Sunday, September 20, 2015

၉၀ ရာခိုင်နှုန်း မှားနေတဲ့ မဲဆန္ဒရှင် စာရင်း

ချင်းလွှတ်တော်ငါးနှစ်သက်တမ်းအတွင်း အရေးကြီးဥပေဒများ အတည်မပြုနိုင် ခဲ့ဟု ချင်းလွှတ်တော်အမတ် ဝေဖန်
※※※※※※※※※※※※※※※※※※※
Salai Hung TunGei

ချင်းပြည်နယ်လွှတ်တော်၏ ငါးနှစ်တာ သက်တမ်းအတွင်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဥပဒေ ကြမ်း ရေးဆွဲမှုများကို အတုယူ ရေး ဆွဲနေရသောကြောင့် ချင်းလူမျိုးများအတွက် အရေးကြီးသည့် ဥပဒေများ မပြဌာန်းနိုင်ခဲ့ကြောင်း ချင်းပြည်နယ် လွှတ်တော်အမတ် ပူးရိုဘင် က စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြောသည်။

“ကျနော်တို့ ဥပဒေကိစ္စနဲ့ ပါတ်သက်လာရင် တခြားတိုင်းနဲ့ ပြည်နယ်တွေ ရဲ့ ပြဌာန်းတာကို အမြဲကြည့်ပြီး ဆွဲခဲ့ ရတော့ ချင်းလူမျိုးတွေအတွက် ရေးဆွဲ ခဲ့သင့်တာကို မရေးဆွဲနိုင်ခဲ့တာတွေရှိတယ်။ အဓိကတော့ ချင်း အက် ဥပဒေကိစ္စကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ဆွေးနွေးတယ်၊ ကော် မတီတွေဖွဲ့ပြီး လုပ်တယ်။ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာတို့၊ အမွေဆက်ခံခြင်း ဆိုင်ရာတို့တွေ ပါတဲ့ဟာပေါ့။ ချင်းလူမျိုးများကြားမှာတော့ ဒီကိစ္စ တွေက အတော်အရေးကြီးတဲ့ဟာ ဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေကြမ်းကို တိတိကျကျနဲ့ ရေးဆွဲပြီး သုံးသင့်တဲ့ ဟာပေါ့” ဟု ပြောသည်။

ချင်းပြည်နယ်တွင် လွှတ်တော်တစ်ရပ် ရှိလာခြင်းမှာ အားသာချက်တစ်ခု ဖြစ်ေ သ်ာလည်း အခြေခံဥပဒေမှ လုပ်ပိုင်ခွင့်ပေးသည့် အတိုင်းသာ ဥပဒေကြမ်း များ ရေးဆွဲခဲ့ရသကဲ့သို့ လူထုရွေးချယ်သည့် ကိုယ်စားလှယ် များဖြင့် ချင်းအစိုး ရအဖွဲ့ကိုပင် ဖွဲ့စည်းနိုင်ခြင်း မရှိသည်မှာ ချင်းလွှတ်တော်၏ အားနည်း ချက် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ပူးရိုဘင် က “အမှန်ပြောရင် ငါးနှစ်သက်တမ်းကာလ အတွင်းကို ကြည့်မယ်ဆိုရင် လူထုကလည်း လွှတ်တော်ရဲ့ အားနည်းချက်တွေကို သိလာကြတယ်။ လူထုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့် အားနည်း တာကိုလည်း တွေ့လာကြတယ်။ နားလည်လာကြတယ်” ဟုပြောသည်။

သူကဆက်ပြီး လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ရေးဆွဲခဲ့သည့် ဥပဒေကြမ်းများသည်လည်း နည်းဥပဒေများ မရေးဆွဲနိုင်သောကြောင့် အသုံးမပြုနိုင်ခြင်းမရှိပဲ လာမည့်အစိုးရသစ်သည် ဒီမိုကရေစီစနစ်ကို ပိုမိုအကောင် အထည်ဖော်လာမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ချမ်းသာလို့၊ ဌာနဆိုင်ရာ အကြီးအကဲအဖြစ် လုပ်လာနေပါစေ နိုင်ငံရေးကို ကောင်းကောင်းမသိရင် အကျိုးမ ရှိဘူး။ ဘယ်လိုဥပဒေကို ပြဌန်းမှ လူထုအတွက် အမှန်တကယ် အကျိုးရှိမလဲဆိုတာကို နိုင်ငံရေးရှူထောင့်ကနေ ကောင်းကောင်း သိမြင်နိုင်တဲ့သူတွေ လိုအပ်ပါတယ်” ဟု ၄င်းက မှတ်ချက်ပြု ပြောသည်။

ချင်းပြည်နယ်လွှတ်တော် အနေဖြင့် ငါးနှစ်တာ သက်တမ်းအတွင်း ဥပဒေကြမ်း ၂၀ ပြဌာန်းနိုင်ခဲ့ကြောင်း သိရသည်။

Photo: TCP
Chin World



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: