"အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်ဖို့လို"
ရန်သူအားပေးအကောင့်တွေမှာ
UWSA အကြောင်း မွှန်းထားတာတွေ
ဖတ်ရင်း အတွေးနယ်ချဲ့နေမိပါတယ်။
စစ်ပွဲတစ်ပွဲကိုတိုက်တာ
နိုင်ချင်လို့တိုက်တာပါ။
စစ်ပွဲနိုင်မှ စစ်တိုက်ရကျိုးနပ်ပါတယ်။
အနှစ်အစိတ်ကျော်ကာလအတွင်းမှာ
UWSA ဟာ တစ်ဘက်နိုင်ငံအထောက်အပံ့နဲ့
လက်နက်ကောင်းတွေ ဝယ်ယူဖြည့်တင်းတပ်ဆင်
ထားပြီး ခံစစ်ကိုလည်း ကောင်းစွာပြင်ဆင်ထားပါတယ်။
ဒါပေမဲ့
UWSA ရဲ့ခံစစ်ကို
ခံစစ်သေလို့ ယူဆဖို့ခက်ပါတယ်။
ရန်သူ့စီအမံကို အားလုံးသိခွင့်တော့မရှိပါဘူး။
ဒါ့ကြောင့် UWSA ကို
တိုက်မယ်ဆိုရင်
ဒုတိယကမ္ဘာစစ်ကလို
လက်နက်ကြီးပစ်၊
ကျားထိုး သမရိုးကျ
တိုက်စစ်လောက်နဲ့
မရနိုင်ပါဘူး။
အီရတ်စစ်ပွဲ နှစ်ပွဲစလုံးမှာ
အင်အားတစ်သန်းကျော်ရှိတဲ့
အီရတ်စစ်တပ် ဖရိုဖရဲဖြစ်ပြီး
အီရတ်စစ်သားတွေ
ပိုးစိုးပက်စက်သေဆုံးခဲ့ပါတယ်။
မီဒီယာတွေတောင်
ဓာတ်ပုံမရိုက်လိုက်နိုင်ပါဘူး။
ဒီလိုခြေမှုန်းသုတ်သင်မှုမျိုးကို
လေကြောင်းကသာ
ဆောင်ရွက်နိုင်ပါတယ်။
လေတပ်ရဲ့အရေးပါမှုဟာ
ပိုပိုပြီးတော့
အရေးပါလာတယ်လို့ပဲ ဆိုချင်ပါတယ်။
ဥပမာ
UWSA ကို တိုက်မယ်ဆိုရင်
စစ်ကြေညာနေစရာမလိုပါဘူး။
UWSA ဟာ
ပြည်တွင်းမှာရှိတဲ့
လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သာဖြစ်ပါတယ်။
ဒါ့ကြောင့်
တခြားအဖွဲ့တွေလို
သတိပေးတာတွေ၊
ကြေညာတာတွေမလိုဘဲ
တိုက်ချင်တဲ့အချိန်မှာ
လေကြောင်းတိုက်ခိုက်မှုကို
အလစ်အငိုက်
ဆောင်ရွက်သင့်ပါတယ်။
ဒီလိုတိုက်ခိုက်မှုမှာ
ပဒူအုံတုတ်နဲ့သွားထိုးတဲ့
တိုက်ခိုက်မှုမျိုးမဖြစ်ဖို့လိုပါတယ်။
အီရတ်ကိုကြည့်ပါ။
လေတပ်မဝင်ခင်
ပါရှန်ပင်လယ်ထဲကနေ
ရေတပ်က
ခရုစ်ဒုံးကျည်တွေနဲ့
ကျွေးပါတယ်။
လေတပ်ဝင်တဲ့အချိန်မှာ
ပထမစစ်ပွဲတုန်းက
လေယာဉ်ဟောင်းတွေနဲ့
ခပ်စိတ်စိတ်ပိုက်စိတ်တိုက်
ဗုံးကြဲချပါတယ်။
ပြီးတော့မှ
မျိုးဆက်သစ်လေယာဉ်တွေကို
သုံးတာပါ။
နာမည်ကြီးသွားတာကတော့
F. 117 ပါ။
ဘာပဲဖြစ်ဖြစ်
Guided Missile တွေကို
စနစ်တကျတူးထားတဲ့
အီရတ်မြေအောက်ဘန်ကာတွေတောင်
မခံနိုင်ပါဘူး။
တစ်ခါတည်း မြှုပ်ပြီးသားပါပဲ။
UWSA ကို တိုက်ရင်
လေကြောင်းကနေ
အဲဒီလို Guided Missile တွေ၊
ဖျက်အားပြင်းဗုံးတွေကို
ပေါပေါသီသီသုံးဖို့လိုပါလိမ့်မယ်။
ရန်သူ့တပ်ဖြန့်ခွဲထွက်နိုင်တဲ့
နေရာတွေမှာ
ကျန်တဲ့ သံချပ်ကာ၊ တင့်
(သုံးလို့ရလျှင်) နဲ့
အမြောက်/ ဒုံးအဖွဲ့တွေက
စောင့်ကြိုခြေမှုန်းလို့ရနိုင်ပါတယ်။
ရန်သူနဲ့လာရောက်ပူးပေါင်းမယ့်
ရန်သူ့မဟာမိတ်တပ်တွေကိုလည်း
သွားရောက်မပူးပေါင်းနိုင်မီ
လမ်းမှာတင်
အမြတ်ပြတ်ခြေမှုန်းပစ်ဖို့လိုပါတယ်။
ဒီလိုခြေမှုန်းရေးတွေ အားလုံးမှာ
အရေးအပါဆုံးက လေကြောင်းပါ။
ငွေကုန်ပါလိမ့်မယ်။ ကုန်ပါစေ။
ရန်သူ့စိတ်ဓာတ်ကို
ရိုက်ချိုးဖျက်ဆီးပစ်လိုက်ဖို့လိုပါတယ်။
နောင်ကို
ဘယ်တော့ခေါ်ခေါ်
ဘယ်လိုနည်းနဲ့ခေါ်ခေါ်
လက်နက်ကိုင်အဖွဲ့လို့
အသံကြားလိုက်တာနဲ့
တစ်ခါတည်း
ထွက်ပြေးသွားလောက်အောင်
ရန်သူ့စိတ်ဓာတ်ကို
ရိုက်ချိုးပစ်လိုက်ရမှာပါ။
SSA လိုအဖွဲ့မျိုးကို
တိုက်ရတာ ပြဿနာမရှိပေမဲ့
UWSA ကို
သမရိုးကျလက်နက်၊
သမရိုးကျစစ်ဆင်ရေးနဲ့
တိုက်မယ်ဆိုရင်
အခက်အခဲရှိနိုင်ပါတယ်။
အီရတ်စစ်ပွဲ နှစ်ပွဲစလုံးမှာ
အမေရိကန်စစ်သည်
အသေအပျောက်စာရင်းဟာ
အံ့သြစရာကောင်းလောက်အောင်
နည်းပါးလွန်းလှပါတယ်။
အသေအပျောက်
မရှိသလောက်လို့တောင်
ဆိုနိုင်မယ်ထင်ပါတယ်။
ဒါဟာ နည်းပညာအစွမ်းပါ။
လေတပ်အစွမ်းကြောင့်ပါ။
ခရုစ်ဒုံးကျည်တွေ၊
တိုမဟော့ ဒုံးကျည်တွေ၊
ပက်ထရီယော့ခ်ဒုံးကျည်တွေရဲ့
အစွမ်းကြောင့်ပါ။
F117. F18? F16 နဲ့
အပါချီရဟတ်ယာဉ်တွေရဲ့
အစွမ်းကြောင့်ပါ။
အမေရိကန်တွေ
သူတို့စစ်သည်တွေကို
အသေမခံတော့ပါ။
ငွေ/ နည်းပညာနဲ့
စစ်တိုက်ပါတယ်။
သမရိုးကျစစ်ဆင်ရေးနဲ့
တိုက်ရင် ခက်ခဲမယ်ဆိုတာ
သိရဲ့နဲ့ အတင်းတိုက်ခိုင်းရင်
မိမိစစ်သည်တွေ မလိုအပ်ဘဲ
အကျအဆုံးများပြားတာသာ
အဖတ်တင်ကျန်ရစ်မှာပါ။
ဒါ့ကြောင့်
လိုအပ်တဲ့ လေယာဉ်၊ ဒရုန်း၊
Guided Missile များ၊
ဖျက်အားပြင်းဗုံးများ
ဝယ်ယူ (သို့) ထုတ်လုပ်
သုံးစွဲသင့်ပါပြီ။
မြန်မာ့နိုင်ငံရေး
အပြောင်းအလဲအခြေအနေအရရော
လိုအပ်ချက်အရပါ
UWSAနဲ့
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
တိုက်ရမှာပါပဲ။
အဲဒီတစ်နေ့နေ့ဟာ
ဒီနေ့လည်းဖြစ်နိုင်သလို
မနက်ဖြန်လည်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်
ရန်သူက
အနားရထားတာကြာပြီဖြစ်ပြီး
နေ့စဉ်လေ့ကျင့်မှုနဲ့
လူ/ လက်နက်အင်အားတိုးချဲ့မှုကို
စိတ်တိုင်းကျ
လုပ်ထားခဲ့ပြီးသားဖြစ်ပါတယ်။
တပ်ပြောင်းရွှေ့မှု Mobility
အလွန်မြန်တယ်လို့ ဆိုပါတယ်။
UWSA ကို
SSA တိုက်သလို
သွားတိုက်လို့ မရပါ။
စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့
အဲဒီစစ်ပွဲကို
နိုင်အောင်တိုက်ဖို့လိုသလို
အမြန်ဆုံးအဆုံးသတ်နိုင်ဖို့လည်း
အရေးကြီးပါတယ်။
ရန်သူ့ဆက်သွယ်မှုလမ်းကြောင်းမှန်သမျှ
ဖျက်ဆီးပစ်လိုက်နိုင်ဖို့လိုပါတယ်။
ရန်သူမျှော်လင့်မထားတဲ့ လက်နက်မျိုးနဲ့
တုန်လှုပ်ခြောက်ခြားစေပြီး
ရန်သူ့စိတ်ဓာတ်ကို
အပြီးတိုင် ရိုက်ချိုးပစ်ဖို့လိုပါတယ်။
ဘာပဲဖြစ်ဖြစ်
ကြိုတင်ပြင်ဆင်မှုဆိုတာ
အကောင်းဆုံးစစ်ဆင်ရေးစီမံချက်ပါ။
Poor Plan
Produces
Poor Performance
(PPPP) ဆိုတဲ့စကား
Management လောကက
လူတွေဆီကနေ
ကြားဖူးပါတယ်။
အလစ်အငိုက်
ဖမ်းနိုင်ခြင်းဟာလည်း
စစ်အောင်နိုင်ခြင်း
အကြောင်းတရားကို
ကြီးစွာသော
အထောက်အပံ့ပြုနိုင်မယ်လို့
ယုံကြည်ပါကြောင်း ...... ။ ။
ရဲကျော်သူရ
No comments:
Post a Comment