Thursday, December 22, 2016

မောင်တောအကြမ်းဖက်မှုတွင် ဖမ်းဆီးထားသူ ၆၀၀ ကျော်အနက် အများစုကို မတရားအသင်း အက်ဥပဒေဖြင့် စွဲချက်တင်

 မောင်တော အ ကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက် ၍ လူပေါင်း၆၀၀ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး အများစုကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် စွဲချက်တင်ထားကြောင်း  အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး(ဌာနချုပ်) ကွပ်ကဲရေးမှူးရဲမှူးချုပ်သူရစန်းလွင်ကပြောသည်။

ရခိုင်ပြည်နယ်မောင်တော ဒေသအတွင်း ဖြစ်ပွားသောဖြစ် စဉ်များနှင့်ပတ်သက်၍ မြေပြင် ကွင်းဆင်းလေ့လာရန်ရောက်ရှိ နေသော ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့ကို ဒီဇင်ဘာ ၂၁ရက်တွင် ရဲမှူးချုပ်သူရစန်းလွင်က  အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

‘‘တခြားသက်ဆိုင်သူတွေကို တော့ သက်ဆိုင်တဲ့ သူ့ပုဒ်မနဲ့ပဲအ ရေးယူပါတယ်’’ဟု ရဲမှူးချုပ်သူရ စန်းလွင်ကဆိုသည်။

မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ အောက် တိုဘာ ၉ရက်မှ ဒီဇင်ဘာ ၁၆ရက် အထိ ဖမ်းဆီးစစ်ဆေးနေသူ ၆၀၉ ဦးရှိပြီး ပြစ်ဒဏ် ချမှတ်ထားသူ ၁၀၆ ဦးရှိကြောင်း နယ်ခြားစောင့် ရဲဌာနချုပ်စာရင်းအရသိရသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အရ ပြန်လွှတ်ပေးသူ ဆယ်ဦး၊ တရားရုံးက အာမခံပေးထားသူတစ်ဦး၊ ရဲစစ်ဆေးဆဲသေဆုံးသူ ခြောက်ဦးနှင့် ရဲခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးသူ ၄၉ဦးရှိကြောင်း နယ်ခြားစောင့်ရဲဌာနချုပ်စာရင်း တွင်ဖော်ပြထားသည်။

No comments: