Monday, September 23, 2013

လစဉ်ကြေးလျော့သင့်ပြီး

ရုပ်‌သံလိုင်း လစဉ်‌‌ကြေးများ ‌လျော့‌ပေးဖို ဆန္ဒပြုပါတယ်‌ မြန်မာ့ ဆက်သွယ်ရေး ဖုန်းခေါ်ဆိုခတွေ တမိနစ် ငါးဆယ် ကနေ အမြန်ဆုံး အများပြည်သူ အဆင်ပြေနိုင်မယ့် ဈေးနှုန်း အထိ လျော့ပေးဖို့ ဆန္ဒပြုပါတယ်‌။ ဖုန်း တသောင်း တကဒ် ဆို ဘာမှ မပြောရသေးပဲ ကုန်ကုန်သွားတတ်လို့ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အင်တာနက် လိုင်းကြေးတွေ ကို လစဉ် တသိန်းကျော် ကောက်ခံ ခဲ့သော တယ်လီပို့ အပါအ၀င် Red Link တို့ ရဲ့ အင်တာနက် လစဉ် ကောက်ခံမှု လစဉ်ကြေးတွေကို အမြန်ဆုံး ခေတ်နဲ့ အညီ လျော့ချ ပေးသင့်ပြီဖြစ်ကြောင်း ဆန္ဒပြုပါတယ်‌။ တယ်လီဖုန်းတိုင်း နီးနီး အင်တာနက် အသုံးပြုနိုင်စွမ်း ရှိနေလာချိန်မှာ ယခင် နှစ်များစွာက နှုန်းထား အတိုင်း မလျော့ပေး ၊ ၀ယ်ယူထားသော အင်တာနက် လိုင်းများကို မသုံးလိုတော့လို့ ပြန်အပ်ခွင့်လည်း မရ။ လူထုကို နှိပ်စက်လို့ ၀လောက်ပြီဟု ထင်ပါသည်။ မော်တော်ကားများ တင်သွင်းပေးနေမှုကို ကျေးဇူးတင်ပါသည်။ သို့သော် လမ်းများမှာ အလွန်ကျဉ်းမြောင်းနေသော ရန်ကုန်မြို့ တွင်းတွင် ဘတ်စ်ကား စီးလည်း မလွယ်။ ကိုယ်ပိုင်ယာဉ်လည်း မောင်းမရ ။ လမ်းတွေ ပိတ်ဆို့လှပါသည်။ သို့အတွက် ရန်ကုန်မြို့တွင်း လမ်းများ တွင် ပလက်ဖေါင်း လမ်း နှင့် ကားလမ်းများ အကြား စက်ဘီး ဆိုင်ကယ် စီးနင်းရာလမ်း သီးသန့်သတ်မှတ် ဖေါက်လုပ်ပေးပြီး လျှပ်စစ်ဆိုင်ကယ်။ ခြေနင်း ဆိုင်ကယ်နှင့် အမြန်နှုန်း ထိန်းသိမ်းမှု ကရိယာ တပ်ဆင်ထားသော စက်တပ် ဆိုင်ကယ် စီးနင်းခွင့် ပေးခြင်းအားဖြင့် ခရီးသွား သာမန်ပြည်သူများ အတွက် လွန်စွာ အထောက်အကူ ပြုမည်ဖြစ်သလို၊ စက်သုံးဆီ သုံးစွမှု သက်သာခြင်း၊ ကာဗွန် ဓါတ်ငွေ လျော့ချနိုင်ခြင်း၊ ပြည်သူလူထု ကျမ်းမာရေး အတွက် အထောက်အကူပြုစေခြင်း နှင့် စရိတ် အကုန်အကျ သက်သာပြိး လိုရာ ခရီး လျှင်စွာရောက်နိုင်မည့် အစီအစဉ်များဖြစ်သောကြောင့် ပြည်သူ့ အကျိုး ရှေးရှုပြီး စက်ဘီးလမ်း ၊ ဆိုင်ကယ်သွားလမ်းများ ဖေါက်လုပ်ပေးပါရန် ဆန္ဒပြုပါသည်။ ရန်ကုန်မြို့တွင်း စက်ဘီး နှင့် ဆိုင်ကယ် စီးနင်းခွင့် တရားဝင် ရလိုသူများ ၀ိုင်းဝန်း share ပေးခြင်းဖြင့် ကူညီပေးစေလိုပါသည်။ ပြည်သူ့လိုလားချက် အရ ရှယ်ယာ အရေ အတွက် ငါးရက် အတွင်း ပမာဏ များပြားစွာ ရှိလာခဲ့သည် ဆိုပါက ၊ ရန်ကုန်မြို့တွင်း အချို့မြို့နယ်များ တွင် တရားဝင် လျှပ်စစ် စက်ဘီးနှင့် ဆိုင်ကယ် စီးနင်းခွင့် ရရှိရေး လူထု အပေါ် တင်စီးကုန်ကျနေသည့် အခွန်အခ ၀န်ဆောင်မှု စရိတ်များ လျော့ချပေးရေး လူထု တောင်းဆိုပွဲများကို လူမှု အဖွဲ့အစည်းများ နှင့် စီစဉ် ချိတ်ဆက်ပြီး တရားဝင်လျောက်ထား ကျင်းပ ဖေါ်ထုတ် ပြုလုပ်သွားမည်ဖြစ်ပါသည်။ မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

No comments: