မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
လက်ဖက်ဈေးကွက် အဓိကတည်ရှိရာ နမ့်ဆန်မြို့ မီးလောင်မှုကြောင့် လက်ဖက်ထုတ်လုပ်မှု မထိခိုက်နိုင်သော် လည်း အရောင်းအဝယ်ပိုင်းတွင် အခက်အခဲများတွေ့လာနိုင် ++++++++++++++++++
လက်ဖက်ဈေးကွက် အဓိကတည်ရှိရာ နမ့်ဆန်မြို့ မီးလောင်မှုကြောင့် လက်ဖက်ထုတ်လုပ်မှု မထိခိုက်နိုင်သော် လည်း အရောင်းအဝယ်ပိုင်းတွင် အခက်အခဲများတွေ့လာနိုင်
+++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဖေဖော်ဝါရီ ၇- လက်ဖက် ဈေးကွက် အဓိကတည်ရှိရာ နမ့်ဆန် မြို့ မီးလောင်မှုကြောင့် ပြည်တွင်း လက်ဖက်ထုတ်လုပ်မှုကို မထိခိုက် နိုင်သော် လည်း အရောင်းအဝယ်ပြု လုပ်ရာတွင် အခက်အခဲများတွေ့ လာနိုင်ကြောင်း မြန်မာ နိုင်ငံ လက် ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများ အစုအဖွဲ့မှ သတင်းရရှိ သည်။
မြန်မာနိုင်ငံအတွင်း လက်ဖက် ကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက် ပျိုးထုတ်လုပ်လျက်ရှိပြီး ဒေသမှထွက် ရှိသောလက်ဖက်များကို နမ့်ဆန်မှ တစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက်တွင် ရှမ်းပြည်နယ် (မြောက် ပိုင်း)နမ့်ဆန်မြို့ မီးဘေးသင့် ခဲ့ခြင်း ကြောင့် ပြည် တွင်းလက်ဖက်အရောင်း အဝယ်ပြုလုပ်ရာတွင် အခက်အခဲ များဖြစ်လာနိုင်ကြောင်း သိရသည်။
အဆိုပါအစုအဖွဲ့မှ ဥက္ကဋ္ဌ ဦး ထွန်းမြိုင်က ''ရှမ်းပြည်နယ်ကနေ တစ်နိုင်ငံ လုံးအတွက် လက်ဖက် အဓိကစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချပေးနေ တာပါ။ နမ့်ဆန်ကတော့ လက်ဖက်ဈေးကွက်တည်ရှိတဲ့နေရာ ပါ။ ကျေးရွာတွေကထွက်ရှိတဲ့ လက် ဖက်တွေအားလုံး နမ့်ဆန်မှာပဲ လာ ရောင်းချပြီး တစ်နိုင်ငံလုံးကိုဖြန့် ပေးနေတာပါ။ ဒီလို လက်ဖက် အ ရောင်းအဝယ်အဓိကလုပ်တဲ့ နမ့်ဆန် မီးလောင်သွားတာကြောင့် လက်ဖက် ဈေးကွက်ကိုထိခိုက်ပြီး အရောင်းအ ဝယ်လုပ်တဲ့နေရာမှာ အခက်အခဲတွေ တွေ့လာနိုင်ပါတယ်။
လက်ဖက် ထုတ် လုပ်မှု က ကျေးရွာတွေမှာလုပ်ကိုင်တာဖြစ်တဲ့အတွက် လက်ဖက်ထုတ် လုပ်မှုကိုတော့ မထိခိုက်နိုင်ဘူး''ဟု ပြောသည်။
အဆိုပါ နမ့်ဆန်မီးလောင်မှုတွင် လက်ဖက်လုပ်ငန်းကြီးများ ပါဝင်ခဲ့ ကြောင်းနှင့် ယင်း လက်ဖက်လုပ်ငန်း များ ပြန်လည်ထူထောင်နိုင်ရန် အကူ အညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
ဦးထွန်းမြိုင်က ''မီးဘေးသင့် တဲ့အထဲမှာ လက်ဖက်အသင်းရဲ့ ဗဟို အလုပ် အမှုဆောင်တွေ၊ အမှုဆောင် တွေအများစုပါဝင်ကြတယ်။ အသင်း အနေနဲ့ တတ်နိုင်သလောက် ငွေ ကြေးစုပြီး မီးဘေးသင့်လုပ်ငန်းရှင် တွေကို အကူ အညီပေးပေမယ့်လည်း ၈၀ ရာခိုင်နှုန်းလောက် က မီးဘေးသင့် အထဲပါ တဲ့အတွက် အနည်းစုက အများစုကို ကူညီနေသလိုဖြစ်နေပြီး အကူအညီက သိပ်မထိရောက်သေး ဘူး။ တခြားအဖွဲ့အစည်းတွေ အလှူရှင် တွေရဲ့ အကူအညီတွေလိုအပ်နေ ပါတယ်''ဟုပြောသည်။
ယင်းနမ့်ဆန်မီးလောင်မှုတွင် မင်္ဂလာ ရပ်ကွက်ရှိ အိမ်ခြေ ၁၂၂ လုံး၊ မြို့လယ် ရပ်ကွက်ရှိ အိမ်ခြေ ၈၇ လုံး စုစုပေါင်းအိမ်ခြေ ၂၀၉ လုံးမီးဘေး သင့်ခဲ့ကြောင်းသိရသည်။
TEEP
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment