Sunday, February 21, 2016

သမ္မတကြီးအတွက်အိတ်ဖွင့်ပေးစာ

သမ္မတကြီးအတွက်အိတ်ဖွင့်ပေးစာ

ဘစိန်ကိုပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီးဖြစ်တာတစ်ကြောင်း

ဘစိန်ရဲ့နူးညံ့ပျော့ပြောင်းတဲ့နိုင်ငံရေးကိုင်တွယ်မှုတွေကြောင့်တစ်ကြောင်း

ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာအဓိကဦးဆောင်သူဖြစ်တာကတစ်ကြောင်း

ရိုးသားမှုဂုဏ်နဲ့ အနေအေးဖြောင့်မတ်မှုကြောင့်တစ်ကြောင်း

ပြည်သူ့အသံကိုတလေးတစားနားထောင်တတ်သော နိုင်ငံ့အကြီးအကဲအဖြစ် ပြည်သူ့ဆန္ဒတွေကိုလိုသည်ထက်ပိုပြီ့လိုက်လျောခဲ့တဲ့အတွက်ကြောင့်တစ်ကြောင်း

သမ္မတကြီးဦးသိန်းစိန် ဆိုတာ သမိုင်းကောင်းတွေနဲ့ ပြည်သူလူထုအသဲထဲမှာရော သမီးရဲ့နှလုံးသားထဲမှာပါ ထာဝရချစ်ခင်လေးစားလျှက်ပါ အဘ။

အဘစိန်ကို လူငယ်တွေစုပြီးကန်တော့ကြမယ်ဆိုတာမြင်သိရတော့ ကြည်နူးမိပါတယ် အဘ။

မတ်လ(၅)ရက်နေ့သမီးတော့လိုက်မကန်တော့တော့ပါအဘ။

ဘာလို့လဲဆိုရင် အဘကိုဒီနေရာမှာဒီအတိုင်းပဲမြင်ချင်လို့သမီးတို့ပြည်ခိုင်ဖြိုးသားသမီးတွေအဘကိုအစွမ်းကုန်ဝန်းရံပေးခဲ့ကြပါတယ်။အပြောင်းအလဲဆိုတဲ့စကားတစ်ခွန်းနဲ့တင် သမီးတို့လုပ်ဆောင်ချက်တွေအရာမထင်ခဲ့ပါဘူး။ဒါပေမယ့် အဘရယ်

အဘကိုဒီနေရာမှာဆက်လက်ရပ်တည်နိုင်ဖို့ကိုမေ့လျော့ပြီး ပြည်ခိုင်ဖြိုးကို မဲမပေးဘူးလို့ပြောခဲ့ကြတဲ့သူတွေထက်စာရင်သမီးကန်တော့တာထက်ပြည့်စုံတဲ့လုပ်ဆောင်မှုတွေ လုပ်ပေးခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေလို့ပါပဲအဘ။
တကယ်ဆိုရင်ပြည်ခိုင်ဖြိုးအနိုင်ရရေးဆောင်ရွက်ခဲ့တာဟာ ကျွဲကူးရေပါ သဘောပါအဘ။

ခုမဲအရေအတွက်တွေတစ်နိုင်ငံလုံးအတိုင်းအတာထွက်လာပြီဆိုတော့ပိုရှင်းသွားပါတယ်အဘ။

သူတို့ပြောသလို အနိုင်ရပါတီက သန်း ၅၀ရဲ့ဆန္ဒမဲအကုန်ရခဲ့တာမှမဟုတ်ပဲလေ။

ဟိုစကားပုံလေးတော့သတိယမိသားအဘရေ။
ဆိုင်မဆိုင်တော့မသိဘူး။

"မိဘကိုမသေခင်လုပ်ကျွေးပါ သေမှငိုမနေပါနဲ့တဲ့"

ပြုံးပြီးကန်တော့ခံမယ့် ဘစိန်ရဲ့အပြုံးတွေကိုမြင်ယောင်မိရင်း

အစဉ်ချစ်ခင်လေးစားလျှက်

သမီးမယ်ယဉ်
(၂၁.၂.၂၀၁၆)
(၁၁:၀၅)AM

No comments: