မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, September 20, 2013
သမ္မတအမည်သုံး၍ သိန်း၂၀ လိမ်လည်
သမ္မတအမည်သုံး၍ သိန်း ၂၀ လိမ်လည်
==========================
မာန်ယုကျော် (ရွှေဝမြေ)
ရန်ကုန် ၊ စက်တင်ဘာ ၁၇။ ။ နိုင်ငံ တော်သမ္မတဦးသိန်းစိန်မှ ဆုချီး မြှင့်မည်ဟု လိမ်လည်ကာငွေ တောင်းခဲ့မှုကြောင့် ကျပ်သိန်း ၂၀ အလိမ်ခံရမှု ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ မြသောက် ကျေး ရွာတွင် ဖြစ်ပွားခဲ့ကြောင်း လိမ်လည် ခံရသူ ကာယကံရှင်၏ ပြောပြချက်အရ သိရသည်။ လိမ်လည်တောင်းယူပုံမှာ နိုင်ငံတကာပြိုင်ပွဲတစ်ခုတွင် လိမ် လည်ခံရသူ၏ ဖုန်းနံပါတ်မှာ ပထမဆုရနေသဖြင့် သမ္မတကြီး မှ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြောဆိုကာ ရန်ပုံငွေ အဖြစ် သိန်း ၂ဝကို အရင်ပေးထားရန် အစရှိ သောပုံစံမျိုးဖြင့် တောင်းယူခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားမှတ်ပုံတင်အမှတ် ၁၁/ပဏက(နိုင်)၀၅၇၉၁ဝကို ကိုင်ဆောင်သူ ပုဏ္ဏားကျွန်းမြို့ နယ်ရှိ မြသောက်ကျေးရွာနေ ဒေါ်သန်းသန်းနု ၏ဟန်းဖုန်း ဝ၉ ၄၉၆၇၈၅၀၅ သို့ မှတ်ပုံတင်အ မှတ် ၁၂/သကတ(နိုင်)၁၇၁၈၁၃ ကိုင်ဆောင်သူ ဦးသိန်းညွန့်ဆို သူက ဝ၉၄၄၂၀၀၀၇၄၀ နံပါတ် ဖြင့် စက်တင်ဘာ ၁ဝရက် နံနက် ပိုင်းတွင် ဖုန်းဝင်လာပြီး တစ်ဖက် မှ ဖုန်းပြောသူ မှာ နေပြည်တော် မှ တိုင်းမှူးတစ်ဦးဖြစ်ကြောင်း၊ ဒေါ် သန်းသန်းနု၏ ဖုန်းနံပါတ်မှာ မြန် မာနိုင်ငံမှ ဝင်ရောက်ယှဉ် ပြိုင်သည့် နိုင်ငံတကာပြိုင်ပွဲတစ်ခုတွင် ပထမ ဆုရနေသဖြင့် နိုင်ငံတော်သမ္မတ ကြီး ဦးသိန်းစိန်က ပထမဆုရနေ သည့် အဆိုပါ ဖုန်းပိုင်ရှင် ကို ကျပ် သိန်းတစ်ထောင် ဆုချီးမြှင့်မည် ဖြစ်ကြောင်း၊ ယင်းသို့ နိုင်ငံတော် သမ္မတကြီး ၏ချီးမြှင့်ငွေ ကျပ်သိန်း တစ်ထောင်ကို ဒေါ်သန်းသန်းနု ထံ မလွှဲပို့မီ နောက်လ ချီးမြှင့်မည့် သူများအတွက် ရန်ပုံငွေအဖြစ် သုံးစွဲ မည့် ကျပ်သိန်း၅ဝကို ဒေါ် သန်းသန်းနုအနေဖြင့် ဖုန်းပြောသူ ထံ လွှဲပို့နိုင်မည်လားဟု မေးမြန်း ကြောင်း သိရသည်။
ဒေါ်သန်းသန်းနုကလည်း ကျပ်သိန်း ၅၀ လွှဲပို့ရန်မရှိသဖြင့် ကျပ်သိန်း ၂ဝသာ လွှဲနိုင်မည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း၊ ဒေါ် သန်းသန်းနုလွှဲပို့နိုင်မည့် ငွေကျပ် သိန်း ၂ဝကို ချက်ချင်းလွှဲပေးရန် နှင့် ယခုကိစ္စကို မည်သူ တစ်ဦးတစ် ယောက်ကို မျှ မပြောရန်လိုကြောင်း၊ ပြောမိပါက တခြားဖုန်းရှိသူများ ကလည်း နိုင်ငံတော်သမ္မတကြီး ကို သူတို့အားလည်း ဆုချီးမြှင့်ပေး သင့်သည်ဟု တောင်းဆိုလာနိုင် သည့်အတွက် ပြဿနာများဖြစ်လာ နိုင်သည်ဟု ဦးသိန်းညွန့်ကပြော ကြားခဲ့ ကြောင်း ဒေါ်သန်းသန်းနု က ရှင်းပြသည်။
''တိုင်းမှူးကြီးက ကိုယ့်ကို ဖုန်းဆက်လာတော့ ကျွန်မလဲမယုံ နိုင်ခဲ့ဘူး။ ဒါပေမဲ့သမ္မတကြီးကိုယ် တိုင်ကလဲ ကိုယ့်ကို ဆုချီးမြှင့်ပေး မယ်ဆိုတော့ယုံလိုက်တယ်။ အဲဒါ နဲ့ သူလွှဲခိုင်းတဲ့သိန်း၅ဝကို မတတ် နိုင်ဘူး။ သိန်း၂ဝပဲ တတ်နိုင်တယ် ဆိုပြီး ရွာကနေ စစ်တွေကိုသွားပြီး လက်ဝတ်လက်စားတခိျု့ကိုပေါင် ပြီးတော့ ကျပ်သိန်း၂ဝအတိကို စစ်တွေရိုးမဘဏ်ကတစ်ဆင့် လွှဲ လိုက်တယ်'' ဟု ဒေါ်သန်းသန်းနု ကဆိုသည်။
ယင်းငွေ ကျပ်သိန်း ၂ဝကို စစ်တွေရိုးမဘဏ်မှ စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၂နာရီ ၂၉ မိနစ် တွင် လွှဲလိုက်ခြင်းဖြစ်ပြီး ဦးသိန်း ညွန့်ဆိုသူက ရန်ကုန်၊ မဂင်0x081လာဈေး ရှိ ရိုးမဘဏ်ဘဏ်ခွဲမှ မွန်းလွဲ ၂ နာရီ မိနစ် ၅ဝတွင် ထုတ်ယူသွား ကြောင်း၊ ယင်းသို့ ထုတ်ယူအပြီး တွင် ဦးသိန်းညွန့်ကို ဒေါ်သန်းသန်း နုကပြန်လည်ဆက်သွယ်ရာ ဆက် သွယ်၍မရတော့ကြောင်း၊ ယင်း နောက်ပိုင်းမှ မိမိမှာလိမ်လည်ခံ ရခြင်းဖြစ်သည်ကို သိရှိလိုက်ရ ကြောင်း ဒေါ်သန်းသန်းနုက ပြော သည်။
''ကျွန်မလဲ ဘာလုပ်လို့ ဘာ ကိုင်ရမှန်းကို မသိတော့ပါ ဘူး။ စားလဲမဝင်၊ အိပ်လဲမပျော်။ ဒီလို မျိုးလဲ တစ်ခါမှမကြုံဖူးဘူး။ ကြား လဲမကြားဖူးဘူး။ ဖြစ်နိုင်ရင် အဲဒီ လူကြီးကိုဖမ်းပြီးတော့ တွေ့ချင် နေတယ်။ ပြီးတော့ ကိုယ့်ပိုက်ဆံ တွေကိုလဲ ပြန်ရ ချင် တယ်''ဟု ယင်း က ဆက်လက်ပြောသည်။ ယင်းနှင့်အလားတူဖြစ်ရပ် မျိုးအား မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်နေသူတစ်ဦးကိုလည်း စက်တင်ဘာ ၁၃ရက် နေ့လယ်ပိုင်း က ယင်းကဲ့သို့ပင် နိုင်ငံတော်သမ္မတကြီးအမည် အလွဲ သုံးစား လုပ်၍ ဖုန်းဆက်လိမ်လည်မှုတစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။
YMG
Subscribe to:
Post Comments (Atom)
No comments:
Post a Comment