Monday, February 22, 2016

တရုတ်ပြည်သို့တင်ပို့ရန် ခွေးလှေးယားစေ့များ အဝယ်လိုက်၍ လာမည့်ရာသီတွင် မင်းဘူးဒေသ ၌ တောင်သူများ စီးပွားဖြစ်စိုက်ပျိုးမည်

တရုတ်ပြည်သို့တင်ပို့ရန် ခွေးလှေးယားစေ့များ အဝယ်လိုက်၍ လာမည့်ရာသီတွင် မင်းဘူးဒေသ ၌ တောင်သူများ စီးပွားဖြစ်စိုက်ပျိုးမည် ++++++++++++++++++++++++++++++++++++ မင်းဘူး၊ ဖေဖော်ဝါရီ ၂၁- တရုတ် နိုင်ငံသို့ တင်ပို့နိုင်ရန် ခွေးလှေးယား စေ့ (အယဉ်စေ့)များကို မကွေးတိုင်း ဒေသကြီး မင်းဘူးဒေသတွင်းရှိ မြို့ နယ်များ ၌ ဈေးကောင်းပေးဝယ်ယူ နေမှုကြောင့် ခွေးလှေးယားစိုက် တောင်သူများ ဝင်ငွေကောင်း၍ အဆင် ပြေနေကြောင်း သိရသည်။ ခွေးလှေးယားစေ့ကို ဆေးအဖြစ် အသုံးပြုရန်ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရပြီး ယမန်နှစ်က ခွေးလှေးယား စေ့ (တစ်ပြည်) ကျပ် ၄၈၀၀ ဈေးရှိရာ မှ ယခုနှစ်တွင် ကျပ် ၁၀၀၀၀ ကျော် ထိပေး၍ ဝယ်ယူနေကြောင်း ခွေး လှေး ယားစေ့ရောင်းချသော တောင် သူများထံမှသိရသည်။ ''ခွေးလှေးယားပင်ဟာ နွယ်ပင် မျိုးနွယ်ဖြစ်ပါတယ်။ တန်ဆောင်မုန်း လလောက်ဆို အပွင့်တွေပွင့်လာပြီး မကြာမီ အသီးကင်းလေးတွေ ထွက် လာပါတယ်။ ဆောင်းကုန်ခါနီး လောက်ဆို တစ်ပင်လုံးအသီးတွေပြည့် ကာ ခူးဆွတ်လို့ရနေပြီး တစ်နှစ်ကို တစ်ကြိမ်သာ သီးပါတယ်။ မနှစ်က တစ်ပြည် ကျပ် ၄၈၀၀ ဈေးရရှိပြီး ယခု နှစ်မှာ တစ်ပြည် ကျပ် ၁၂၀၀၀ ထိ ဈေးရရှိနေ တယ်''ဟု ခွေးလှေးယား စေ့စိုက်ပျိုးရောင်းချသူ ငဖဲမြို့နေ ကိုအောင်နိုင် က ပြောသည်။ ခွေးလှေးယားစေ့ (အယဉ်) သည် အမျိုးသားများအတွက် အား ကိုဖြစ်စေပြီး အဆိပ်ကိုနိုင်စေကာ ခွေးလှေးယားစေ့ကို တစ်နေ့ သုံးစေ့ စားသုံးခြင်းဖြင့် ကင်ဆာရောဂါကို ပါ ဟန့်တားကာကွယ်နိုင်ကြောင်းကို လေ့လာ စားသုံးသူ များထံမှ သိရှိရ သည်။ ''ခွေးလှေးယားစေ့ (အယဉ်) ကို ဒေသတွင်း က ကျေးရွာတွေထိ ဆင်းပြီး ဝယ် ရ ပါတယ်။ နှစ်တင်း၊ သုံးတင်းလောက်ရရင် မန္တလေးက အဝယ်ဒိုင် ဆီပို့ပြီး ရောင်းချပါတယ်။ မန္တလေးမှအဝယ်ဒိုင်က တရုတ်ပြည် ကို တင် ပို့ရောင်း ချတယ်''ဟု မင်းဘူး မြို့နေ ခွေးလှေးယားစေ့ ဝယ်ယူသူ ဒေါ် တင်မော် က ပြောသည်။ တရုတ်ပြည်သို့ တင်ပို့ရောင်း ချရန် ဈေးကောင်းပေးဝယ်ယူမှု များ ကြောင့် ဒေသ တွင်းရှိ တောင်သူများ မှာ လာမည့်ရာသီတွင် စီးပွားဖြစ် ရောင်းချသော သီးနှံတစ်မျိုးအဖြစ် တိုးမြှင့်စိုက်ပျိုးလုပ် ကိုင်ကြမည်ဖြစ် ကြောင်းကို ဒေသခံတောင်သူများ ထံမှ သိရသည်။ KK(MB) #Democracytoday

No comments: