Sunday, December 18, 2016

အောင်လံတွင် သမီးရည်းစားချိန်းတွေ့စဉ် ထိုးကြိတ် အဓမ္မကျင့်သည်ဆိုပြီး အမျိုးသမီးက အမှုဖွင့်

သမီးရည်းစား ချိန်း တွေ့စဉ် ထိုးကြိတ်ရိုက်နှက်၍သားမယားပြုကျင့်ခဲ့သည်ဆိုကာ အမျိုးသမီးတစ်ဦးက ၎င်း၏ရည်းစား အမျိုးသားကို အမှုဖွင့် တိုင်ကြားမှု အောင်လံမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဒီဇင်ဘာ ၁၄ ရက် နံနက်က အသက် (၂၄)နှစ်အရွယ် အမျိုး သမီးကို တစ်ရပ်ကွက်တည်းနေ (၂၃) နှစ်အရွယ် ၎င်း၏ ရည်းစား အမျိုးသားကဖုန်းဖြင့် ဆက်သွယ်ခဲ့သောကြောင့် ဆိုင်ကယ်ဖြင့်ထွက်လာရာ ၎င်းက ခေါ်ဆောင်သွားခဲ့ကြောင်း အမျိုးသမီးက ရဲစခန်းတွင် ထွက်ဆိုထားသည်။

 ထို့နောက် အောင်လံမြို့ တောင်ဘက်ရှိ တည်းခိုခန်းတစ်ခု အရောက်တွင် အမျိုးသမီးကို ရည်းစားက ထိုးကြိတ်ရိုက်နှက်ပြီး နောက် သားမယားပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားခြင်း ဖြစ်သည်။

အဓမ္မပြုကျင့်ခဲ့သောကြောင့် အမျိုးသမီးက တာဝန်ယူရန် ပြော ဆိုသောအခါ ရည်းစားက ထပ်မံ ထိုးကြိတ် ရိုက်နှက်ကာ ထွက်ပြေး သွားခဲ့သည်ဟု မိခင်အား ပြောပြပြီး ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါဖြစ်စဉ်ကို အောင် လံမြို့နယ် ရဲတပ်ဖွဲ့စခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှု ဖွင့်လှစ်ခဲ့ပြီး စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

7day

No comments: