Saturday, October 1, 2016

ရေဆိုးထုတ်တဲ့ စက်ရုံတွေကို တိုင်းအစိုးရအဖွဲ့ စစ်ဆေးမည်


 

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုက ဂရိတ်ဝေါလ်သကြားစက်ရုံရဲ့ ရေဆိုးတွေ မြစ်ထဲစွန့်ပစ်နေ တာကို တွေ့ရစဉ်။ Photo: Ko Tint Wai/ Facebookမန္တလေးတိုင်းမှာရှိတဲ့ စက်ရုံတွေကို တိုင်းအစိုးရအဖွဲ့က လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ စတင်စစ်ဆေး မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ရေဆိုးစွန့်ပစ်တာတွေ့ရှိရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။

သာစည်ဘက်က ချည်ထည်စက်ရုံတွေကို အရင်ဆုံး သွားရောက်စစ်ဆေးမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။

"တနင်္လာဆိုလို့ရှိရင် ကျွန်တော်တို့ သာစည်ဘက်က ချည်ထည်ဆေးဆိုးစက်ရုံ အဲဒါကို အရင်သွားပါမယ် ၊ နောက်တော့ ပန်ဒါချည်မျှင်နဲ့အထည်စက်ရုံကိုလည်း ဝင်ပါမယ်၊ ကျွန်တော်တို့ပြောထားတဲ့အတိုင်း မလုပ်ရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေအတိုင်း ဆောင်ရွက်ဖို့ရှိပါတယ်၊ ဆိုးဆေးသုံးတဲ့ စက်ရုံတွေရှိတယ်၊ အရက်ချက်စက်ရုံတွေရှိတယ်၊ ဘီယာချက်စက်ရုံတွေရှိတယ်၊ အများအားဖြင့်က အဲဒါတွေပဲများပါတယ်"

စက်ရုံတွေကို သွားရောက်စစ်ဆေးရာမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ် ပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ရေဆိုးစွန့်ပစ်မှုတွေများတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုပြီး တိုင်ကြားခံထားရတဲ့ စက်ရုံပေါင်း ၃ဝ နီးပါးရှိတယ်လို့လည်း ဦးမျိုးသစ် က ပြောပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မန္တလေးတိုင်းအတွင်းက ရေဆိုး ထုတ်စက်ရုံတွေကို ပြီးခဲ့တဲ့ သြဂုတ်လက အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးထားပြီး ဒီလမှာ စစ်ဆေးမှုတွေ စတင်မှာ ဖြစ်ပါတယ်။

အဲ့ဒီစက်ရုံတွေကထုတ်တဲ့ ရေဆိုးတွေကို ဒုဌဝတီမြစ်ထဲကို စွန့်ပစ်ကြတာဖြစ်ပြီး သတ်မှတ်ထားတဲ့အတိုင်း ရေဆိုး သန့်စင်မှုတွေ မလုပ်တာ၊ ပမာဏပိုစွန့်ပစ်နေတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေ တာ ဖြစ်ပါတယ်။

RFA Burmese

ရေဆိုးထုတ်တဲ့ စက်ရုံတွေကို တိုင်းအစိုးရအဖွဲ့ စစ်ဆေးမည်


 

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုက ဂရိတ်ဝေါလ်သကြားစက်ရုံရဲ့ ရေဆိုးတွေ မြစ်ထဲစွန့်ပစ်နေ တာကို တွေ့ရစဉ်။ Photo: Ko Tint Wai/ Facebookမန္တလေးတိုင်းမှာရှိတဲ့ စက်ရုံတွေကို တိုင်းအစိုးရအဖွဲ့က လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ စတင်စစ်ဆေး မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ရေဆိုးစွန့်ပစ်တာတွေ့ရှိရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။

သာစည်ဘက်က ချည်ထည်စက်ရုံတွေကို အရင်ဆုံး သွားရောက်စစ်ဆေးမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။

"တနင်္လာဆိုလို့ရှိရင် ကျွန်တော်တို့ သာစည်ဘက်က ချည်ထည်ဆေးဆိုးစက်ရုံ အဲဒါကို အရင်သွားပါမယ် ၊ နောက်တော့ ပန်ဒါချည်မျှင်နဲ့အထည်စက်ရုံကိုလည်း ဝင်ပါမယ်၊ ကျွန်တော်တို့ပြောထားတဲ့အတိုင်း မလုပ်ရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေအတိုင်း ဆောင်ရွက်ဖို့ရှိပါတယ်၊ ဆိုးဆေးသုံးတဲ့ စက်ရုံတွေရှိတယ်၊ အရက်ချက်စက်ရုံတွေရှိတယ်၊ ဘီယာချက်စက်ရုံတွေရှိတယ်၊ အများအားဖြင့်က အဲဒါတွေပဲများပါတယ်"

စက်ရုံတွေကို သွားရောက်စစ်ဆေးရာမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ် ပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ရေဆိုးစွန့်ပစ်မှုတွေများတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုပြီး တိုင်ကြားခံထားရတဲ့ စက်ရုံပေါင်း ၃ဝ နီးပါးရှိတယ်လို့လည်း ဦးမျိုးသစ် က ပြောပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မန္တလေးတိုင်းအတွင်းက ရေဆိုး ထုတ်စက်ရုံတွေကို ပြီးခဲ့တဲ့ သြဂုတ်လက အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးထားပြီး ဒီလမှာ စစ်ဆေးမှုတွေ စတင်မှာ ဖြစ်ပါတယ်။

အဲ့ဒီစက်ရုံတွေကထုတ်တဲ့ ရေဆိုးတွေကို ဒုဌဝတီမြစ်ထဲကို စွန့်ပစ်ကြတာဖြစ်ပြီး သတ်မှတ်ထားတဲ့အတိုင်း ရေဆိုး သန့်စင်မှုတွေ မလုပ်တာ၊ ပမာဏပိုစွန့်ပစ်နေတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေ တာ ဖြစ်ပါတယ်။

RFA Burmese

မိဘနှစ်ပါးသတ်ခဲ့မှုကို ဖုံးကွယ်ရန် အိမ်နီးချင်း ၁၇ ယောက်ကိုထပ်မံ သတ်ပစ်ခဲ့


 

လူမှုရေးအရပေါင်းရသင်းရခက်လှသည့် လူ့ဂွစာတစ်ဦးက

မိဘနှစ်ပါးသတ်ခဲ့မှုကို ဖုံးကွယ်ရန် အိမ်နီးချင်း ၁၇ ယောက်ကိုထပ်မံ သတ်ပစ်ခဲ့

ကူမင်း၊ အောက်တိုဘာ-၁

တရုတ်နိုင်ငံတောင်ပိုင်း မိသားစုတွင်း ငွေကြေးပြသနာစကားများရာမှ အစပြု၍ လူ ၁၉ ဦးသေဆုံးစေခဲ့သော သွေးစွန်းသည့် လူသတ်မှုကြီးတစ်ခုပေါ်ပေါက်ခဲ့သည်။

ရဲများက အသက် ၂၇ နှစ်ရှိပြီဖြစ်သော ယန်ကျင်းပိုင် သည်မိဘများနှင့် ငွေရေးကြေးရေးကိစ္စ အကြီးအကျယ် စကားများကြသည်ဟုဆိုသည်။

ချန်ဒူးစီးပွားရေး နေ့စဉ်သတင်းစာ က ပေါင်းရသင်းရခက်လှသော ဂွကျသည့် ယန်သည် လောင်းကစားပြုလုပ်ခြင်းကြောင့် အကြွေးလည်ပင်းနစ်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

သူ၏မိဘများက သူ့လောင်းကစားကြွေးများဆပ်ပေးရန်ငြင်းဆိုခဲ့ပြီးသည့်နောက်ပိုင်း ယန် အနေဖြင့် လွန်စွာ ပေါက်ကွဲလျက် သူရဲသူဘက်စီးသကဲ့သို့သတ်ဖြတ်ခဲ့ကြောင်းဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လူငယ်သည်သူ့အား လူသတ်ကောင်အဖြစ်သတ်မှတ်ခံရမည်ကို ကြောက်ရွံ့ပုံပေါ်သည်။

ရဲများကသူသည် ရီမ ဟုခေါ်သောရွာငယ်လေးတွင် မျက်မြင်သက်သေများကိုဖျောက်ဖျက်ရန် အတွက် ကလေးငယ်များ အပါအ၀င် အိမ်နီးချင်း ၁၇ ယောက်ကို သတ်ပစ်ခဲ့သည်ဟုယူဆကြောင်း ပြောကြာခဲ့သည်။
ရဲများက အဆိုပါ ပြင်းထန်ရက်စက်သော ရာဇ၀တ်မှုကို ကျူးလွန်ရန် မည်သည့်လက်နက်ကို အသုံးပြုသွားသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

သူ့ကို အိမ်နီးချင်းများ၏ အလောင်းများအားရှာဖွေတွေ့ရှိပြီး နာရီပိုင်းအကြာ ၂၀၀ ကီလိုမီတာ အကွာရှိ ကူမင်းတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

စီအာအိုင်
ATO
china.com Myanmar

လက်နက်ကြီးကျည်မှန်ပြီး ကလေးငယ်တစ်ယောက် သေဆုံး


 

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာန်းအမျိုးသား တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေ တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/RFAဒီနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာအနီးမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေရဲ့ တိုက်ပွဲကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြပါတယ်။

အစိုးရတပ်က တပ်မ ၉၉ လက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ တပ်တွေ အကြား တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးကျည်ဆံ ထိမှန်တာကြောင့် ကလေးငယ် သေဆုံးသွားတာဖြစ်တယ် လို့ မုန်းကိုး ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖြစ်တာက ဒီမနက် ၆ နာရီနဲ့ ၆ နာရီခွဲကြားမှာ အစိုးရစစ်ကြောင်းက တပ်မ ၉၉ လို့ကြားတယ်၊ ဖြစ် တဲ့နေရာက ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေပေါ့၊ ဖောင်းဆိုင်ဒေသ ပူးဝမ်းဆိုတဲ့ကျေးရွာမှာပေါ့၊ အဲဒါ အစိုးရစစ်ကြောင်းကနေ လက်နက်ကြီး ၆ လုံး ရွာထဲပစ်လိုက်တယ်၊ အဲဒီမှာ ကလေး ၃ ယောက် ထိတာပေါ့၊ ကလေး ၃ ယောက်ထဲကနေ အငယ်ဆုံး အသက်က ၂ နှစ်ကျော်ပဲ ရှိသေးတယ်၊ ဇုံးမျှော် ဆိုတဲ့ အမျိုးသမီး ကတော့ အသက်ဆုံးသွားပြီပေါ့၊ ကျန်တဲ့ကလေး ၂ ယောက်ကျတော့ ယောက်ျားလေးတွေ၊ တစ်ယောက်က ဒဏ်ရာပြင်းတယ်၊ နောက်တစ်ယောက်က ခြေထောက်မှာထိတာ ဆိုတော့ သိပ်မစိုးရိမ်ရဘူး၊ ဗိုက်ထိတဲ့ ကလေးကျတော့ စိုးရိမ်စရာရှိတယ်"

ကျန်တဲ့ကလေး ၂ ယောက်ကို တရုတ်နိုင်ငံဘက်က ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲကြောင့် အိမ်ခြေ ၆ဝ လောက်ရှိတဲ့ ပူးဝမ်းကျေးရွာက ရွာသူရွာသားတွေ အားလုံး တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

RFA Burmese

ငါးနှစ်အတွင်း စစ်ဘေးရှောင် တစ်သိန်းနီးပါး နေရပ် စွန့်ခွာရဆဲဟု ကုလထုတ်ပြန်


ရန်ကုန်၊ စက်တင်ဘာ ၃ဝ

ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ဒုက္ခသည် ၉၇,ဝဝဝ ကျော်မှာ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က  စက်တင်ဘာလ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ဒုက္ခသည် အများစုမှာ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှဖြစ်ကြောင်း OCHA က ပြောဆိုထားသည်။

OCHA ၏ ထုတ်ပြန်ချက်အရ ဆိုလျှင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဒုက္ခသည် စခန်းပေါင်း ၁၇၂ ခုရှိပြီး စစ်ဘေးရှောင်များမှာ အဆိုပါ စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ် အတွင်းကလည်း ကရင်ပြည်နယ်တွင် တပ်မတော်နှင့် DKBA အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

စစ်ဘေးရှောင် ၄ဝဝဝ ခန့်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင် နေခဲ့ကြရပြီး အစားအစာ အပါအဝင်  အခြား အသုံးအဆောင် ပစ္စည်းများကို  လူမှုအဖွဲ့အစည်းများက ထောက်ပံ့ခဲ့ကြရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက် နေ့ကလည်း အမေရိကန် သံအမတ်ကြီး မာစီရယ်လ်သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့သို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် အမေရိကန် သံအမတ်ကြီးက ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်မှ တိုက်ပွဲများ အဆုံးသတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“တကယ့် Ground မှာ အခက်အခဲကတော့ ဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊  ဆားဆိုတဲ့ စားနပ်ရိက္ခာပါပဲ။ အဖွဲ့တွေက လှူဖို့အတွက် ခရီးလမ်းကလည်း ခက်သလို  အာဏာပိုင်တွေဆီက ခွင့်ပြုချက်ယူရတယ်။  အဲဒီအခါကျလည်း ခွင့်ပြုချက်က မရပြန် ဘူး'' ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ (KBC) ၏ လူမှုဝန်ထမ်း ဖွံ့ဖြိုးရေးဌာန  ပြန်ကြားရေး တာဝန်ခံ ဦးခါးလီက ဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တနင်္သာရီ တိုင်းဒေသကြီးရှိ ဒေသခံများသည် စစ်ပွဲများကြောင့် နေရပ် စွန့်ခွာခဲ့ရကြောင်း၊ ယင်း ကာလများအတွင်း တနင်္သာရီ တိုင်းဒေသကြီးရှိ သဘာဝ သယံဇာတများကို ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့် ပေးခဲ့ပြီး စစ်ဘေးရှောင်များ နေရပ် ပြန်သောအခါ ကုမ္ပဏီများက  တရား စွဲဆိုခဲ့ကြောင်း ဒေသခံများက  ထုတ်ဖော် ပြောကြားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အဆိုအရ ကချင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၈၇,ဝဝဝ နီးပါးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးရှောင် ၁ဝ,ဝဝဝ ကျော် ရှိသည်။

နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများအနက်  ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်ဘေးရှောင် ဒုက္ခသည်စခန်း အများဆုံး တည်ရှိသည်။

အစွန်းရောက်မှုများကို ဆန့်ကျင်လိုစိတ် ခိုင်မာအောင် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ကုန်၊ စက်တင်ဘာ ၃ဝ

ရခိုင်ပြည်နယ်ရှိ နှစ်ဖက်အသိုင်း အဝိုင်းကြားတွင် အမုန်းတရားများ၊ သည်းမခံနိုင်မှုများ၊ အစွန်းရောက်မှုများကို ဆန့်ကျင် လိုစိတ် အခိုင်အမာ ဖြစ်ပေါ်လာအောင် ကြိုးပမ်းမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်တွင် ကျင်းပနေသည့် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့သည်။

နှစ်ဖက် အသိုင်းအဝိုင်းကြားတွင် နားလည်မှု၊ သဟဇာတ ဖြစ်မှုနှင့် ယုံကြည်မှုများ တည်ဆောက်နိုင်အောင် ကြိုးပမ်း လုပ်ဆောင်နေကြောင်း၊ ယင်းသို့ ကြိုးပမ်း နေချိန်တွင် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်း နိုင်များ အနေနှင့် အပြုသဘော ဆောင်သည့် ပံ့ပိုးကူညီမှုများ ပေးကြရန် တောင်းဆိုကြောင်း ၎င်းကဆိုသည်။

“ရခိုင်ပြည်နယ် အခြေအနေက ရှုပ်ထွေး နက်နဲပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး အာဆီယံ ဒေသနဲ့ ပြင်ပကမ္ဘာရဲ့ အာရုံစိုက်စရာ၊ စိုးရိမ် ပူပန်စရာ ကိစ္စတစ်ရပ် ဖြစ်လာနေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နေ့ချင်းညချင်း ဘက်စုံ တိုးတက်အောင် မဆောင်ရွက်နိုင်သော်လည်း ရခိုင်ပြည်နယ်နှင့် ပြည်တွင်းရှိ ပဋိပက္ခ ကူးစက်ခဲ့သည့် ဒေသများတွင် ကောင်းမွန်သည့် အပြောင်းအလဲ ရရှိအောင်လည်း ကြိုးပမ်းရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု နှင့် တရားဥပဒေ စိုးမိုးမှု သေချာ ခိုင်မာစေရန်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို စနစ်တကျ စိစစ်ကြပ်မတ် နိုင်ရန်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရန် ဗဟိုကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းထားကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများကို ဘက်ပေါင်းစုံ လေ့လာ သုံးသပ်ဖြေရှင်းရာတွင် ကူညီပံ့ပိုးနိုင်ရန် ဒေါက်တာ ကိုဖီအာနန် (ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း) ဦးဆောင်သည့် ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟို ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားပြီး ပြည်ထောင်စု ဝန်ကြီးအားလုံးလည်း ယင်း ကော်မတီတွင် ပါဝင်သည်။

မြန်မာ့စီးပွားရေး လုပ်ငန်းများ စွမ်းရည်မြှင့်ရန် ဗြိတိန်က ပေါင် ၂၅ သန်း ထောက်ပံ့မည်


ရန်ကုန်၊ စက်တင်ဘာ ၃ဝ

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်နှင့် ဝင်ငွေ မြင့်မားလာစေရေး စီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဗြိတိန်က မြန်မာနိုင်ငံကို စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးဌာန (DFID) က ထုတ်ပြန် ကြေညာသည်။

ဓနအစီအစဉ်ဟု အမည် ပေးထားသော အဆိုပါ အကူအညီပေးရေး အစီအစဉ်သည် စုစုပေါင်း ငါးနှစ်တာ ကြာမြင့်မည် ဖြစ်ပြီး စီမံကိန်း ကာလအတွင်း အလုပ်အကိုင်နှင့် ဝင်ငွေမြင့်မား လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူဝါဒ ချမှတ်ခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများ ကြီးထွားလာစေရေး စသည့် ကဏ္ဍများတွင် အကူအညီ ပေးမည်ဖြစ်ကြောင်း DFID ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ကျေးလက်ဒေသများ၌ ငွေကြေး ဝန်ဆောင်မှု ပိုမို ကျယ်ပြန့် လာစေရေးနှင့် ကုန်သွယ်မှု တိုးတက်စေရန်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းများတွင် အမျိုးသမီးနှင့် အခြား ခွဲခြား ခံထားရသော အုပ်စုများ ပိုမို ပါဝင် လုပ်ကိုင်နိုင်ရန် ဓနအစီအစဉ်က ကူညီပံ့ပိုးမည်ဟု ဆိုထားသည်။

အဆိုပါ ဓနအစီအစဉ်ကို ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည် ဖော်မည်ဖြစ်သည်။

ဗဟိုဘဏ် ဒေါ်လာ ရည်ညွှန်းနှုန်း တစ်လအတွင်း ၄၅ ကျပ် တက်


ရန်ကုန်၊ စက်တင်ဘာ ၃ဝ

ပြည်တွင်း ဒေါ်လာ ငွေလဲနှုန်းမှာ ယခုနှစ် သြဂုတ်လ နှောင်းပိုင်းမှ စတင်ကာ တရိပ်ရိပ် မြင့်တက်လာပြီး စက်တင်ဘာလ တစ်လအတွင်း ငွေလဲနှုန်း ၄၅ ကျပ် မြင့်တက်သွားကြောင်း ပြည်တွင်း ငွေကြေး ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားငွေ လဲလှယ်မှု ရည်ညွှန်းနှုန်းမှာ ငါးရက်အတွင်း ၂ဝ ကျပ် မြင့်တက်လာပြီး စက်တင်ဘာလ ၃ဝ ရက်နေ့တွင် တစ်ဒေါ်လာ ၁၂၅၅ ကျပ်သို့ ရောက်ရှိလာသည်။

“ကမ္ဘာမှာလည်း ဒေါ်လာဈေးက ကောင်းနေတယ်။ အမေရိကန် ဗဟိုဘဏ်ကလည်း အတိုးနှုန်းမြှင့်ဖို့ လုပ်နေတော့ ဒေါ်လာက အားကောင်းနေတာ။ ပြည်တွင်းမှာလည်း အဝယ်လိုက်လာတယ်”ဟု ပြည်တွင်းရှိ ဝါရင့် ဒေါ်လာ ရောင်းဝယ်သူ တစ်ဦးက ဆိုသည်။

နိုင်ငံတကာတွင် ဒေါ်လာဈေး အညွှန်းကိန်းမှာ ယခုနှစ် မေလနောက်ပိုင်းတွင် ပြန်လည် မြင့်တက်လာပြီး စက်တင်ဘာလတွင် ပိုမို အားကောင်းလာကာ အညွှန်းကိန်း ၁ ဒသမ ၅ ခန့် မြင့်တက်လာကြောင်း Bloomberg မှ ထုတ်ပြန်ထားသော အညွှန်းကိန်းအရ သိရသည်။

ပြင်ပ ဒေါ်လာဈေးကွက်တွင် ယခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ ငွေလဲနှုန်း ၁၂ဝဝ ကျပ်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းတွင် ၁၂၂ဝ ကျပ်မှ တဖြည်းဖြည်း မြင့်တက်လာ စက်တင်ဘာလကုန်တွင် ၁၂၇ဝ ကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်လာကြောင်း ပြင်ပ ငွေလဲကောင်တာများထံမှ စုံစမ်း သိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းနှုန်းအရ မြန်မာကျပ်ငွေ တန်ဖိုးမှာ ရက်ပေါင်း ၅ဝ အတွင်း ၆၈ ကျပ်၊ ရာခိုင်နှုန်းအားဖြင့် ၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။

စက်တင်ဘာလ ၃ဝ ရက်နေ့ ဒေါ်လာ ငွေလဲနှုန်းမှာ ဗဟိုဘဏ် ရည်ညွှန်းနှုန်း ၁၂၅၅ ကျပ်၊ ပြည်တွင်း ပုဂ္ဂလိဘဏ်များတွင် ဝယ်ဈေး၁၂၅၈ ကျပ်၊ ရောင်းဈေး ၁၂၆၅ ကျပ်နှင့် ပြင်ပ ငွေလဲကောင်တာများတွင် ဝယ်ဈေး ၁၂၆ဝ ကျပ်၊ ရောင်းဈေး ၁၂၆၈ ကျပ်အထိ ရှိနေသည်။ 

DKBA ဆီကို ပို့မယ့် လက်နက်တွေ ထိုင်းမှာ ဖမ်းမိ


 

 ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရစက်တင်ဘာလ ၃၀ ရက်နေ့က ဒီကေဘီအေခွဲထွက် အဖွဲ့ဆီကို ပို့မယ့် လက်နက်ခဲယမ်း တွေနဲ့ ရိက္ခာခြောက်တွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မဲသဝေါ ဒေသမှာ အစိုးရ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့ ဟာ တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။

မဲဆောက်အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေက အမှတ် ၂ ရပ်ကွက် တောင်ယာ ထဲက အိမ် ၃ လုံးနဲ့ ဂိုဒေါင်တလုံး ရှိတဲ့ နေရာကို သတင်းအရ ဝိုင်းပြီး ရှာဖွေရာမှာ ပွိုင့် ၂၂ စနိုက်ပါ တပ်ထားတဲ့ ရိုင်ဖယ်တလက်နဲ့ ကျည်ဆံ တစ်ရာနီးပါး၊ အမ် ၆၇ လက်ပစ်ဗုံး ၁၄၁ လုံး၊ အမ် ၇၉ ကျည် ၅၁ လုံးနဲ့ ငါးသေတ္တာ၊ ခြောက်ဆွဲခြောက်တွေနဲ့ ဆေးဝါးတွေကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

မြန်မာနိုင်ငံသား အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို ထိုင်း တာဝန်ရှိ သူတွေရဲ့ကနဉီး စစ်ဆေးချက် အရ ဒီပစ္စည်း တွေကို မဲသဝေါက ဒီကေဘီအေ ခွဲထွက်အဖွဲ့ရှိရာ ကိုပို့မှာဖြစ်တယ်လို့အစစ်ခံထားကြောင်းသိရပါတယ်။

လောလောဆယ်အမှုနဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း ဖေါ်ထုတ် စရာ တွေရှိနေတဲ့ အတွက် ဖမ်းဆီးခံရတဲ့ အမျိုးသား ၅ ယောက်နဲ့အမျိုးသမီး ၁ ယောက်တွေရဲ့ အချက်အလက် တွေကို မထုတ်ပြန်သေး ဘူးလို့မဲဆောက်ရဲကပြောပါတယ်။

မဲသေဝေါဖက်မှာ ပစ်ခတ်သံတွေ မကြားရသလောက်ဖြစ်နေရာက ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

မြန်မာဖက်အခြမ်းက စစ်ဖြစ်နေတဲ့ ဒေသဘက်ကို အခုလိုမျိုး လက်နက်ခဲယမ်း၊ ရိက္ခာတွေကို လျို့ဝှက် တင်ပို့မှုတွေ ရှိနေမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောကြား နေပါတယ်။

BBC Burmese

အလွမ်းဓါတ်ခံရှိရင် မကြည့်ပါနဲ့ဗျာ