Thursday, September 19, 2013

ွှဲရဲကိုဒါးနဲ့ ခုတ်

မလှိုင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားခုတ်မှုဖြစ်ပွား ========================== Thursday, September 19, 2013 မိတ္ထီလာခရိုင် မလှိုင်မြို့နယ် အရပ်သားချင်းစကားများ ခိုက်ရန် ဖြစ်ပွားစဉ် ပါဝင်ပတ်သက်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဓားဖြင့်ခုတ်မှု တစ်ခု စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရပ်ကွက်ကြီး (၁) (၁၄) ရပ်ကွက်နေ ဒေါ်တင်ဥ၏သားဖြစ်သူ မောင်စိုးလင်း (ကွမ်းယာ ရောင်း)နှင့် တစ်ရပ်ကွက်တည်းနေ မောင်ပြည့်စုံသူတို့သည် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက စကားများ ခဲ့သည့်ကိစ္စအား ဒေါ်တင်ဥနှင့် အစ်မဖြစ်သူ မပြုံးကြည် တို့ကို ပြောပြခဲ့ရာ ၎င်းတို့နှစ်ဦးသည် မောင်ပြည့်စုံသူ၏ နေအိမ်သို့ သွားရောက်ရန်တွေ့ခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခွဲတွင် ဒေါ်တင်ဥ၊ မပြုံးကြည်နှင့် ရဲတပ်သားစိုင်းတင် အောင်လင်း (စာပေးစာယူဌာန၊ မလှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)တို့ သုံးဦး ရောက်ရှိလာပြီး ထပ်မံစကားများ ရန်ဖြစ်ခဲ့ရာ ရဲတပ်သား စိုင်းတင် အောင်လင်းက အသင့်ပါလာသည့် အရိုးအသွား ၁၄ လက်မခန့်ရှိ ဓားဖြင့် ခုတ်ခဲ့ရာ မောင်ပြည့်စုံသူတွင် နဖူး ပြတ်ရှဒဏ်ရာ တစ်ချက်၊ မောင်ဝေယံ ဖြိုးသူတွင် နဖူးပြတ်ရှဒဏ်ရာတစ်ချက်၊ ယာလက်မ ပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ နှစ်ချက်၊ မဥမ္မာကြည်တွင် ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာနှစ်ချက် ရရှိခဲ့သဖြင့် မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနတွင် ဆေးကုသလျက် ရှိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်သား စိုင်းတင်အောင်လင်း အပေါ် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ အရ အရေးယူနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးသို့ တင်ပြ ထားကြောင်းနှင့် မလှိုင် မြို့မရဲစခန်းက (ပ)၁၆၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments: