ယနေ့ ကချင်ပြည်နယ်ဖားကန့်
မှော်လကင် မှော်မှာ အဲဗားဝင်းနား ကျောက်မျက် ကုမ္မဏီ ကျင်းပြို မှု့တွင် ဘက်ဟိုးသမားတစ်ယောက် သေဆုံးသွားတယ် ဆိုတာ ကုမ္မဏီက ဝန်ခံလိုက်ပါပြီ ။
သတင်းသမားတွေ ပြိုပြီးလို့ ရောက်သွားတော့ လူမသေဘူးလို့ ပြောပါတယ် ။ နောက်ပိုင်း မျက်မြင်တွေကလည်းပြော ၊ ဌာနဆိုင်ရာတွေလည်း ရောက်လာမှ ဘက်ဟိုး (၂) စီး နဲ့  ဘက်ဟိုးမောင်းတဲ့လူ တစ်ယောက်ပါသွားတယ်လို့ ဝန်ခံပါတယ် ။
ကျောက်မျက် ကုမ္မဏီတွေ ရဲ့  နိုင်ငံသားတွေ အပေါ် ယုတ်မာ ရက်စက်မှုအချို့  ရဲ့  သက်သေ အထောက်အထားများကို မကြာမှီ ကွှန်တော့် fb ပေါ်မှာ တင်ပြပါ့မယ်ခင်ဗျာ ။
ကျောက်မျက်ကုမ္မဏီတွေမှာ နိုင်ငံသား အလုပ်သမားတွေရဲ့  အသက်တွေ ဘယ်လောက် စာရင်းဖျောက်ထားလည်း ခန့်မှန်းလို့ မရနိုင်ပါဘူး ခင်ဗျာ ။
ဇော်မိုးဟန်
No comments:
Post a Comment