Sunday, February 21, 2016

ယမ်းချက်ရာတွင်သုံးသည့် အမိုနီယံနိုက်ထရိတ် တန်၁၀၀၀ကျော်သယ်ဆောင်လာသည့် ဇက်ရေယာဉ်အားစစ်ဆေးရာ တပ်မတော်မှပစ္စည်းများဖြစ်ကြောင်း ပြောဆို..

ယမ်းချက်ရာတွင်သုံးသည့် အမိုနီယံနိုက်ထရိတ် တန်၁၀၀၀ကျော်သယ်ဆောင်လာသည့် ဇက်ရေယာဉ်အားစစ်ဆေးရာ တပ်မတော်မှပစ္စည်းများဖြစ်ကြောင်း ပြောဆို..(ဟာဂျူလီ-ကသာ)
*************
  ကသာမြို့ ဇက်ဆိပ်သို့ အကာအယံမဲ့သယ်ဆောင်လာသည့် တန်ချိန်ထောင်ချီရှိ အမိုနီယံနိုက်ထရိတ်များနှင့် ပတ်သက်၍ ပေါက်ကွဲစေတတ်သည်ဟူသော သတင်းများ ပျံ့နေပြီး မြို့နေလူထုများ စိုးရိမ်စိတ်များ ဖြစ်နေခဲ့ပါသည်၊ ထိုဖြစ်စဉ်အပေါ် သက်ဆိုင်ရာမှ
အဖွဲစုံပါဝင်သောအဖွဲ့မှ ၂၁.၂.၂၀၁၆ရက်နေ့ နေ့လည်ပိုင်းက အမိုနီယံနိုက်ထရိတ်များတင်ဆောင်ထားသည့်  ဇက်ပေါ်တက်ရောက်စစ်ဆေးခဲ့ပါသည်၊
ထိုပစ္စည်းများကို တာဝန်ခံသယ်ဆောင်သူ ဗိုလ်ကြီးမင်းလွင်သူမှ သီလဝါဆိပ်ကမ်း တံတားအမှတ်(oAE)မှ ကပစ(၁၃)သို့ စိန်နဲ့မြ ဇက်ဖြင့် တင်ဆောင်လာသည့် စာရွက်စာတမ်းများ ထုတ်ပြခဲ့ကြောင်း သိရှိရပါသည်၊ ဇက်ပေါ်ရှိ အမိုနီယံနိုက်ထရိတ်များကို ကသာဇက်ဆိပ်မှတစ်ဆင့် ဖားကန့်ရှိ ကပစ(၁၃)သို့ မော်တော်ယာဉ်များဖြင့် ကဲ့ယူသယ်ဆောင်မည်ဟုလည်း သိရှိရပါသည်၊မည်သည့်အဖွဲ့အစည်းမဆို ယခုလို အန္တရာယ်ရှိသည့် ပစ္စည်းအများအပြား သယ်ဆောင်ရာတွင် ဖြတ်သန်းရာလမ်းတစ်လျှောက်ရှိ မြို့ရွာများမှ တာဝန်ရှိသူများနှင့်မီးရေးအပါအဝင် အခြားလုံခြုံရေးကိစ္စများအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း နှင့် လုံလောက်သည့် အထောက်အထားများ ယူဆောင်လာသင့်ကြောင်း ရေးသားလိုက်ရပါသည်။
(ဟာဂျူလီ-ကသာ)

No comments: