မင်္ဂလာနံနက်ခင်းပါ .............
(၂၅.၉.၂၀၁၅)
ဒီကနေ့နံနက်(၀၆း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ
တိမ်ထူထပ်နေပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ
မုတ်သုံလေ အားကောင်းနေကာ၊ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားနည်းနေပါတယ်။
မြန်မာနိုင်ငံပေါ်မှာကတော့ အလယ်ပိုင်းဒေသများမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသများမှာ တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပါတယ်။
ဒီကနေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးနဲ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျား၊ကျန်တိုင်းဒေသကြီးနဲ့
ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာခဲ့ကာ မွန်ပြည်နယ်တွင်နေရာကွက်၍ မိုးကြီးခဲ့ပါတယ်။
မှတ်သားဖွယ်ရာမိုးရေချိန်များကတော့ ရေးမြို့ မှာ (၄.၆၀)လက်မ၊ အမ်းမြို့တွင်(၁.၉၆)လက်မ၊ မော်လမြိုင်မြို့ မှာ(၁.၈၁)လက်မ
ထားဝယ်မြို့  နဲ မြိတ်မြို့ တို့မှာ (၁.၁၀)လက်မစီတို့ဖြစ်ကြပါတယ်......
အောက်မှာဖော်ပြထားတဲ့ပုံများ ကတော့ ဒီနေ့မနက် (၀၆း၃၀)နာရီ အချိန်ဂြိုလ်တုတိမ်ပုံ နှင့် WRF Modelမှ ရရှိတဲ့ စက်တင်ဘာလ
(၂၆)ရက်နေ့နဲ့ (၂၇)ရက်နေ့တို့အတွက်မိုးရေချိန် ခန့်မှန်းချက်ပြပုံများဖြစ်ပါတယ်
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment