Thursday, September 24, 2015

ပန်ဆပ်ကျေးရွာအနီးတွင် KIA မိုင်းဆွဲမှုကြောင့် အရပ်သား(၃)ဦး သေ၊ (၂)ဦးဒဏ်ရာရ

ပန်ဆပ်ကျေးရွာအနီးတွင် KIA မိုင်းဆွဲမှုကြောင့် အရပ်သား(၃)ဦး သေ၊ (၂)ဦးဒဏ်ရာရ
Thursday, September 24, 2015

၂၀၁၅ ခုနှစ် စက်တင်ဘာ (၂၃)ရက်နေ့ ည(၇)နာရီချိန်ခန့်တွင် မန်စီမြို့နယ် ပန်ဆပ် ကျေးရွာမြောက်ဘက်၌ တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် KIA သောင်းကျန်းသူအဖွဲ့မှ ရီမုမိုင်းဖြင့်တိုက်ခိုက်ရန်အတွက် စောင့်ဆိုင်းနေရာ တပ်မှနယ်မြေ ရှင်းလင်းရေးအဖွဲ့ မရောက်လာမှီ တောင်ယာလုပ်ပြီးပြန်လာသော မံရွတ်ရွာမှဒေသခံ(၅)ဦးအား ညဖြစ်၍ မှောင်နေသဖြင့် စစ်သားများထင်ကာ မိုင်းခွဲတိုက်ခိုက်ပြီး တောင်ဘက်သို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။
KIA မိုင်းခွဲတိုက်ခိုက်မှုကြောင့်-
(က) ဦးဇော်မင်းခိုင်(၂၄)နှစ်၊ ဦးခေါင်းမိုင်းစထိမှန် (သေဆုံး)၊ ဗမာ/ဗုဒ္ဓ၊ မံရွတ်ကျေးရွာ၊
(ခ ) ဒေါ်မကုလား(၂၄)နှစ်၊ ဦးခေါင်းမိုင်းစထိမှန် (သေဆုံး)၊ ဗမာ/ဗုဒ္ဓ၊ မံရွတ်ကျေးရွာ၊
(ဂ) ဦးစံရွှေမြင့်(၃၀)နှစ်၊ ဦးခေါင်းမိုင်းစထိမှန်ဒဏ်ရာ (သေဆုံး)၊ ဗမာ/ဗုဒ္ဓ၊ မောရ၀တီ ရပ်ကွက်၊ မန်စီမြို့၊
(ဃ) ဒေါ်မေကြီး(၂၃)နှစ်၊ ကျောကုန်းမိုင်းစထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိ (စိုးရိမ်ရ)၊ ဗမာ/ဗုဒ္ဓ၊ မံရွတ်ကျေးရွာ၊
(င) ဒေါ်မြို့(၄၂)နှစ်၊ ကျောကုန်းမိုင်းစထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိ (စိုးရိမ်ရ)၊ ဗမာ/ဗုဒ္ဓ၊ မံရွတ်ကျေးရွာ၊
စုစုပေါင်း ဒေသခံပြည်သူ(၅)ဦးဖြစ်ပြီး (၃)ဦးမှာ မိုင်းကွဲသည့်နေရာမှာတင် သေဆုံးကာ၊ (၂)ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိထားပြီး စိုးရိမ်ရ အခြေအနေဖြင့် ဆေးကုသမှုခံယူလျှက်ရှိသည်။

By Kachin People
Htar Nay



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: