Wednesday, July 27, 2016

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ဘက်ဂျက်ဆွဲပြီဆိုပါစို့

၂၀၁၄-၁၅ က ရသုံး ကို အရင်အခြေခံပါတယ်။

ရှိတဲ့ငွေနဲ့ မှန်းချေငွေပေါ်မူတည်ပြီး ဝန်ကြီးဌာနတွေကိုခွဲဝေဖိုပြင်ဆင်ပါတယ်။

အဲဒီအလုပ်ကို အရင်က အမျိုးသားစီမံကိန်းဝန်ကြီးဌာန နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ညှိနှိုင်းပြီးလုပ်ရပါတယ်။

သူတို့က ရှိတဲ့ငွေပေါ်မှာ မူတည်ပြီး ဝန်ကြီးဌာနအလိုက် အကြမ်းဖြင့်လျာထားသတ်မှတ်ပြီး ဘောင်သတ်မှတ်ပေးပါတယ်။
ဝန်ကြီးဌာနတွေ က လစာစရိတ် ပါဝင်တဲ့ ခေါင်းစဉ်တစ်ခုရယ် ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းဝယ်တဲ့လုပ်ငန်းပါဝင်တဲ့ ငွေလုံးငွေရင်းခေါင်းစဉ်ရယ်နဲ့ ဘက်ဂျက်ရေးဆွဲရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းဆိုရင် တည်ဆောက်ရေးလုပ်ငန်းကော်မတီ က ငွေကိုအတည်ပြုစိစစ်ပြီး ပစ္စည်းဝယ်တာဆို အမျိုးသားစီမံကိန်းကအတည်ပြုစိစစ်ပါတယ်။

ဝန်ကြီးဌာနအသီးသီးကတင်ပြလာတဲ့ဘက်ဂျက်တွေကို အမျိုးသားစီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြန်တင်ပြပါတယ်။
အဲဒီမှာစိစစ်ပြီး ဘဏ္ဍာရေးကော်မတီ အစည်းအဝေးထိုင်ပါတယ်။

ရှိတဲ့ငွေအပေါ်မှာ မူတည်ပြီး ဘယ်ဝန်ကြီးဌာန က ဘယ်နှစ်ရာခိုင်နှုံးသုံးသင့်တယ်ဆိုတာ ပြန်သတ်မှတိပေးပါတယ်။

ဝန်ကြီးဌာနတွေက ကိုယ်ရမယ့်ငွေပေါ်မှာ မူတည်ပြီး ဘက်ဂျက်ကို လိုတိုးပိုလျော့ ပြန်လုပ် အဆင့်ဆင့်ပြန်တင် ပြီးလို့ နိုင်ငံတော်သမ္မတရုံးက အတည်းပြုရင် လွှတ်တော်တင်ရပါတယ်။

လွှတ်တော်မှာလည်း ကော်မတီ အသီးသီး က ပြန်စိစစ် ပြန်သတ်မှတ်ပါတယ်။

အဲဒီအပေါ်မှာ မူတည်ပြီး ဝန်ကြီးဌာန အသီးသီး က ဘက်ဂျက်ကို လိုတိုးပိုလျော့ ပြန်ဆွဲပြီးရင် အဆင့်ဆင့်ပြန်တင် နောက်ဆုံးလွှတ်တော်မှာ ပြန်ပြီး အတည်ပြုချက်ယူပါတယ်။

အဲဒီလုပ်ငန်းစဉ်ကို ဇူလိုင်လလောက်ကနေနေ ဇန္နဝါရီလကုန်လောက်အထိလုပ်ရပါတယ်။

ဖေဖော်ဝါရီနောက်ဆုံးပတ်လောက်မှာ လွှတ်တော်က အတည်ပြုလိုက်ရင် ဧပြီလ ဘဏ္ဍာနှစ် အစမှာ ငွေစသုံးလို့ရပါပြီ။

အဲဒီငွေတွေထဲမှာ နိုင်ငံတော်ငွေပါသလို နိုင်ငံခြားအထောက်အပံ့တွေကိုပါ တင်ပြ အတည်ပြုချက်ယူရပါတယ်။

ငွေမရှိပဲနဲ့ ဘက်ဂျက်ဆွဲလို့ မရပါ။

နောက်ပြီး နိုင်ငံတော် အရံ ရံပုံငွေဆိုတာလည်းရှိပါသေးတယ်။
အဲဒါက သမ္မတရုံးက ကိုင်ထားပြီး သုံးမယ်ဆိုရင် အဆင့်ဆင့် စိစစ်ပြီး အတည်ပြုချက်ယူပြီးမှသုံးနိုင်သလို သုံးထားရင်လည်း ဘဏ္ဍာနှစ်စ မှာဖြစ်ဖြစ် Revised Estimate စိစစ်တဲ့အချိန်မှာဖြစ်ဖြစ် ခွင့်ပြုပေးပြီး န်ြထည့်ထားရပါတယ်။

အခုငွေမချန်ခဲ့ဘူးပြောနေတဲ့ကိစ္စ က အစိုးရအဖွဲ့ရုံးတွေရဲ့ ကိုယ်ပိုင်ရံပုံငွေပါ။
အရေးပေါ်လုပ်ငန်းတွေ သာသနာရေးလုပ်ငန်းတွေ ကိုယ့်ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ နိုင်ငံတော်က ခွင့်ပြုလို့မရတဲ့ လုပ်ငန်းတွေမှာ သုံးဖို့ အစိုးရအဖွဲ့အသီးသီးက ကိုယ်ပိုင်ရံပုံငွေကို ရှာကြပါတယ်။

နိုင်ငံတကာမှာလည်း ရှိပါတယ်။

အစိုးရအဖွဲ့ မှာ စီးပွာေးရးလာဘ်မြင်ရင်မြင်သလိုရံပုံငွေရှာကြပါတယ်။

ပဲခူးမှာပြဿနာတက်ခဲ့တဲ့ ရံပုံငွေက အဲဒီရံပုံငွေပါ။

အဲဒီငွေကို သုံးရင်လည်း ဘဏ္ဍာရေးအဖွဲ့ ဖွဲ့စည်းပြီး Committee voice နဲ့ သုံးရပါတယ်။

အဲဒီရံပုံငွေက အစိုးရအဖွဲ့ရဲ့ကိုယ်ပိုင်ရံပုံငွေဖြစ်လို့ နောက်တက်လာမယ့် အစိုးရကို လွှဲလည်းရသလို မလွှဲပဲ ကိုယ့်လက်ထက်မှာ ကုန်အောင်သုံးသွားလည်းရပါတယ်။

နောက်အစိုးရကလည်း အဲဒီလို သုံးချင်ရင် ကိုယ့်ဘာသာကိုယ် ရှာရမှာ ဖြစ်ပါတယ်။

Credit... Oathar Hein

No comments: