Monday, February 22, 2016

ကရုဏာကမ္ဘာ စစ်မှုထမ်းဟောင်း ဘိုးဘွားရိပ်သာစတင်ဖြစ်မြောက်အောင် စွန့်ဦးဆောင်ရွက်ခဲ့သည့်ကရုဏာကမ္ဘာစောင့်ရှောက်ရေးကော်တီဗဟိုအဖွဲ့ ဥက္ကဌဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်(ငြိမ်း)အားလေးစားစွာမှတ်တမ်းတင် အလေးပြုလိုက်ပါ၏

ကရုဏာကမ္ဘာ စစ်မှုထမ်းဟောင်း ဘိုးဘွားရိပ်သာစတင်ဖြစ်မြောက်အောင်
စွန့်ဦးဆောင်ရွက်ခဲ့သည့်ကရုဏာကမ္ဘာစောင့်ရှောက်ရေးကော်တီဗဟိုအဖွဲ့
ဥက္ကဌဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်(ငြိမ်း)အားလေးစားစွာမှတ်တမ်းတင်
အလေးပြုလိုက်ပါ၏
===============================================
ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)တွင်နေထိုင်နိုင်ကြောင်းနှင့်
အလှူရှင်များ အနေဖြင့် အလှူငွေများ၊ လိုအပ်လျက်ရှိသော ပစ္စည်းများ
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်း

၁။ တိုင်းပြည်နှင့်လူမျိုးအတွက် နှစ်ရှည်လများ သက်စွန့်ကြိုးပမ်း တာဝန်
ထမ်းဆောင်ခဲ့ကြသူများအတွက် တည်ဆောက်နေသည့် ကရုဏာကမ္ဘာ
ဘိုးဘွားရိပ်သာ(နေပြည်တော်)မှာ မကြာခင်ပြီးစီးတော့မည် ဖြစ်ပါသည်။
၂၀၁၆ ခုနှစ်တပ်မတော်နေ့အမီဖွင့်လှစ်နိုင်ရန် နေ့မအားညမနား ကြိုးစား
တည်ဆောက်လျက် ရှိပါသည်။

၂။ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ ပြီးစီးသည့်အခါ အဘိုး ၁၈၀ ဦး၊ အဘွား
၁၂၀ ဦး၊ အဘိုးအဘွားစုံတွဲ ၃၆ တွဲ၊ကျဆုံးဒဏ်ရာရစစ်သည်များ၏ မိသားစု
၃၆ စု၊ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရသည့်စစ်သည်လူပျိုနှင့်ကျဆုံးစစ်သည်
များ၏ဇနီးများ လက်ခံမည်ဖြစ်ပါသည်။

၃။ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် နေထိုင်စဉ်အတွင်း စားဝတ်နေရေး
သာမက လူမှုရေးလိုအပ်ချက်များ ကိုပါ အဆင်ပြေအောင် စီစဉ်ပေးမည်ဖြစ်
ပါသည်။ ဘ၀တစ်လျှောက်လုံး ကရုဏာကမ္ဘာတွင် အေးချမ်းစွာ နေထိုင်နိုင်
ရေးအတွက် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၎။ သို့ပါ၍ ပြင်ပတွင်စားဝတ်နေရေး အဆင်မပြေကြသော သက်ပြည့်ပင်စင်
ခံစားနေကြသည့် အသက် ၇၀ ကျော် စစ်သည်များ၊ စစ်သည်များ၏ဇနီးများ၊
ကျဆုံး/ဒဏ်ရာရစစ်သည်များ၏ ဇနီးများနှင့် မိသားစုများသည် ကရုဏာကမ္ဘာ
ဘိုးဘွားရိပ်သာတွင် လာရောက်နေထိုင်လိုပါက နီးစပ်ရာ တပ်ရင်း/တပ်ဖွဲ့ဌာန
ချုပ်များသို့ ဖြစ်စေ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များသို့ဖြစ်စေ သွားရောက်
ဆက်သွယ်ကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

၅။ လျှောက်လွှာပုံစံ(နမူနာ)များကို မကြာမီပေးပို့ပါမည်။တပ်ရင်း/တပ်ဖွဲ့ဌာနချုပ်
များ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့များကလည်း လာရောက်ဆက်သွယ်ပါက
အစစအဆင်ပြေအောင်စီစဉ်ဆောင်ရွက် ပေးကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါ
သည်။

၆။ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ အချိန်မီဖွင့်လှစ်ပြီး မိမိတို့၏စစ်သည်တော်အို
ကြီးများ၊ စွန့်လွှတ်စွန့်စား သူများ ၏ မိသားစုများ ၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ
ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြစေရေး အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများ
ကိုဖြစ်စေ၊ ငွေသား(CASH)ဖြစ်စေ တတ်အားသမျှ အလှူဒါန ပါဝင်လှူဒါန်း နိုင်
ကြောင်းတိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။

၇။ လှူဒါန်းလိုသူများသည် အင်းဝဘဏ်လီမိတက်၊ စာရင်းအမှတ်(83-03413)
သို့ဖြစ်စေ၊ အောက်ပါအရာရှိကြီးများထံသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ
ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်-

(က) ဗိုလ်မှူးကြီးအောင်မြိုင်၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊
ဖုန်း-၀၉-၅၅၀၇၁၅၁
(ခ) ဗိုလ်မှူးကြီးမြတ်မင်းဦး၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)သတင်းနည်းပညာ
ဌာန၊ ဖုန်း-၀၉-၃၁၉၉၉၉၇၃
(ဂ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း၊ စစ်ရေးချုပ်ရုံး၊ ဖုန်း-၀၉-၄၉၂၀၂၄၂၅

ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ
နေပြည်တော်
https://www.facebook.com/KarunaKabahome/photos/a.942184569195395.1073741828.941730462574139/978731122207406/?type=3&theater

No comments: