Wednesday, July 27, 2016

တရုတ်အတွက် သံတမန်ရေးအမြတ်ထွက်သွားသည့် အာဆီယံ ကြေညာချက်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်လာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (Jorge Silva/reuters)
တောင်တရုတ် ပင်လယ်မှာ တရုတ်အစိုးရ၏ ပိုင်နက်တောင်း ဆိုမှုကို အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် သတ်မှတ်ရေးရုံးမှာ တင်သွင်းဆုံးဖြတ်ရန် အဆိုပြုချက် အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများက ပူးတွဲကြေညာချက်ဖြင့် ပယ်ချခဲ့သည်။ ထို့ကြောင့် ဇူလိုင် ၂၅ရက်တနင်္လာနေ့မှာ တရုတ်အတွက် သံတမန်ရေးဆိုင်ရာ အောင်ပွဲတစ်ခု ဖြစ်သွားသည်။
  စနေ၊ တနင်္ဂနွေနှစ်ရက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေး၏ ရှေ့မတိုး နောက်မဆုတ်သာဖြစ်နေသည့် အခြေအနေတွင် တရုတ်၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သည့် ကမ္ဘောဒီးယားက ပြင်းထန်စွာပယ်ချလိုက်ခြင်းကြောင့် ဖိလစ်ပိုင်က သူ၏ အဆိုပြုချက်ကို ရုပ်သိမ်း ကြောင်း ပြောကြားခဲ့သည်။
တရုတ်ကလည်း ကမ္ဘောဒီး ယား၏ သူ့ကို ထောက်ခံအားပေး မှုကို လူသိထင်ရှားကျေးဇူးတင် စကားဆိုခဲ့သည်။ ထို့ကြောင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပသည့် အာဆီယံအစည်းအဝေးကို ဖရိုဖရဲဖြစ်သွားစေသည်။
ဖိလစ်ပိုင်နှင့် တရုတ်အကြား ပိုင်နက် အငြင်းပွားမှုပြဿနာ၌ ဖိလစ်ပိုင်အနိုင်ရသွားခဲ့သော ကုလသမဂ္ဂ နောက်ခံပေးထားသည့် တရားရုံးမှာ တောင်တရုတ် ပင်လယ်အငြင်းပွားမှုကို ဖြေရှင်းကြရန် အမေရိကန်က အာဆီယံကို တနင်္လာနေ့ အစောပိုင်းက တိုက်တွန်းခဲ့၏။
လာအိုနိုင်ငံခြားရေးဝန်ကြီး ဆေလ်ယူမက်ဆေကွန်မဆက်နှင့် တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဂျွန်ကယ်ရီက သည် ကိစ္စနှင့် ပတ်သက်ပြီး အခြေခံသဘောတူညီချက် ရယူရန်နှင့် တောင်တရုတ်ပင်လယ်ကိစ္စအပေါ် မကြာသေးခင်က တရားရုံးဆိုင်ရာ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပူး တွဲကြေညာချက်ထုတ်ရန် တိုက် တွန်းခဲ့သည်ဟု အမေရိကန် နိုင်ငံ ခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မက်ခ်တိုနာက ပြောကြားသည်။
ဂျွန်ကယ်ရီသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အပြန်အလှန် ဆွေးနွေးစဉ်မှာလည်း သည်ကိစ္စ ကို အလေးထားပြောခဲ့သည်ဟု မစ္စတာတိုနာက ဆိုသည်။
တောင်တရုတ်ပင်လယ်၏ အဓိကရေလမ်းခရီးကို တရုတ်နှင့် အပြိုင် နယ်နိမိတ်တောင်းဆိုကြ ခြင်းမှာ အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် အာဆီယံနိုင်ငံတွေကြားမှာ အဓိ က အငြင်းပွားနေသည့် ပြဿနာ ကြီးဖြစ်၏။ သူတို့နိုင်ငံ၏ အချုပ် အခြာအာဏာကို ပိုင်ဆိုင်လိုသည့် ဆန္ဒနှင့် သူတို့ကို အထောက်အပံ့ ပေးမည့် တရုတ်နိုင်ငံနှင့် ဆက်ဆံ ရေးတိုးတက်လာသည့်အကြားမှာ အာဆီယံနိုင်ငံအချို့ လွန်ဆွဲနေ ကြသည်။
အာဆီယံအခြေခံ
သဘောတူညီချက်
တစ်နှစ်ကို ကမ္ဘာ့ကုန်သွယ် ရေးကနေ ဒေါ်လာသန်းပေါင်း ငါးထရီလီယံရနေသည့် ရေလမ်း ကြောင်းကို တရုတ်က သိမ်းပိုက် နေသည်ကို လက်မခံနိုင်သည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့က သည်ပြဿနာကို အပြည်ပြည် ဆိုင်ရာတရားရုံးမှာ ဖြေရှင်းချင်ကြ သည်။
   နိုင်ငံတကာ ရေပိုင်နက် ဥပဒေကို လိုက်နာရန် တရားဝင် ကြေညာချက်ထုတ်ပြန်ဖို့ တောင်း ဆိုကြသည်။
သို့သော်လည်း အာဆီယံ သည် အခြေခံသဘောတူညီချက် အရ တင်းတင်းကျပ်ကျပ်ဆောင် ရွက်သည်။ တရားရုံးမှာ ဖြေရှင်း မည့်အကြံကိုလည်း ကမ္ဘောဒီးယား နိုင်ငံက လက်မခံဘဲ တရုတ်နှင့် အ ပြန်အလည် ဆွေးနွေးပွဲများကိုသာ တောင်းဆိုခဲ့သည်။
အာဆီယံအဖွဲ့၏ ၄၉ နှစ် ကြာ သက်တမ်းအတွင်း ဒုတိယအ ကြိမ် အစည်းအဝေးအပြီး ပူးတွဲ ကြေညာချက်မထုတ်ပြန်နိုင်သည့် အဖြစ်မျိုးရောက်မည်ကို ကာ ကွယ်သည့်အနေဖြင့် ဖိလစ်ပိုင်က အလျှော့ပေးခဲ့သည်။ အာဆီယံ တရားဝင်ထုတ်ပြန်ချက်မှာ တောင် တရုတ်ပင်လယ်ပိုင်နက် ပြဿနာ ကို တရားရုံးက ကိုးကားသည့်ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေများအပါအ၀င် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ငြိမ်းချမ်း စွာ ဖြေရှင်းရန်ဖြစ်သည်။
‘‘လတ်တလောဖြစ်ပျက်နေ တာတွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့ အလွန်စိုးရိမ်နေဆဲပါ။ နယ်မြေ ပိုင်နက် ကြေညာမှုတွေ၊ သည် ဒေသမှာ လှုပ်ရှားမှုတွေ တိုးလာ တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ကြီး တချို့က ပြောကြားလာတဲ့ စိုးရိမ်မှုတွေကိုလည်း ကျွန်တော်တို့ မှတ်တမ်းတင်ထားပါတယ်။ ဒါ တွေက ဒေသတွင်း ယုံကြည်မှုတွေ တဖြည်းဖြည်း ပျက်ယွင်းလာပြီး တင်းမာမှုတွေကို တိုးလာစေပါ တယ်။ ဒေသရဲ့ ငြိမ်းချမ်းမှု၊ လုံခြုံ ရေးနဲ့ တည်ငြိမ်မှုကို အားယုတ် လာနိုင်ပါတယ်’’ဟု အာဆီယံ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။
အာဆီယံအထွေထွေ အ တွင်းရေးမှူး လီလုဝမ်က ယခု ထုတ်ပြန်ချက်သည် တရုတ်နိုင်ငံ ၏ အောင်ပွဲတစ်ခုမဟုတ်ကြောင်း၊ အာဆီယံအဖွဲ့၏ တန်ဖိုးနှင့် အ ထွေထွေ သဘောတူညီချက်ကို ရှာဖွေရာအတွက် စည်းမျဉ်းသာ ဖြစ်သည်ဟု ဆိုသည်။ သို့သော် အာဆီယံပူးတွဲကြေညာချက်အ တွက် ပထမဆုံးအဆိုပြုမှုမှာ ရေ ပိုင်နက်အငြင်းပွားမှုကို တရားရုံး မှာ ဆုံးဖြတ်ခံရေးဖြစ်ခဲ့သည်ဆို သည်မှာ ဟုတ်မှန်ကြောင်း သူက ၀န်ခံခဲ့သည်။
သီးခြားကြေညာချက်တစ်ခု တွင် တရုတ်နှင့် အာဆီယံက ပိုင် နက်အငြင်းပွားနေည့် တောင်တ ရုတ်ပင်လယ်မှာ သူတို့၏ သင်္ဘော များ ဖြတ်သန်းခုတ်မောင်းခြင်း၊ လေယာဉ်များ ဖြတ်သန်းမောင်းနှင် ခြင်းမပြုရန် ထပ်လောင်းကတိပေး ခဲ့ကြ၏။ ထို့အပြင် အငြင်းပွားမှုကို ပိုဆိုးလာစေမည့် လုပ်ရပ်များကို လည်း ရှောင်ကြဉ်မည်ဟုဆိုသည်။ ထိုအထဲတွင် လူသူမနေသောကျွန်း၊ သန္တာကျောက်တန်းများမှာ လာရောက်အခြေမချရေးလည်း ပါဝင်သည်။
 လုံးဝ လျော်ကန်သင့်မြတ် ခြင်းမရှိသည့် အငြင်းပွားမှုကို တရားရုံးမှာ အဆုံးအဖြတ်ခံယူရေး ကိစ္စကို ပယ်ချအပြီးမှာ အခြေအ နေက ပြောင်းသွားပြီဖြစ်ကြောင်း၊ ယခုအချိန်မှာ အငြင်းပွားမှုအရှိန် ကို လျှော့ချရေးဖြစ်သည်ဟု တ ရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ က ပြောကြားသည်။
‘‘ကြည့်ရတာ ဒါတွေအားလုံး ကို ဒေသတွင်း အပြင်ဘက်နိုင်ငံ တွေက လုပ်ခဲ့ကြတာ။ ပြဿနာ အရှိန်ကို မြင့်အောင်လုပ်ထားတာ ပါ။’’ ဒေသတွင်းမှာ တင်းမာမှုများ မြင့်တက်လာသည့်အတွက် တရုတ်က အမေရိကန်နိုင်ငံကို မ ကြာခဏ အပြစ်တင်ခဲ့သည်။ ထို့ အပြင် ဂျပန်နိုင်ငံကိုလည်း အငြင်း ပွားမှုကနေ ခပ်ကင်းကင်းနေရန် သတိပေးထားသည်။အင်အားကြီးနိုင်ငံများ
ရောက်လာခြင်း
ဖိလစ်ပိုင်နိုင်ငံနှင့် မဟာမိတ် ဖြစ်သော အမေရိကန်သည် ဗီ ယက်နမ်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးကို အစပျိုးနေသည်။ တရုတ်နိုင်ငံကိုလည်း နိုင်ငံတကာ တရားရုံး၏ ဆုံးဖြတ်ချက်ကို လေး စားလိုက်နာရန် တောင်းဆိုထား သည်။ တောင်တရုတ်ပင်လယ်ထဲ မှာ တရုတ်က ကျွန်းတုတွေဆောက် ခြင်းနှင့် အငြင်းပွားနေသော နေ ရာအနီးသို့ စစ်သင်္ဘောများ စေ လွှတ်ခြင်းကိုလည်း အမေရိကန်က ဝေဖန်ခဲ့သည်။
အမေရိကန်၏ နိုင်ငံတော် လုံခြုံရေးအကြံပေး ဆူဆန်ရိုက်စ် နှင့် ဘေဂျင်းမှာ တွေ့ဆုံရာတွင် တရုတ်နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ရန်ဂျီချီက အင်အားကြီး နှစ်နိုင်ငံ အကြားတည်ငြိမ်ကောင်းမွန်သော ဆက်ဆံရေးရှိရန် နှစ်နိုင်ငံစလုံး ခိုင်မာသည့် ကြိုးပမ်းအားထုတ်မှု များ လိုအပ်သည်ဟု ပြောသည်။
‘‘သည်နှစ်မှာ အခုအချိန်ထိ တော့ တရုတ်နဲ့ အမေရိကန်ကြား က ဆက်ဆံရေးက ပုံမှန်အားဖြင့် တည်ငြိမ်တယ်။ နှစ်နိုင်ငံအကြား၊ ဒေသနဲ့ နိုင်ငံတကာအဆင့် အ ကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားတယ်။ တစ်ချိန်တည်းမှာပဲ သတိကြီးကြီးကိုင်တွယ်ဖြေရှင်းဖို့ လိုတဲ့မတူညီတဲ့ ပြဿနာတွေကို နှစ်နိုင်ငံစလုံး ရင်ဆိုင်နေရတယ်’’
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တွင် ပြုလုပ်နေသော အာဆီယံဒေ သ အစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက် ရောက်ရန် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီသည် တနင်္လာနေ့က ရောက်လာခဲ့သည်။
ဂျပန်နှင့် သြစတြေးလျနိုင်ငံ ခြားရေးဝန်ကြီးများနှင့် ဂျွန်ကယ်ရီ က တွေ့ဆုံအပြီးမှာ သူတို့သုံးနိုင်ငံ က ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ထဲမှာ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံများကို ရေပိုင်နက် အငြင်းပွားမှုနှင့်ပတ် သက်ပြီး ဇူလိုင် ၁၂ ရက်က ဆုံး ဖြတ်ခဲ့သော နိုင်ငံတကာ တရားရုံး ၏ အဆုံးအဖြတ်ကို လိုက်နာကြ ရန် သူတို့က တောင်းဆိုထားသည်။
‘‘ယခု ဆုံးဖြတ်ချက်သည် ရှိ နှင့်ပြီးသား လုပ်ထုံးလုပ်နည်းများ ကို အခြေခံထားသည့် နိုင်ငံတကာ ဥပဒေ စိုးမိုးရေးစနစ်ကို ကျင့်သုံး ရန်နှင့် နိုင်ငံတကာဥပဒေကို လေး စားခြင်းကို ပြသရန် ဒေသအတွက် အရေးကြီးသော အခွင့်အရေးဖြစ် သည်ဟု ၀န်ကြီးများက အလေး ပေးပြောကြားခဲ့သည်’’ဟု ကြေ ညာချက်မှာ ဖော်ပြထားသည်။
ဂျွန်ကယ်ရီသည် ပြဿနာများကို ဆွေးနွေးရန် တရုတ်နိုင်ငံခြား ရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။
(ရိုက်တာ သတင်းဌာန၏ Diplo- matic win for China as ASEAN drops reference to maritime court ruling ကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

No comments: