မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, September 23, 2013
ဘင္ဂါၤလီအပါ
"မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီဆိုတာ မပါဘူး။ တရုတ်ဆိုတာလည်း မပါဘူး။ ပါကစ္စတန် ဆိုတာလည်း မပါဘူး။ မပါတဲ့လူတွေ အားလုံးဟာ အခြားလို့ သတ်မှတ်တယ်။ အခြားဆိုတာ တိုင်းရင်းသား မဟုတ်သော သူများကို ဆိုလိုတာပါ။ နိုင်ငံသားစိစစ်ရေး ကတ်ပြားက နိုင်ငံသား ဖြစ်ခြင်းကိုသာ အသိအမှတ်ပြုပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများနှင့် တိုင်းရင်းသား မဟုတ်သော လူမျိုးများအား ၁၉၈၂ ဥပဒေအရ မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားအဖြစ် ခွဲခြားသတ်မှတ်ထားပြီး ဥပဒေအရ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဝင် မဟုတ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ထားသူများ အားလုံးကို အခြားလူမျိုးအဖြစ် စာရင်းသွင်း သတ်မှတ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြားသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်ပါ
“နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ထားသော်လည်း လူမျိုးခြားများမှာ တိုင်းရင်းသားများ မဟုတ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား” သတင်းမှ ကောက်နုတ်ချက်
[ ဤကဏ္ဍတွင် ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment