ဒယ်အိုးဆရာတော်ကိုတရားပွဲ ပင့်ချင်တယ်ဆိုတဲ့ သူတွေ နဲ့ ပက်သက်ပြီးဆရာတော်ရဲ့ သဘောထားအာဘော်ကို မှတ်မိသလောက်တင်ပြပြီး ဆရာတော်ဘုရားကို ပူဇော်လိုက်ပါတယ်။
-----------------------------------------------------------------------
အခုတရားပွဲကို သူတော်ကောင်းတို့ ဘာလာလုပ်တာလဲ။
(တရားလာနာတာပါဘုရား )
ဘာလုပ်ဖို့ တရားလာနာတာလဲ
(????)
တရားသိချင်လို့ လာနာတာမဟုတ်ဘူးလား။
မှတ်ထား ဟောတဲ့သူကလည်း အောက်ကတရားနာပရိတ်သတ် တရားသိအောင်ဆိုတဲ့ စေတနာထားပြီးဟောရမှာ ။
ဒီလိုမဟုတ်ပဲ တရားသာဟောနေတာ
ဓမ္မပူဇာကြေးကိုကြည့်ပြီးတော့ ငါတရားဟောရတာ ဒီနေ့ကိုက်မှ ကိုက်ပါ့မလား ဆိုပြီးတွေးနေရင်တော့
ဟောဒီ ပလ္လင်ပေါ်က ကောင်ကြီးလည်း ဒယ်အိုးပဲသွားရမှာ။ သဘောပါလား ။
နယ်က တစ်ကောင် သုမင်္ဂလကို တရားပွဲလာပင့်တော့ ကျုပ်ကလည်း ရှေ့ မှာကတိပေးဟောရမယ့် တရားပွဲတွေကများနေတော့ သုံးလလောက် ခွာချိန်းပြီး အဲနေ့ တရားပွဲ ပေးမယ်ပြောတာကို
ဒီကောင်က အရှင်ဘုရား တဲ့ တပည့်တော်ပွဲကိုအရင်တရားပွဲ ပေးပါတဲ့။ တပည့်တော် ဓမ္မပူဇာကြေး သိန်းတစ်ရာ စတင် မတည်ပါ့မယ်တဲ့။
သုမင်္ဂလကလည်း အဲကောင်မျက်ခွက်ကိုပိတ်ထိုးချင်တာ ဒေါသကိုအတော်ထိန်းလိုက်ရတယ်။
မင်းငါ့ဆီကတရားပွဲ ရဖို့ထက် မင်းမျက်ခွက်ငါ့လက်သီးနဲ့ မညားချင်ရင် ငါ့ရှေ့ ကအမြန်ထွက်သွားစမ်းဆိုပြီး မောင်းထုတ်လိုက်ရတယ် ။
အားလုံးမှတ်ထားပါ။ သုမင်္ဂလကို တရားပွဲ လာပင့်လို့ ဓမ္မပူဇာကြေးကို စကားထဲထည့်ပြောပြီဆိုရင်တော့ တရားပွဲ တော့ ရဖို့မရှိဘူး ။ ဟောဒီ သုမင်္ဂလရဲ့ လက်သီးကိုအရင်ကြည့်ပါ။
တရားကိုငွေကြေးနဲ့ တန်ဖိုးဖြတ်ပြီး ဈေးကွက်တစ်ခုလို အရောင်းဝယ်လုပ်တဲ့ ဓမ္မကထိကထဲ သုမင်္ဂလမပါဘူး။
လုပ်ဖူးတယ်။
ဓမ္မပူဇာကြေးနဲ့ပက်သက်ပြီး မကြာခန ပြသနာတွေဖြစ်ကြတော့
ဟေ့ သုမင်္ဂလတရားပွဲ ဓမ္မပူဇာကြေး လုံးဝ မပါရ အမိန့်ထုတ်ပြီးသုမင်္ဂလ တရားဟောဖူးတယ်။
နောက်ပိုင်းမှ ဒကာဒကာမ တွေက အရှင်ဘုရားတို့က တရားဟော ပြီး ကုသိုလ်တွေ အရယူသွားပြီး တပည့်တော်တို့က ဘာကုသိုလ်မှ သိပ်မရလို့ အဲလိုမလုပ်ပါနဲ့ဘုရား ဓမ္မပူဇာကြေးကိုပြန်လက်ခံပါဆိုပြီးတောင်းပန်လို့ ပြန်လက်ခံထားတာ ။
မြန်မာပြည် အလယ်ပိုင်းက မြို့တစ်ခုမှာတုန်းက ဓမ္မပူဇာ တရားပွဲတွေ လုပ်တော့ အဲဒီက ကျုပ်တို့ ညီတော် နောင်တော်တွေပါပဲ။ အလှည့်ကျတရားဟောကြတယ်။
အဲဒီမှာသူတို့က တရားတစ်ပွဲ ဟောပြီးတိုင်း ပလ္လင်ပေါ်ကပြန်ဆင်းလာရင် တစ်ယောက်တစ်ပေါက်နဲ့ ဒီနေ့တော့ ဒီလောက်ပဲရတယ်ကွာ သိပ်မကိုက် ဘူးတို့ ဘာတို့ စသလိုလို နောက်သလိုလို တစ်ယောက်တစ်ခွန်းတွေ ညီးနေကြတာ သုမင်္ဂလက မနေနိုင်ဘူး။
သူတို့ရှေ့ သွားပြီး အရှင်ဘုရားတို့ က ဘာကို မကိုက်တာလဲ ။ တရားတစ်ပွဲကို အရှင်ဘုရားတို့ ဘယ်လောက်ရမှ ကိုက်မှာလဲ ။ ပြောစမ်း တပည့်တော် ရှာပေးမယ် ။
အဲဒီ အတိုင်းဒေါသနဲ့ ခပ်ဆတ်ဆတ် ပြောလိုက်မှ ငြိမ်ကျသွားတယ်။နောက် သုမင်္ဂလရှေ့ မပြောရဲတော့ဘူး။
ပလ္လင်ပေါ်တက်ပြီး အလကားရတဲ့ လေနဲရင်းဟောရတာ ဘာကိုမကိုက်မှန်းမသိဘူး။
သဘောပါလား။
( ဒယ်အိုး ဆရာတော် )
ဓါတ်ပုံ- မောင်သိန်း(ဒဿ နိက)
၂၁.၂.၂၀၁၆
ု
No comments:
Post a Comment