်ဗျာ့လည်း သေခါနီးပြီ အခုချိန်ထိ ကလေး ခေါင်းဆောင် လုပ်ပြီး အတင်းပြောနေတုံး.....ဘုရားတရားလေးဘာလေး လုပ်ပါလား ဗျာ ################# လူတွေဟာ အင်မတန် သနားစရာကောင်းတယ်၊ "မရှိတာထက် မသိတာခက်"၊ မရှိတာက ရှာကြံစားလို့  ရသေးတယ်။ မသိပြီလားဆိုမှဖြင့် ဘယ်သူကမှ မကယ်နိုင်ဘူး၊ ဆုံးမမယ့်လူမရှိ၊ သွန်သင်မယ့်လူမရှိ၊ သြ၀ါဒပေးမယ့်လူ မရှိ။ ဒီမသိတဲ့ အ၀ိဇ္ဇာဟာ တစ်သံသရာလုံး နှိပ်စက်ခဲ့တာ၊ ဒုက္ခပေးခဲ့တာဗျာ့။ ဘုရားသာသနာနှင့် တွေ့ တုန်း ကိုယ့်မှာ အခွင့်ကောင်းကြီး ရလို့ ရမှန်းမသိ၊ လာဘ်ကြီးဆိုက်လို့ ဆိုက်မှန်းမသိ၊ လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်ကစပြီး လူတွေပါ စုပေါင်းပြီး တရားထိုင်ကြတဲ့ အခွင့်ကောင်းတွေ ပေါ်ပေါက်လာတယ် ဆိုပေမယ့် ခုထိ တရားဆိုတာ ဘာမှန်းမသိတဲ့ လူတွေက တစ်ပုံကြီး။ ခုအခါ နိုင်ငံခြားသားတွေတောင် တရားထိုင်ကြလို့ ၊ ကံကောင်းတဲ့ လူတွေများ အဲသလို ရကြတာ။ ဝေးတဲ့လူတွေက နီးကုန်ကြပြီ။ တချို့  နီးတဲ့လူတွေက ခုထိ ဝေးနေကြတုန်း၊ ကိုယ့်အလုပ်ကလေးနှင့် ကိုယ့်သားသမီး မြေးမြစ်တွေနှင့်ကိုယ် မေ့နေလိုက်ကြတာ။ မသိပြီလားဆိုမှဖြင့် အတော်သနားစရာကောင်းတာ၊ မသိတာလောက် ကြောက်စရာကောင်းတာ လောကမှာမရှိဘူး။ အ၀ိဇ္ဇာနှင့် တဏှာ ရေသောက်မြစ်ကြီးစာလဲ ခိုင်မှ ခိုင်၊ မြဲ မှ မြဲ။ မြတ်စွာဘုရားကလဲ တဖွဖွပြောပါတယ်။ ဒီသစ္စာလေးပါးတရားတွေကို မသိမမြင်ကြလို့  သင်တို့ တတွေရော ငါဘုရားပါ ဒီသံသရာ ၀ဲဂယက်ကြီးထဲမှာ တ၀ဲလည်လည် မြုပ်ချည်ပေါ်ချည် နေခဲ့ရ လည်ခဲ့ရတယ်....တဲ့။ (မောင်းထောင်မြေဇင်းဆရာတော်ကြီး)

No comments: