Saturday, November 26, 2016

NLD ပါတီဝင် သုံးဦးကို တာဝန်များရုပ်သိမ်း


==========================
၂၆..၁၁..၁၆
-
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပါတီဝင် သုံးဦးကို တာဝန်အသီးသီး
မှ ရုပ်သိမ်းလိုက်ကြောင်း ယနေ့ (နိုဝင်ဘာ ၂၆ ရက်) ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။
-
တာဝန် အသီးသီးမှ ရုပ်သိမ်းခံလိုက်ရသည့် ပါတီဝင် သုံးဦးမှာ မအူပင်
မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း၊ မြောင်းမြမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူနှင့် ရွှေပြည်သာ
မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းတို့
ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
==========
The Voice

No comments: