Sunday, December 18, 2016

အိမ်ထောင်စုတစ်စုလျှင် ဆင်းမ်ကတ်နှစ်ကတ်နှင့် အထက် ပိုင်ဆိုင်မှုရှိ

အိမ်ထောင်စုတစ်စုလျှင် ဆင်းမ်ကတ်နှစ်ကတ်နှင့် အထက် ပိုင်ဆိုင်မှုရှိသည်ကိုတွေ့ရကြောင်း စစ်တမ်း တစ်စောင်က ဖော်ပြသည်။

ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ပြုလုပ်အပြီး ၁၈ လအတွင်း ၂၀၁၅ ခုနှစ်တွင် မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက် ဆက်သွယ်မှုများပြုလုပ်နိုင်မှု အရေအတွက်သည် ယခင်က လူ ၁၀၀ တွင် ၁၀ ရာခိုင်နှုန်းခန့်ရှိရာမှ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊ ဒီဂျစ်တယ်စာတတ်မြောက်မှု အခြေအနေနှင့် ပတ်သက်သည့် အခက်အခဲများ (အထူးသဖြင့် အမျိုးသမီးများအတွက် ဒီဂျစ်တယ်စာတတ်မြောက်မှုနှုန်း မြှင့်တင်ပေးနိုင်ရန်ရှိနေသည့် အခက်အခဲများ) ကို ကျော်လွှားနိုင်မှသာ အိုင်စီတီနည်းပညာများ၏ အကျိုးကျေးဇူးများကို အပြည့်အဝခံစားရရှိနိုင်မည်ဟု ဆိုသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အိမ်ထောင်စုများ၏ ၅၇ ရာခိုင်နှုန်းမှာ အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး ဖုန်းတစ်လုံးပိုင်ဆိုင်သူများဖြစ်ခဲ့ရာမှ ယခု ၈၃ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း ဆိုသည်။

LIRNE asia နှင့် MIDO ၏ကြီးကြပ်မှုဖြင့် Third Eye Co.ltd မှ ကွင်းဆင်းလေ့လာမှုထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါစစ်တမ်းကို ၂၀၁၆ ခုနှစ် ဇွန်လမှ သြဂုတ်လအထိ မြန်မာနိုင်ငံအနှံ့ရှိ အသက် ၁၅ နှစ်မှ ၆၅ နှစ် အတွင်းရှိ လူပေါင်း ၇၂၀၄ ယောက်အား မေးမြန်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Internet Journal

No comments: