Thursday, September 19, 2013

အကြိုက်ဆုံးဟာသ

* ယနေ့အကြိုက်ဆုံး ဟာသ:D * ================= "အာဂပြိုင်ဘက်" အိမ်မွေးတိရစ္ဆာန်လေးတွေကို လေလံတင်ရောင်းချမယ်ဆိုလို့ လူတစ်ယောက် လာကြည့်နေတယ်။သူက ကြက်တူရွေးလေးတစ်ကောင်ကို သဘောကျနေတာရှေ့မှာ ခွေးလေးတွေ၊ ကြောင်လေးတွေကိုလေလံပစ်လို့ပြီးသွားတော့ သူ့ကြက်တူရွေးလေးအလှည့်...လေလံစခေါ်တော့ သူက ကြမ်းခင်းဈေး ၁ဝ ဒေါ်လာပေးလိုက်တယ်... "၁၀ ဒေါ်လာ" အဲဒီမှာ သူ့ထက်ပိုပေးတဲ့အသံ ထွက်လာတယ်... "၁၅ ဒေါ်လာ" သူကထပ်တိုးပေးပြီး အော်လိုက်တယ်... "ဒေါ်လာ ၃၀ ဗျာ" ဟိုဖက်ကလည်း ပိုတက်ပေးပြန်တယ်... "ဒေါ်လာ ၅၀ ဗျာ" သူတင်းသွားတယ်..." ကဲ ဒေါ်လာ ၁၀၀ ကွာ" ဟိုဖက်ကလည်း မလျှော့ဘူး... "ကဲ ဒေါ်လာ ၂၀၀ ကွာ" မခံချင်လို့ ထပ်တိုးလိုက်တယ်..."ဒေါ်လာ ၄၀၀ ဗျို့ မှတ်ထား" ဟိုဖက်ကလည်း မရပ်ဘူး..."ဒေါ်လာ ၆၀၀ ဗျို့ မှတ်ထား" သူတော်တော်စိတ်ဓာတ်ကျသွားတယ်တဖက်ကကောင် ရူးများနေလားပေါ့ဒါနဲ့ နောက်ဆုံးဈေးပေးပြီး အော်လိုက်တယ်... "ကဲ ဒေါ်လာ ၁၀၀၀ ပေးမယ်၊ ဒါနောက်ဆုံးပဲ ထပ်မတိုးတော့ဘူး" ဆိုတော့ ဟိုဘက်က ပြန်အော်တယ်... " အေး ဒါဆို ငါလည်း ထပ်မတိုးတော့ဘူး" တဲ့ဒါနဲ့ ဒေါ်လာ ၁၀၀၀ နဲ့ လေလံအောင်သွားတယ်လေလံလူကြီးဆီ ပိုက်ဆံသွားသွင်းရင်း မေးမိတယ်... "မခံချင်စိတ်နဲ့သာ ၁၀၀၀ ထိပေးလိုက်တာ၊ ဒီကြက်တူရွေးက စကားလေးမှမတတ်ရင် သွားပါပြီ" "မပူပါနဲ့ ဒီကောင် ကောင်းကောင်းစကားတတ်တယ်""ဘာ့ကြောင့် အဲလို အာမခံနိုင်တာလဲဗျ" ဒီတော့ လေလံလူကြီးက ပြန်ပြောတယ်... ... "ခုနက မင်းနဲ့အပြိုင် ဈေးနှုန်းလိုက်အော်နေတာ ဘယ်ကောင်များ မှတ်နေလဲ" "ဂျာ..." ဟာသဗိမာန်-ဆရာသန်

No comments: