မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, September 19, 2013
ကဲပေါ်ကုန်းပြီး
စင်္ကာပူ ဘဏ်၂ခုတွင် စစ်ခေါင်းဆောင်များ ဒေါ်လာ ၅ဘီလီယံအပ်ထားဟု ERI ဖွင့်ချ
မြန်မာစစ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် ၉နှစ်အတွင်း ရတနာဂတ်စ်ပိုက်လိုင်းမှ ရရှိသော အမြတ်ငွေ အမေရိကန်ဒေါ်လာ ၅ဘီလီယံကို စင်္ကာပူရှိဘဏ် နှစ်ခုတွင် အပ်နှံထားကြောင်း Earth Rights International – ERI က အစီရင်ခံစာထုတ်ပြန်လိုက်သည်။
Oversea Chinese Banking Corporation နှင့် DBS Group ဘဏ်နှစ်ခုတွင် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသော ငွေများကို အပ်နှံထားခြင်းဖြစ်ကြောင်း၊ ဓာတ်ငွေ့ရောင်းချမှုမှ လစဉ် ဒေါ်လာ သန်း ၁၅ဝ ပုံမှန်ရရှိနေကြောင်း ERI ၏အစီရင်ခံစာကို ကိုးကားပြီး လယ်ရီဂျေဂင်က The National သတင်းစာတွင် ရေးသားခဲ့သည်။
ပြည်တွင်းသတင်းမီဒီယာအချို့တွင် မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်ရင်း ၅ခုဖွင့်ကာ ဒေါ်လာ ၁၁ ဘီလီယံအပ်နှံထားကြောင်း စွပ်စွဲချက်များ ပေါ်ထွက်လာခဲ့ပြီး မြန်မာအစိုးရ ဒုတိယပြန်ကြားရေးဝန်ကြီးက အဆိုပါ သတင်းကို ငြင်းဆိုခဲ့သည်။
၁၁ ဘီလီယံ ဘဏ်စာရင်းနှင့်ပတ်သက်ပြီး ခိုင်မာသော အချက်အလက်များ ပေါ်ထွက်မလာသေးချိန်တွင် ERI က ၅ဘီလီယံရှိကြောင်း ဖွင့်ချလိုက်ခြင်းဖြစ်သည်။
Kamayut Media
Subscribe to:
Post Comments (Atom)
No comments:
Post a Comment