မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 5, 2016
မြန်မာနိုင်ငံ၏ နယ်မြေဧရိယာ ၉ဝ ရာခိုင်နှုန်းကျော်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)မှ 3G ကွန်ရက်လွှမ်းခြုံဆောင်ရွက်မည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မြန်မာနိုင်ငံ၏ နယ်မြေဧရိယာ ၉ဝ ရာခိုင်နှုန်းကျော်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)မှ 3G ကွန်ရက်လွှမ်းခြုံဆောင်ရွက်မည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ရန်ကုန် ဇန်နဝါရီ ၎
မြန်မာနိုင်ငံ၏ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက် သွယ် ရေးလုပ်ငန်း(MPT)မှ ဖေဖော်ဝါရီလဆန်း ပိုင်းတွင် မြန်မာနိုင်ငံ၏ နယ်မြေ ဧရိယာ ၉ဝ ရာခိုင်နှုန်းကျော်က 3G ကွန်ရက် လွှမ်းခြုံကာ မိုဘိုင်းဖုန်းသုံးစွဲသူများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်မည် ဖြစ်သည်။
လက်ရှိတည်ဆောက်ထားသော MPT မိုဘိုင်းတာဝါတိုင်များ၌ 2.1 GHz လှိုင်း အပြင် ၉ဝဝ MHz လှိုင်းကိုပါ 3G စနစ် ထည့်သွင်း တပ်ဆင်ထားသောကြောင့် MPT ၏ 3G ကွန်ရက်ကို ပိုမိုကျယ်ပြန့်လာ စေကြောင်း၊ ယခင်က မြန်မာနိုင်ငံ အတွင်းရှိ လူဦးရေ ၆ဝ ရာခိုင်နှုန်းကိုသာ 3G ဝန်ဆောင်မှုပေးနိုင်ခဲ့သော် လည်း လာမည့် မတ်လကုန်ပိုင်း၌ ၉၅ ရာခိုင်နှုန်းထိ ဝန်ဆောင် မှုပေးတော့ မည်ဖြစ်ကြောင်း၊2Gကွန်ရက်မှ3G ကွန်ရက်သို့ တိုးမြှင့်လိုက်ခြင်းအားဖြင့် နိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်း သုံးစွဲကြသော ပြည်သူများမှာ ဖုန်းအဆက် အသွယ်များ၌ အသံပိုမိုကြည်လင် ကောင်းမွန်လာနိုင်ပြီး အင်တာနက်သုံးစွဲ မှုတွင်လည်း 21Mbps အထိ အရည်အသွေးမြင့်စွာ သုံးစွဲနိုင်ကြ မည်ဖြစ်ကြောင်း သိရသည်။
MPT- KSGM မှ တာဝန်ရှိသူတစ်ဦးက ''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပူးပေါင်းပြီး ပြည်သူများအတွက် ဝန်ဆောင်မှုအသစ်တွေ ကိုပေးခဲ့ပါတယ်။ ခုလည်း ယခင်က 2G အဆင့်သုံးစွဲနေရတဲ့နေရာတွေကို 3G အဆင့် ရရှိဖို့အတွက် ချဲ့ထွင်လိုက်ပါပြီ။ ဒီ 3G 900 MHz ဟာဆိုရင် နဂိုထက်သုံးဆ အရည်အသွေးမြင့်မားပါတယ်။ 3G ကွန်ရက် စနစ်ကို ဖေဖော်ဝါရီလဆန်းပိုင်း မှာ တစ်နိုင်ငံ လုံး တပ်ဆင်ပြီးပြီဆိုရင်တော့ မိုဘိုင်း သုံးစွဲကြသူတွေအတွက် ပိုမိုအရည်အသွေး ကောင်းတဲ့ 3G ကွန်ရက်ကိုသုံးစွဲနိုင်ကြတော့ မှာဖြစ်ပါ တယ်။ အဓိကကတော့မိုဘိုင်းဖုန်း သုံးစွဲကြသူတွေဟာ ဆင်းကတ် Slot 1 မှာ ထည့်ပြီး သုံးစွဲကြဖို့လိုအပ်ပါလိမ့်မယ်။ Slot 1 မှာ ဆင်းကတ်ကို ထည့်သုံး စွဲရင် လိုင်းဆွဲ အား ပိုမိုကောင်းတယ်ဆိုတာ ပြည်သူတွေကို သိစေချင်လို့ပါ။ မိုဘိုင်းဖုန်းသုံးစွဲကြသူတွေ အတွက် 3G 9+ Topup အစီအစဉ်လည်း စတင်ပါပြီ'' ဟု ပြောသည်။
ကွန်ရက်ဖြန့်ကြက်ခြင်းအထိမ်းအမှတ် အဖြစ် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ အထူးအစီအစဉ်ပြုလုပ်သည့် အနေဖြင့် ကြိုတင်ငွေဖြည့်စနစ် (pre-paid) သုံးစွဲသူများမှ ငွေကျပ် ၁ဝဝဝ ဖြည့်လျှင် ၂ဝ ရာခိုင်နှုန်းအနေဖြင့် ၂ဝဝ ကျပ်၊ ငွေကျပ် ၃ဝဝဝ ဖြည့်လျှင် ၃ဝ ရာခိုင်နှုန်းအနေဖြင့် ၉ဝဝ ကျပ်၊ ငွေကျပ်၅ဝဝဝ ဖြည့်လျှင် ၄ဝ ရာခိုင်နှုန်းအနေဖြင့် ၂ဝဝဝ ကျပ်၊ ငွေကျပ် ၁ဝဝဝဝ ဖြည့်လျှင် ၁ဝဝ ရာခိုင်နှုန်းအနေဖြင့် ၁ဝဝဝဝ ကျပ်၊ ငွေကျပ် ၂ဝဝဝဝ ဖြည့်လျှင် ၁ဝဝ ရာခိုင်နှုန်းအနေဖြင့် ၂ဝဝဝဝ ကျပ်၊ ငွေကျပ် ၃ဝဝဝဝ ဖြည့်လျှင် ၁ဝဝ ရာခိုင် နှုန်းအနေဖြင့် ၃ဝဝဝဝ ကျပ်ဖြင့် အပိုထပ် ဆောင်းငွေများရရှိကြ မည်ဖြစ်ပြီး ထိုအပိုထပ် ဆောင်းငွေအတွက် သက်တမ်းကုန်ဆုံးရက် မှာ အထူးအစီအစဉ်အတွင်း ငွေဖြည့်ခဲ့ သည့်ရက်မှ ၁၅ ရက်အတွင်း အသုံးပြု နိုင်ကြမည်ဖြစ်သည်။ သုံးစွဲသူများသည် ၄င်းတို့၏လက်ကျန်ငွေပမာဏကို ၁၃၃၁ (သို့) BAL ဟု စာတိုပေးပို့ကာစစ်ဆေးနိုင်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ မိုဘိုင်း သုံးစွဲကြသူများ လွယ်ကူအ ဆင်ပြေစွာ သုံးစွဲနိုင်ကြစေရေးအတွက် KDDI ကော်ပို ရေးရှင်း၊ (KDDI)၊Sumitomo ကော်ပို ရေးရှင်း (Sumitomo) တို့နှင့် လုပ်ငန်းစပ်တူ ပူးပေါင်းရန် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇူလိုင် လအတွင်းက သဘောတူလက်မှတ်ရေးထိုး ခဲ့ကြကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(စိုးဝင်း-MLA)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment