Friday, February 5, 2016

ဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ခြင်နှိမ်နင်းပြီး ဓာတ်ခွဲခန်းအဆင့်မြှင့်မည်

ဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ခြင်နှိမ်နင်းပြီး ဓာတ်ခွဲခန်းအဆင့်မြှင့်မည် Friday, February 5, 2016 ဇီကာဗိုင်းရပ်စ်နှင့်ပတ် သက်၍ တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ခြင်နှိမ်နင်းရေးအပြင် ရောဂါရှာဖွေရန် ဓာတ်ခွဲခန်းကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းဇီကာဗိုင်းရပ်စ်သည် အဓိကအားဖြင့် ခြင်ကိုက်ခံရခြင်း မှ ဖြစ်တတ်သဖြင့် ခြင်နှိမ်နင်းရေး လုပ်ငန်းအပြင် ခြင်အမျိုးအစား လေ့လာရန်၊ ရောဂါရှာဖွေရန် ဓာတ်ခွဲခန်းကို အဆင့်မြှင့်တင် မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကူးစက်ရောဂါကာ ကွယ်နှိမ်နင်းရေးမှ ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။ ‘‘ခြင်နှိမ်နင်းရေး ရက်သတ္တ ပတ်ကို တစ်ပြည်လုံးအတိုင်းအ တာနဲ့ မကြာခင်မှာ လုပ်သွားမယ်။ ဒီရောဂါက ထိုင်းကို ရောက်နေပြီ ဆိုတော့ ထိုင်းနယ်စပ်မှာ ကာ ကွယ်ရေးလုပ်ငန်းတွေ ဦးစားပေး လုပ်မယ်။ ပြီးတော့ လေဆိပ်၊ ရေ ဆိပ်တွေက ခြင်တွေကို လေ့လာ မယ်’’ဟု ၎င်းက ပြောသည်။ ထို့အပြင် ကုသရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ ဆေးရုံများ၌ စောစောသိရှိစေရန် ရောဂါ ထောက်လှမ်းရေးညွှန်ကြားချက် များ ထုတ်ပြန်ခြင်း၊ လေဆိပ်ငါး ခုနှင့် နယ်စပ်ဝင်ပေါက်၊ ထွက် ပေါက်များတွင် ရောဂါရှာဖွေရေး စက်များဖြင့် စစ်ဆေးခြင်းနှင့် အိမ်ထောင်ကျပြီးသူ၊ ကိုယ်ဝန်ဆောင် မိခင်များကို အဓိကဦးတည်ကာ ကျန်းမာရေးအသိပညာပေးခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ် သည်။ အဆိုပါ ဇီကာဗိုင်းရပ်စ် သည် အေးဒိစ်အီဂျစ်ပတိုင်း (Aedes Aegypti)ဟုခေါ်သည့် နေဝင်ချိန်နှင့် နံနက်အိပ်ရာထချိန် ၌ ကိုက်တတ်သော ခြင်ကြောင့် ကူးစက်ခံရခြင်းဖြစ်သည်။ ရောဂါ လက္ခဏာများမှာ ရုတ်တရက်ဖျား ခြင်း၊ အရေပြားတွင် အနီရောင် အကွက်၊ အစက်များထွက်ခြင်း၊ မျက်သားနီ၍ ရောင်ရမ်းခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ မအီမသာ ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စသည် တို့ဖြစ်ကာ ယင်းလက္ခဏာများကို နှစ်ရက်မှ ခုနစ်ရက်အထိ ခံစားရ လေ့ရှိသည်။ ယင်းရောဂါပိုးရှိသည့် မိခင်မှ မွေးဖွားလာသော ကလေးငယ်မှာ မွေးရာပါဦးခေါင်းသေးခြင်း များ ဖြစ်ပေါ်နိုင်ပြီး ၂၀၁၅ အောက် တိုဘာမှစ၍ ဘရာဇီးနိုင်ငံတွင် ဦးခေါင်းသေးကလေးငယ်ဦးရေ ၄,၀၀၀ ရှိနေပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သတင်းထုတ်ပြန်ထား သည်။ ထို့အပြင် ဇန်နဝါရီ ၁၉ ရက် က ထိုင်းနိုင်ငံမှ ပြန်လာသည့် ခရီး သွားတစ်ဦး၌ အဆိုပါပိုးကူးစက်ခံ ရမှုကို တွေ့ရှိရပြီး လက်ရှိတွင် တောင်နှင့်မြောက်အမေရိကနိုင်ငံ ပေါင်း ၂၀ ကျော်တို့၌ ကူးစက် ပြန့်ပွားလျက်ရှိနေခြင်းကြောင့် ကမ္ဘာ့အရေးပေါ်အခြေအနေ အဖြစ် ဇန်နဝါရီ ၂၉ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြေညာထားသည်။ လက်ရှိတွင် ယင်းပိုးကြောင့် သေဆုံးသူမရှိသေးသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ကာ ကွယ်ကုသရန် ဆေးလည်းမရှိ သေးကြောင်း WHO က သတင်း ထုတ်ပြန်ထားသည်။ ‘‘ဒီဗိုင်းရပ်စ်က ဦးနှောက်ကို ဆိုးကျိုးဖြစ်စေတဲ့အတွက် ဉာဏ် ရည်မပြည့်တဲ့ကလေးတွေ မွေး လာနိုင်ပါတယ်။ ဒါကြောင့် ခြင် ကိုက်မခံရအောင် နေဖို့လိုတယ်။ ခြင်မပေါက်ဖို့ ဖုံးသွန်လဲစစ်တွေ လုပ်ဖို့လိုတယ်။ အစိုးရအနေနဲ့ လည်း ခြင်ဝင်လာနိုင်တဲ့ နယ်စပ် ကို စောင့်ကြည့်ရမယ်။ ပလန် ကောင်းကောင်းဆွဲပြီး ကာကွယ် ရေးလုပ်ငန်းတွေ လုပ်ဖို့လိုပါ တယ်’’ဟု ဒေါက်တာဘရွှေက အ ကြံပြုသည်။ 7Day Daily

No comments: