Sunday, February 21, 2016

ဒူးယားစီးကရက်ကြိုက်သူများ ဒူးယားဆိုတာ တော်လှန်ရေးကောင်စီခေတ်က တောင်သူ လယ်သမား အစည်းအဝေးကြီး ကျင်းပပြီး သီးစားစနစ်ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့ အစည်းအဝေးကြီးကျင်းပခဲ့တဲ့ ဒူးယားရွာကြီးနဲ့ ဒူးယားအင်းကို ဂုဏ်ပြုထားတယ်ဆိုတာ သိချင်မှ သိပါလိမ့်မယ်။

၂၀၁၄၊ ၂၀၁၅ နှစ်တွေ မှာ ဧရာဝတီမြစ်ရေက တစ်နှစ်ကို ပေလေးရာလောက် တိုက်စားခဲ့ လို့ အခုဆိုရင် မြစ်နဲ့ ဒူးယားအင်းက ပေနှစ်ရာလောက်ပဲကွာပါတော့တယ်။

ဒီနှစ်မိုးရာသီမှာ ကမ်းပြိုမှုကို မတားနိုင်ဘူးဆိုရင် မြစ်ရေက ဒူးယားအင်းအထိ ကျိုးပေါက် သွားပီး ဟင်္သာတနဲ့ ကျုံပျော်/ ဓနုဖြူမြို့နယ်တွေက မြေဧက သုံးသိန်းကျော်ရေကြီး နစ်မြုတ်သွားနိင်ပါတယ်။

အဲဒီရေကြီးနစ်မြုတ်မှုဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် ရေလွှဲဖြတ်တူးမြောင်း တူးဖော်ခြင်း လုပ်ငန်းခွင်ကို စက်ပေါင်း သုံးရာကျော်နဲ့ ဆောင်ရွက်နေမှုကို နိုင်ငံတော်သမ္မတကိုယ်တိုင် ဒီနေ့မနက် သွားရောက် စစ်ဆေးခဲ့ပါတယ်။

No comments: