Sunday, November 27, 2016

အသက်( ၇ )နှစ် နှင့် အသက်( ၄) နှစ် အရွှယ်ရှိ မောင်နှမ နှစ်ဦးကို အိမ်နီးချင်းမှ ဖျားယောင်း သွေးဆောင်ပြီး မဖွယ်မရာပြုကျင့်


===============================
၂၇..၁၁..၁၆
-
မန္တလေးမြီု့ ချမ်းအေးသာဇံမြို့ နယ် ကဉ္စနမဟီ ရပ်ကွက် (၇၉ ဘူတာကြီး သံလမ်း)ဒီနေ့ မနက် ဆယ်နာရီဝန်းကျင်လောက်မှာ(  ရှန်တိန် သံလမ်း )
ဘေးရှိ ကျူတဲတွေမှာ အိမ်ချင်းကပ်လျက်နေတဲ့ ( လှထွေး ( ခေါ် ) ကျင်ဝှက် )-အသက် ၄၀ နှစ်  ( အဖေ ဦးစံမင်း ( မှတ်ပုံတင် ပျောက်ဆုံး )က
ဘေးချင်း ကပ်ရက်မှာနေတဲ့  ( အဖေ ရဲကျော်စွာထွန်း +အမေ မဇင်မာဝင်း )တို့ရဲ့ သားနဲ့ သမီးဖြစ်သူ( မောင်ဆန်းအောင် ( ၇ ) နှစ် ) နှင့်
( မ လင်းလင်းမြိုင် ( ၄ ) နှစ် )တို့ကို ဖျားယောင်ပြီး လူရှင်းတဲ့ နေရာတွင် မဖွယ်ရာ လုပ်နေစဉ် ပတ်ဝန်းကျင်မှ တွေ့ရှိသွားပြီး
( လှထွေး ( ခေါ် ) ကျင်ဝှက် )အားဖမ်းဆီးပြီး ဘူတာ စခန်း ကိုအပ်ခဲ့ပါတယ် ။
-
အခင်းဖြစ်ပွားရာနေရာ နေရာသည် ဘူတာ စခန်းပိုင်နက်ထဲတွင်
ဖြစ်နေသောကြောင့်   ဘူတာရဲစခန်းမှ ပ/ ၂၃ ( ၂၀၁၆ ) နှင့် အမှုဖွင့်ထားပြီး အခုလောလောဆယ်မှာ တော့  ( ၃၇၆ နှင့်  ၃၇၇ ပုဒ်မ )
များတပ်ထားပြီး အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
-
မဖွယ်မယာ ပြုကျင့်ခံရတဲ့ ကလေးနှစ်ယောက်မှာ ပြင်ပဒဏ်ရာ တစုံတရာ
မရှိကြောင်းနှင့် မူခင်းဆရာဝန်တွေ ရဲ့ ဆေးစစ်ချက် ရယူသွားရပြီးမှ ဆက်လက် အတည်ပြုနိုင်မှာ ဖြစ်ကြောင်း မန္တလေးမြီု့ချမ်းအေးသာဇံမြို့ နယ် ကဉ္စနမဟီရပ်ကွက် (အကွက်မှုး ) ဦးအောင်လွင်ချစ် မှ ပြောကြားပါတယ်။
=====
မဇ္ဇိုမ

No comments: