Sunday, November 19, 2017

ဟိုတယ် နှင့် တည်းခိုခန်းများတွင် စီစီတီဗွီတပ်ရန်နှင့် သမီးရည်းစား စုံတွဲများကို ခေတ္တတည်းခိုခွင့် မပြုရန် ညွှန်ကြားထား


==================================
၁၉..၁၁..၁၇
-
မော်လမြိုင်မြို့ရှိ ဟိုတယ်များတွင် စီစီတီဗွီများတပ်ဆင်ရန်နှင့် မလိုလားအပ်သော ပြသနာများမဖြစ်ပေါ်စေရန်အတွက် သမီး
ရည်းစားစုံတွဲများအပြင် ခရီးသွားဧည့်သည်များကို ခေတ္တတည်းခိုခွင့်
မပြုရန် မော်လမြိုင်မြို့က ငွေမိုး ဟိုတယ်အပါအ၀င် ဟိုတယ်
လုပ်ငန်းရှင် (၄၀) ကျော်ကို ညွှန်ကြားထားကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
-
ဟိုတယ်တွင် အချိန်ပိုင်းလာရောက်တည်းခိုသူများထံမှ အထောက်
အထားများ (သို့မဟုတ်) နိုင်ငံသား စိစစ်ရေးကဒ်ပြားကို သေချာစွာ
စိစစ်ပေးရန်နှင့် သမီးရည်းစားစုံတွဲများအတွက် မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်စေရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ
စေသော ဆေးဝါးများ ရောင်းဝယ်ခြင်းများ တားဆီးနိုင်ရေးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။
-
၎င်းက “ခဏတာတည်းခိုခွင့်မပြုဘူး။ လာရင်လည်း မှတ်ပုံတင်ပါမှ လက်ခံရမယ်။ လူငယ်စုံတွဲ လမ်းမှားပေါ်မရောက်ဖို့၊အရွယ်မတိုင်ခင်မှာ မလိုလားအပ်တဲ့ ရောဂါဆိုးတွေ၊ ကိုယ်ဝန်တွေလည်း ရနိုင်တယ်။” ဟု ပြောကြားသည်။ ဟိုတယ်အခန်းများတွင် စီစီတီဗွီတပ်ဆင်ရန်ညွှန်ကြား
ထားသည်ဟု ကောလဟာလ များထွက်ပေါ်နေပြီး ဟိုတယ်
ပတ်ဝန်းကျင်ကိုသာ တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်ပြောသည်။
-
“သူတို့(ဟိုတယ်နှင့် တည်ခိုခန်းလုပ်ငန်းရှင်များ) ဘက်ကတော့ အချိန်ပိုင်းတည်းခိုမှုကို အားလုံး လက်မခံဘူးဆိုရင် သူတို့လည်း လက်မခံဘူးပေါ့။တစ်ယောက်က လက်ခံပြီး တခြားလူက လက်မခံဘူး ဆိုရင်တော့ စီးပွားရေးအဆင်မပြေနိုင်ဘူးလို့ပြောတယ်။” ဟု ၄င်းကပြောသည်။
-
လုပ်ငန်းရှင်များကို သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးထားပြီး
ဖြစ်သည့်အတွက် လိုက်နာခြင်း မရှိပါက ဥပဒေအရ အရေးယူသွားရန် စီစဉ်ထားကြောင်းသိရသည်။
-
မွန်ပြည်နယ်တွင် ၂၀၁၇ခုနှစ် စာရင်းများအရ ဟိုတည်နှင့်တည်းခိုးခန်း ၄၉လုံးအထိရှိလာပြီး အခန်း ပေါင်း (၁၆၈၈)ခန်းရှိလာသည်ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
===========
Than Lwin Times

No comments: