ယခုတစ်လော ကမ္ဘာ့နိုင်ငံရေးကို စောင့်ငဲ့ကြည့်လျှင်ဆွေးနွေးငြင်းခုံပွဲတွေ၊
ရွေးကောက်ပွဲတွေ၊ အာဏာသိမ်းပွဲတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ
သောသောညံနေသည်။ ယခု နောက်ဆုံးကမ္ဘာ့နိုင်ငံရေးကို လှုပ်ခတ်သွားသည်က တူရကီ
အာဏာသိမ်းမှု သတင်းဖြစ်သည်။ တူရကီနိုင်ငံဆိုတာ အရှေ့နှင့် အနောက်ကမ္ဘာအကြား
အင်မတန်မဟာဗျူဟာကျလှသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဥရောပနှင့်
မွတ်စလင်ကမ္ဘာကြား ပေါင်းကူး သဖွယ်လည်း ဖြစ်သည်။ ဘာသာရေးနှင့်
နိုင်ငံရေးခွဲခြားထားသည့် ပျော့ပျောင်းသော သမိုင်းစဉ်လာ အင်အားကြီးမားသည့်
မွတ်စလင်နိုင်ငံဖြစ်သည်။ တစ်ချိန်က အော်တိုမန်အင်ပါယာဟု လူသိများသည်။
အာဏာသိမ်းပွဲတွင် ရှုံးနိမ့်သွားခဲ့သော စစ်ဗိုလ်ချုပ်များဘက်က
အာဏာသိမ်းခြင်းသည် ဒီမိုကရေစီကိုကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ဖြစ်သည်ဟု
အကြောင်းပြသလို လက်ရှိအာဏာကို ချုပ်ကိုင်ထားသော တူရကီသမ္မတ အာဒိုဂန်ဘက်ကလည်း
အာဏာသိမ်းမှု မအောင်မြင်ခြင်းသည် ဒီမိုကရေစီ၏ အောင်ပွဲဟု ဆိုသည်။
တူရကီဖြစ်စဉ်သည် ယခုလတ်တလော ဖြစ်ပေါ်နေသော ကမ္ဘာအနှံ့ ဒီမိုကရေစီလုပွဲများမှ
ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်။
ကမ္ဘာ့နိုင်ငံရေးသည်အလျင် အမြန် ပြောင်းလဲလျက်ရှိရာ ဒီမို ကရေစီလုပွဲ ဝေါဟာရမှာ တစ်နေ့ တခြား ပိုမိုတွင်ကျယ်လာနေ သည်။ ယခုခေတ်တွင် အားလုံးက ဒီမိုကရေစီနေကြသည်။ အမေရိ ကန်ကလည်း ဒီမိုကရေစီ၊ ရုရှား ကလည်း ဒီမိုကရေစီ၊ တရုတ်က လည်း ဒီမိုကရေစီ ဒီမိုမကေရေ စီသည့် နိုင်ငံမရှိပေ။ ဒီမိုကရေစီ ကို သူ့ဘက်ကိုယ့်ဘက် လုကြ သည်။ ဒီမိုကရေစီကို လိုရာဆွဲ အဓိပ္ပာယ်ဖွင့်ကြသည်။ လက်ရှိ နိုင်ငံရေးစနစ်များနှင့် ရောထွေး ပစ်လိုက်ကြသည်။ ချုပ်ဆိုရလျှင် ဒီမိုကရေစီကို မည်သူမျှ မငြင်းဆို ကြတော့ချေ။ မြောက်ကိုရီးယား လို၊ လာအိုလို အာဏာပိုင်များ အုပ်ချုပ်သည့် နိုင်ငံများ၏ တရားဝင်အမည်များတွင်ပင် ဒီမိုကရက် တစ်ဆိုတာ ပါရှိသည်။ သာမန်နိုင်ငံရေး စိတ်ဝင်စားသူများ၏ အမြင်တွင် နိုင်ငံရေးဆိုသည်မှာ အရင်းရှင်နှင့် ကွန်မြူနစ်၊ ဒီမိုက ရေစီနှင့် အာဏာရှင်၊ လက်ဝဲနှင့် လက်ယာဟုသာ အကြမ်းဖျင်း သိမြင်မှတ်သားကြသည်။ သိသင့် သည်မှာ ယနေ့ခေတ်တွင် အရင်း ရှင်စစ်စစ်၊ ကွန်မြူနစ်စစ်စစ်၊ ဒီမိုကရေစီစစ်စစ်၊ အာဏာရှင် စစ်စစ်၊ လက်ဝဲစစ်စစ်၊ လက်ယာစစ်စစ်ဟူ၍ မရှိတော့ပေ။ အရာ အားလုံးသည် အမျိုးသား အကျိုး စီးပွားနှင့် ရောသမမွှေခဲ့ပြီဖြစ် သည်။ ကိုင်ရတွယ်ရ အင်မတန် ခက်ခဲသွားပြီ ဖြစ်သည်။
ယခု တူရကီဖြစ်စဉ်ကို လေ့ လာလျှင် အဆိုပါ သဘောတရား များကို တွေ့ရမည်ဖြစ်သည်။ အာဏာသိမ်းသည့် စစ်ဗိုလ်ချုပ် များကို ဒီမိုကရေစီလိုလားသူများ၊ ကာကွယ်စောင့်ရှောက်လိုသူများ အဖြစ် ပုံဖော်ကြသည်များရှိသည်။ အာဏာသိမ်းပွဲ အောင်မြင်ခဲ့ပါက အာဏာသိမ်းခေါင်းဆောင်များ သည် ဒီမိုကရေစီ ကယ်တင်ရှင် များသဖွယ် ပုံဖော်ခံရမည်ဖြစ် သည်။ ယခုမူ လက်ရှိသမ္မတ အာ ဒိုဂန်က အရေးသာခဲ့ပြီဖြစ်ရာ ဒီမို ကရေစီကယ်တင်ရှင်များမှာ ဒီမို ကရေစီ ဖျက်ဆီးသူများအဖြစ် ပုံ အဖော်ခံရတော့သည်။ သမ္မတ အာဒိုဂန်သည် အာဏာရှင်ဆန် ကြောင်း ပြည်တွင်း၊ ပြည်ပ ယိုး စွပ်မှုများ ရှိနေသည်မှာ ကြာမြင့် ပြီဖြစ်သည်။ အာဒိုဂန်သည် တူရ ကီ၏ နိုင်ငံရေးအစဉ်အလာဖြစ် သော ဘာသာရေးနှင့် နိုင်ငံရေး ခွဲခြားမှုကို ချိုးဖျက်သည်ဟု ပြည် တွင်း၊ ပြည်ပ ဝေဖန်မှုများရှိသည်။ အာဏာသိမ်းပွဲ အောင်မြင်သွား ခဲ့ပါက အာဒိုဂန်သည် လှောင်အိမ် အတွင်း အကျဉ်းစံအာဏာရှင် တစ်ဦးသဖွယ် တွေ့မြင်ရဖွယ်ရှိ သည်။ ယခုမူ ဒီမိုကရေစီ သူရဲ ကောင်းအဖြစ် တူရကီပြည်သူ အများ၏ သောင်းသောင်းဖြဖြ သြဘာပေးခြင်းခံရသည်။ အာဒို ဂန်အား အာဏာရှင်တစ်ဦးအဖြစ် ပုံဖော်လိုသော အနောက်နိုင်ငံကြီး များ နှာစေးနေကြလေသတည်း။ ပွဲက ဆက်ရန်ရှိသေး၏ဟု ဆိုရ မည်။ တူရကီ ဒီမိုကရေစီလုပွဲ သည် ကမ္ဘာကြီးအား ကြီးစွာသော သင်ခန်းစာ ပေးလေသည်။
ကမ္ဘာ့စစ်အင်အားကြီး ရုရှား နိုင်ငံတွင်လည်း ဒီမိုကရေစီလုပွဲ များ ဖြစ်တည်နေသည်မှာ ကြာ မြင့်လှပြီဖြစ်သည်။ လက်ရှိရုရှား သမ္မတ ဗလာဒီမာပူတင်ကို နိုင်ငံ တကာက အာဏာရှင်အဖြစ်ရှုမြင် ကြသည်။ သို့သော် ပူတင်ကတော့ မည်သူ့မျှ လူမထင်။ သူသာလျှင် ရုရှားဒီမိုကရေစီ၏ ကယ်တင်ရှင် ဖြစ်သည်။ ပြည်တွင်းအတိုက်အခံ များကို ပညာသားပါပါ နှိပ်ကွပ် သည်။ အနောက်နိုင်ငံများက ဝေ ဖန်ချက် ပြင်းထန်လာချိန်တွင် ရူး ချင်ယောင်ဆောင်သည်။ ဝေဖန်မှု များကြားမှ အိမ်နီးချင်း ယူကရိန်း နိုင်ငံပိုင်နက် ခရိုင်းမီးယားကို ဝင် သိမ်းသည်။ ပြည်တွင်း၌မူ အမျိုး သားရေးရှုထောင့်မှ သူ့အား ထောက်ခံသူ အများအပြားရှိသည်။ ဗလာဒီမာပူတင် ဆန့်ကျင် သူများထက် ဗလာဒီမာပူတင် ထောက်ခံသူများက ပိုမိုအင်အား ကောင်းလေသောအခါ ပြည်ပနိုင် ငံများ၏ ဗလာဒီမာပူတင်အပေါ် အာဏာရှင် တံဆိပ်ကပ်မှုများမှာ ကောင်းစွာ အရာမထင်လှပေ။ ပူတင်ထောက်ခံသူများအတွက်မူ ပူတင်သည် ရုရှားဒီမိုကရေစီကို စောင့်ရှောက်နေသူတစ်ဦးသာ ဖြစ်တော့သည်။ စာရေးသူ၏မိတ် ဆွေ ရုရှားအမျိုးသမီးတစ်ဦးက ရုရှာအာဏာပိုင်များသည် အရင် လို အတိုက်အခံကို ကြမ်းကြမ်း တမ်းတမ်း မဆက်ဆံတော့ဘဲ ညင်သာပါးနပ်စွာ ကိုင်တွယ်ခြင်း အားဖြင့် အာဏာရှင်ပုံရိပ်ကို ဖျောက်လိုက်ကြပြီဟု ဆိုသည်။
ရုရှားနိုင်ငံမှသည် ကမ္ဘာ့စီး ပွားရေးအင်အား၊ စစ်ရေးအင် အားကြီးနိုင်ငံအဖြစ် နိုးထလာ သော တရုတ်နိုင်ငံကိုကြည့်လျှင် တရုတ်သည်လည်း ဒီမိုကရေစီဆို သည်ကို မငြင်းဆိုသည်ကို တွေ့ရ မည်ဖြစ်သည်။ တရုတ်ဒီမိုကရေ စီတွင် မိမိတိုင်းသူပြည်သားများ ကို အလုပ်အကိုင် အခွင့်အလမ်း များဖန်တီး၍ ထမင်းဝဝ ကျွေးနိုင် သည်ကပင် ဒီမိုကရေစီတစ်နည်း လူ့အခွင့်အရေးဖြစ်တော့သည်။ အများပြည်သူဘဝ လုံခြုံ၍ လူနေ မှုဘဝ တိုးတက်မြင့်မားအောင် ပြုလုပ်နိုင်သည်ကပင် အခြေခံ လူ့အခွင့်အရေး ဖြစ်တော့သည်။ တရုတ်နိုင်ငံတွင် ဖေ့စ်ဘွတ်ခ်လို ကမ္ဘာသုံး ဆိုရှယ်မီဒီယာများ မရှိ သော်လည်း တရုတ်ပြည်သူများ အချင်းချင်းအကြား ဆက်သွယ် ပြောဆိုနိုင်သော လူမှုကွန်ရက် များရှိသည်။ ပုဂ္ဂလိက သတင်းစာ များရှိသည်။ လူထုစုဝေးဆန္ဒထုတ် ဖော်မှုများ ပြုနိုင်သည်။ ပြည်သူများကောင်းစွာ မဖွံ့ဖြိုး မရင့်ကျက်သေးဘဲ ဒီမိုကရေစီအပြည့်အဝ ကျင့်သုံးခြင်းသည် အကောင်း ထက် အဆိုးကိုသာ ဖြစ်ထွန်းစေ မည်ဟု ယုံကြည်သည်။ သို့ဖြစ်ရာ ဒီမိုကရေစီကို လုံးဝပစ်ပယ်ခြင်း မျိုးမဟုတ်ဘဲ မိမိယဉ်ကျေးမှု အစဉ်အလာနှင့် ကိုက်ညီသော ဒီမိုကရေစီကို ဖော်ဆောင်နေခြင်း သာဖြစ်သည် ခံယူသည်။ တရုတ် ပြည်တွင်းဖြစ် ဒီမိုကရေစီသည် သူ့ဘာသာနှင့်သူတော့ အလုပ် ဖြစ်ပုံရသည်။ အနောက်နိုင်ငံသား ထောင်ပေါင်းများစွာ တရုတ်ပြည် တွင် နေထိုင်အလုပ်လုပ်ကြသည်။ အာရှနှင့် အာဖရိကနိုင်ငံများတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီကို ဦးစားပေးသော အမေရိကန်ပုံစံ အုပ်ချုပ်ပုံနည်းစနစ်ထက် လုံခြုံရေး၊တည်ငြိမ်ရေးကို ဦးစားပေးသော တရုတ်ပုံစံ အုပ်ချုပ်ပုံနည်းစနစ်က ပိုမိုခေတ်စားလျက်ရှိသည်။ကမ္ဘာ့ဒီမိုကရေစီ ရှေ့ ဆောင် အမေရိကန်ပြည်ထောင်စု ၌ပင် ဒီမိုကရေစီလုပွဲက အရှိန်ရ လျက်ရှိသည်။ ရီပက်ဘလေကန် ပါတီမှ သမ္မတလောင်းအဖြစ် ဝင် ရောက်ယှဉ်ပြိုင်မည့် ဒေါ်နယ် ထရန့်ကို ခေတ်သစ်အာဏာရှင် လက်သစ်အဖြစ် စွပ်စွဲကြသော် လည်း ဒေါ်နယ်ထရန့်ဘက်သား များကမူ ထရန့်သည် အမေရိကန် တန်ဖိုးများကို အလေးမထားသော ပြည်တွင်း ရွှေ့ပြောင်းဝင်ရောက် လာသူအချို့ကြောင့် ကျဆင်း၊ ပျောက်ဆုံးနေသော အမေရိကန် တန်ဖိုးများ၊ ဂုဏ်သိက္ခာများကို ပြန်လည်ဆယ်တင်ပေးမည့်သူ အဖြစ် ရှုမြင်ကြသည်။ ထရန့်ဘက် သားများအဖို့မူ ထရန့်၏ ပြိုင်ဘက်ဟီလာရီကလင်တန်သည် အမေရိကန်အချုပ်အခြာ အာဏာကိုအားပျော့စေသူ၊ အမေရိကန်လုံခြုံရေးကို အားနည်းစေသူ၊ ဒီမိုကရေစီအကြောင်းပြု၍ ဒီမိုကရေစီအားနည်းစေသူ တစ်ဦးပင်ဖြစ်တော့သည်။ ဟီလာရီကလင်တန်ဘက်သားများကလည်း ဒေါ်နယ်ထရန့်သည် လိုရာဆွဲပြော၊အများကြိုက်အဆင်ပြေသလို ပြောနေသည့် ခပ်ကြောင်ကြောင် နိုင်ငံရေးသမားတစ်ဦးသာ ဖြစ်သည်။ နိုင်ငံတကာတွင် အမေရိကန်၏ တန်ဖိုးများ၊ ဂုဏ်သိက္ခာများကို ယိုယွင်း ပျက်စီးစေသူတစ်ဦးသာဖြစ်တော့သည်။ ဥရောပတိုက်မှ ဗြိတိန်နိုင်ငံတွင်ပင် ပြည်သူများအတွင်း ဗြိတိန်နိုင်ငံဥရောပသမဂ္ဂ (အီးယူ)မှ ထွက်ခွာခြင်းသည် ဗြိတိန်နိုင်ငံ၏ ဒီမိုကရေစီကျဆင်းမှုသင်္ကေတအဖြစ် ရှုမြင်သူများရှိသလို အချို့ကမူ ဗြိတိန်နိုင်ငံ၏ ပျောက်ဆုံးသွားသော ဒီမိုကရေစီကို ပြန်လည်ရယူခြင်းအဖြစ် ရှုမြင်သူများ ရှိသည်။
ထို့အတူ ကမ္ဘာတစ်လွှား နိုင်ငံအများအပြားတွင်လည်း သူ့ နည်းသူ့ဒီမိုကရေစီ လုပွဲများက ရှိ နေသည်။ ဗင်နီဇွဲလားနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံအကြား ကာလကြာရှည် ဒီမိုကရေစီ အား ပြိုင်ပွဲဖြစ်ပေါ်နေသလို အရှေ့ အလယ်ပိုင်း တစ်ခွင်တွင်လည်း မည်သူက ဒီမိုကရေစီဆန့်ကျင်သူ၊ မည်သူက ဒီမိုကရေစီထောက်ခံ သူဟု မသိတော့နိုင်လောက် အောင် တိုင်ပတ်နေတော့သည်။ အာဏာရှင်ဟု ယူဆရသူများကို စစ်အင်အား အသုံးပြုကာ ဖြုတ်ချ သည်။ ဒီမိုကရေစီလိုလားသူများ အာဏာရလာသည်။ သိပ်မကြာ ဒီမိုကရေစီ လိုလားသူများ အာ ဏာရှင်အဖြစ် စွပ်စွဲခံရပြန်သည်။ ဒီလိုနှင့် စစ်တပ်အာဏာသိမ်း တာတွေ ဖြစ်လာသည်။ အရပ် သား အာဏာရှင်ဆိုသူများအဖယ် ရှားခံရသည်။ စစ်တပ်ကပင် ဒီမို ကရေစီ စောင့်ရှောက်သူများဖြစ် လာသည်။ အရှေ့အလယ်ပိုင်း တစ်ခွင်၏ နိုင်ငံရေးကား မပြီးနိုင်၊ မစီးနိုင် အုန်းအုန်းကျွက်ကျွက်ဖြင့် ဒီမိုကရေစီလုပွဲများဖြင့် အကြိမ် ကြိမ် တိုင်ပတ်နေတော့သည်တကား။
မြန်မာ့ အိမ်နီးချင်းနိုင်ငံများ ကို လေ့လာကြည့်လျှင် ဒီမိုကရေ စီလုပွဲများကို ထင်ထင်ရှားရှား တွေ့ရသည်။ ထိုင်းနိုင်ငံတွင် စစ် တပ်အာဏာသိမ်းပြီးနောက် ဒီမို ကရေစီကျဆုံးခြင်းဟု အဓိပ္ပာယ် ဖွင့်သော်လည်း စစ်တပ်လိုလား သူများကမူ အရွေးကောက်ခံနိုင် ငံရေးသမားများ ဒီမိုကရေစီမဆန် မှုကြောင့် ဒီမိုကရေစီကို ကာ ကွယ်ရန် တပ်က အာဏာသိမ်းရ ပါသည်ဟု ဆင်ခြေပေးကြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း လက်ရှိ အုပ်ချုပ်သူအစိုးရက အတိုက်အခံများကို ဖိနှိပ်ရာတွင် ဒီမိုကရေစီကို ကာကွယ်ရန်ဟု အကြောင်းပြသလို အတိုက်အခံ ကလည်း အစိုးရကို အာဏာရှင် အစိုးရအဖြစ် စွပ်စွဲသည်။ ကမ္ဘော ဒီးယားနိုင်ငံတွင် လက်ရှိဝန်ကြီး ချုပ်နှင့် အတိုက်အခံအကြား သူ ဒီမိုကရေစီ၊ ငါဒီမိုကရေစီစသဖြင့် ငြင်းခုံနေသည်မှာ နှစ်ပေါင်းကြာ မြင့်နေပြီဖြစ်သည်။ ထို့အတူ မလေးရှားနိုင်ငံတွင်ပင် ဒီမိုကရေ စီကို ပြန်လည်မြှင့်တင်ရန် အ ကြောင်းပြချက်ဖြင့် ယခင်မလေး ရှားဝန်ကြီးချုပ်ဟောင်း ဦးဆောင် လျက် အတိုက်အခံလှုပ်ရှားမှုတစ် ခု ပေါ်ထွက်လာနေသည်။
ကမ္ဘာ့ဒီမိုကရေစီလုပွဲများမှ သည် မြန်မာနိုင်ငံအခြေအနေကို စောင်းငဲ့ကြည့်လျှင် မြန်မာနိုင်ငံ တွင်လည်း အားလုံးက ဒီမိုကရေ စီနေကြသည်ကို တွေ့ရမည်ဖြစ် သည်။ အစိုးရကလည်း ဒီမိုကရေ စီ၊ အတိုက်အခံကလည်း ဒီမိုက ရေစီ၊ စစ်တပ်ကလည်း ဒီမိုကရေ စီဖြစ်သည်။ ယနေ့ နာမည်ကြီးနေ သော မဘသသည်ပင် ဒီမိုကရေစီ ဆိုတာကို လက်ခံသည်။ ဒီမိုကရေစီကို ဆန့်ကျင်သည့်အဖွဲ့အစည်းဟူ၍ မရှိပေ။ သို့သော် မြန်မာနိုင်ငံသည်လည်း ကမ္ဘာတစ်လွှား ခေတ်စားနေသော ဒီမိုကရေစီလုပွဲများမှ လွတ်ကင်းနိုင်ခြင်းမရှိပေ။ ယခုအခါ ရွေးကောက်တင်မြှောက်ခံ အစိုးရ ဒီမိုကရေစီမဆန်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည်။ အချို့ကိစ္စများတွင် ယခင်အစိုးရကမှ ဒီမိုကရေစီပိုဆန်သည်ဟု ဝေဖန်ပြောဆိုမှုများရှိသည်။ သို့ သော် လပိုင်းသာ သက်တမ်းရှိ သော အစိုးရဖြစ်သဖြင့် ပြောရန် စောသေးသည်ဟု ဆိုရမည်သာ ဖြစ်သည်။ ဒီမိုကရေစီတွင် ပြည် သူလူထုသည် အခရာဖြစ်သည်။ စစ်အာဏာသိမ်းခြင်းဆိုသည်မှာ ခေတ်ကုန်ခဲ့ပြီဟု ဆိုသူများရှိ သည်။ သို့သော် ဥရောပတွင် စစ် အာဏာသိမ်းခြင်းနှင့် အာရှ၊ အာ ဖရိကတွင် စစ်အာဏာသိမ်းပုံချင်း မတူနိုင်သည်ကိုတော့ သတိပြုဖို့ လိုသည်။ နိုင်ငံရေးတွင် ဘာမဆို ဖြစ်နိုင်သည်။ ပုံသေကားကျပ် မတွက်ဆကြရန် အထူးအရေး ကြီးသည်။ မည်သို့ဆိုစေ ဒီမိုက ရေစီ၏ အမြင့်ဆုံးအမှတ်တစ်ခု သည် စစ်မှန်ပြီး တရားမျှတသော ရွေးကောက်ပွဲများပင် ဖြစ်သည်။ အစိုးရတစ်ရပ် ဒီမိုကရေစီဆန် သည်၊ မဆန်သည်ကို သက်ဆိုင် ရာ ပြည်သူများသည် ရွေးကောက် ပွဲများမှတစ်ဆင့် အဆုံးအဖြတ် ပေးသွားကြရန်သာ ဖြစ်သည်။7day

No comments:
Post a Comment