Saturday, July 2, 2016

လုပ်ကွက်အတွင်း ရေးမဆေးကျောက် ဝင်ရောက်ရှာဖွေသူတွေကို လုပ်ကွက်စောင့်တဲ့ စစ်တပ်က တောင်ကုန်းတက် ကို ဂျွှမ်ထိုးပြီး တက်ခိုင်းပြီး အပြစ်ပေးနေခြင်း video ဖိုင်






လုပ်ကွက်အတွင်း ရေးမဆေးကျောက် ဝင်ရောက်ရှာဖွေသူတွေကို လုပ်ကွက်စောင့်တဲ့
စစ်တပ်က တောင်ကုန်းတက် ကို ဂျွှမ်ထိုးပြီး တက်ခိုင်းပြီး အပြစ်ပေးနေခြင်း
ဖြစ်ပါတယ် ။ တစ်ကြိမ်းထဲ ဟုတ်ပါ ။ ( ၃ ) ကြီမ် ဂျွှမ်းထိုးတက်ရတယ်လို့
ကိုယ်တိုင်လုပ်ခဲ့ရသူ ရေမဆေး သမားတစ်ဦးက ပြောပါတယ်။

" ကျနော်တို့
ပြည်သူတွေ ဘဝဟာ ကျောက်စိမ်းလုပ်ကွက်ထဲက မမြင်ရသေးတဲ့
ကျောက်စိမ်းတတုံးလောက်တောင် လုံခြုံမှုမရှိတော့ ဘူးလား " လို့
မေးခွန်းထုတ်လိုက်သူကတော့ ကျောက်စိမ်းလုပ်ငန်းကို လုပ်ကိုင်နေသူ
လောပန်းတစ်ဦး က မေးခွန်းထုတ်လိုက်ခြင်းပါပဲ
။ " ကျင်းထဲက ကျောက်ခိုးရှာတဲ့ ကလေးတွေကိုကျတော့
ညှင်းပန်းနှိပ်စက်လိုက်တာ မြင်လို့မကောင်းဘူး ။ ကိုယ့်နိုင်ငံသား
အချင်းချင်း ပဲ ဥပဒေအတိုင်း အရေးယူပါလား ။ စစ်တပ်မှာ
ဒီလိုလုပ်ပိုင်ခွင့်ကောရှိလို့လား ။ သူတို့စစ်တပ်ကရော ရှေ့ တန်းမှာ
ဒီလိုပိုက်ဆံယူပြီး လုပ်ကွက်စောင့်ပိုင်ခွင့်ရှိလို့လား ။ ကံဆက်တို့
ထွန်းလင်းတို့ နန္ဒာလှိုင်တို့ သတ်တဲ့ လူတွေကျတော့ မိအောင်မဖမ်းနိုင်ကြဘူး ။
ဗုံးကွဲသံ မိုင်းကွဲသံကြားပီဆိုရင် ဒီကောင်တွေ ( စစ်တပ် ၊ရဲ )
ဘယ်ရောက်နေမှန်းမသိဘူး ။ပြည်သူဘက် ဘယ်တော့ မှ ကာကွယ်ပေးမယ်ဆိုတဲ့ စိတ်
လုံးဝ မရှိကြဘူး ။ အမြဲတမ်း ကိုယ်လွတ်ရုံးကြတာချည်းပဲ " ဖားကန့် မှာမွေး
ဖားကန့်မှာ ကြီးပြင်းခဲ့ တဲ့ ရှေ့ မှီ နောက်မှီ အသက် (၅၀)ကျော် ဦးလေးကြီးရ
ဲ့  မြည်တွန် တာက်တီးနေတာပဲဖြစ်ပါတယ် ။


တရား မဝင်လုပ်ကွက်ထဲ ရေမဆေးကျေက်ရှာသူတွေကို သူခိုးလို့
စွပ်စွဲပိုင်ခွင့်ရှိတာကို လက်ခံပေမဲ့  ကျင်းစောင့် လုပ်ကွက်စောင့် စစ်တပ်က
တရားမဝင် လုပ်ကွက်ထဲကို ဝင်ရောက်ကျောက်စိမ်းရှာဖွေသူတွေကို
ဒီလိုအပြစ်ပေးပိုင်ခွင့်ရှိပါသလား ? တရားဥပဒေ အရ အရေးယူလို့ မရဘူးလား?


လုပ်ကွက်ကို ဗန်းပြပြီး ချမှတ်ထားတဲ့ လုပ်ကွက် ဧရိယာကို အကြီးအကျယ်
ကျော်တူးနေတဲ့ ကုမ္မဏီတွေကို စစ်တပ်က လုံခြုံရေး ယူပေးနေတယ်ဆိုတာဟာလည်း
မေးခွန်းထုတ်စရာ ဖြစ်နေပါတယ် ။

စစ်တပ်ဆိုတာ ခရိုနီရဲ့  အစေခံလို
ဖြစ်နေတာဟာ အရုပ်ဆိုးလွန်းပါတယ် ။ လုပ်ကွက်စောင့်နေတဲ့ စစ်တပ်ဟာ
စစ်သားတစ်ယောက်ကို နေ့ကြေး တစ်ရက် နှစ်သောင်းလောက် ရနေတာကို အခွင့်ရေး
လို့ ထင်နေတာဟာ စစ်တပ်ရဲ့  ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေပါတယ် ။

ဇော်မိုးထက်

No comments: