Saturday, September 21, 2013

ဦးရွှေမန်း ရဲ့ကစားကွက်

ဦးရွှေမန်းရဲ့ မဟာဗျူဟာ နိုင်ငံရေး ကစားကွက် သူရဦးရွှေမန်းတစ်ယောက် ယခင်က ရည်မှန်းချက် ကြီးမားစွာ ထားရှိခဲ့ပေမဲ့ သမ္မတလည်းမဖြစ်၊ တပ်ချုပ်အဖြစ်မှလည်း လွဲခဲ့ရတာမို့ ဒီတစ်ကြိမ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင်တော့ သမ္မတဖြစ်ဖို့နဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် နိုင်ငံရေး မဟာဗျူဟာ အခင်းအကျင်း စီမံချက် Plan ချထားခဲ့ဟန်တူတယ်လို့ အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ဦးက အခုလို သုံးသပ် တင်ပြလာပါတယ်။ ရွေးကောက်ပွဲ အနိုင်ရဖို့က သူရဦးရွှေမန်း အနေနဲ့ ပြည်သူကို ဖက်တွယ်မှ ပြည်သူက သဘောကျမှ မဲများများ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီလို သဘောကျလာအောင် သူရဦးရွှေမန်း အနေနဲ့ ယခင်အစိုးရ လုပ်ခဲ့တဲ့ စီမံကိန်း၊ စီမံချက်၊ မူဝါဒ စနစ်တွေကို ဝေဖန်ရှုတ်ချရေး ဖြစ်ဖြစ်၊ လက်ရှိအစိုးရ လုပ်နေတဲ့ စီမံကိန်း၊ စီမံချက်၊ မူဝါဒ စနစ်တွေကို ထောက်ပြ၊ ရစ်ပြရင်ဖြစ်ဖြစ် လုပ်ဆောင်နိုင်ခဲ့ရင် ပြည်သူတွေက သူ့ကို သဘောကျလာလိမ့်မယ်လို့ ထင်နေဟန်တူပါတယ်။ ဒီလို လုပ်ဆောင်လာပါက သူရဦးရွှေမန်းကို အစိုးရနဲ့ တပ်မတော်က မကြိုက်လာတော့တဲ့ အခြေအနေ ကြုံတွေ့နိုင်ပါတယ်။ သူ့အနေနဲ့ လက်တွေ့စတင် စမ်းသပ်ကြည့်တော့လည်း လွှတ်တော် အစည်းအဝေးတွေမှာ အဆိုပြုကိစ္စရပ်များနဲ့ မဲဆန္ဒပေးကိစ္စရပ်တွေအပေါ် သူ့ရဲ့ ပါတီဝင် တချို့ကတောင် သူ့ဘက်မှာ မရှိတော့ဘဲ ဘက်ပြောင်းသွားတာကို လွှတ်တော်အတွင်း တွေ့မြင်လာနေပြီ ဖြစ်ပါတယ်။ ဒီလို အားနည်းသွားရင် လိုသွားတဲ့ ကွက်လပ်ကို ဖြည့်ဖို့ ပါဝါအားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်အား မဟာမိတ်ဖွဲ့ပြီး သူမအတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စေကာ မက်လုံးပေးခဲ့ပါတယ်။ စစ်သားတွေရဲ့ ထုံးစံအတိုင်း စစ်ဆင်ရေး စီမံချက်အရ အရန်အစီအစဉ် B Plan အဖြစ် ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးကိုတောင် သူရဦးရွှေမန်းက ဖမ်းချိတ်ထားသေးတယ်လို့ သိရပါတယ်။ ခံစစ်ကို လုံအောင် တည်ဆောက်မှသာ စိတ်ချရပြီး ခံစစ် မလုံပါက ကျိုးပေါက်ကာ ဘုံပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် သူရဦးရွှေမန်းဟာ စစ်နည်းဗျူဟာအရ ခံစစ်ကို လုံအောင်တည်ပြီးမှ တိုက်စစ်ဆင်ရန် ဖဲချပ်များကို ပြင်ရင်း ဝှက်ဖဲ၊ ပစ်ဖဲ၊ ဆွဲဖဲ၊ စားဖဲများကို စီမံချက် အကွက်ချခဲ့ဟန်တူတယ်လို့ အဆိုပါ အရာရှိကြီးက ထင်မြင်ချက် ပေးခဲ့ပါတယ်။ သူရဦးရွှေမန်းရဲ့ တိုက်ကွက် စတင်ရာမှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ အစိုးရအား တိုက်တွန်းခဲ့ရာမှာ ငွေကြေးဖေါင်းပွနိုင်လို့ တုံ့ဆိုင်းနေတာကြောင့် သူကိုယ်တိုင် လွှတ်တော်ဥက္ကဌ အနေနဲ့ အဆိုပြုကာ http://www.myanmardailynews.org/2013/09/sh_21.html#.Ujz_RVM9v90

No comments: