ကျိုက်ထီးရိုးစေတီတော်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကေဘယ်လ်ကားပြေးဆွဲမှု စီမံကိန်းအတွက် လုပ်ငန်းတင်ဒါကို ဇူလိုင်လအတွင်း ပြန်လည်ခေါ် ယူသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံက သိရသည်။
ကျိုက်ထီးရိုးစေတီတော် ရသေ့တောင်စခန်းနှင့် တောင်ပေါ်သို့ ကေဘယ်လ်ကားပြေးဆွဲမှု စီမံကိန်းအတွက် ကိုရီးယားကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုမှ လုပ်ငန်းတင်ဒါ အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ကလည်း ၂ဝ၁၅ ခုနှစ်တွင် ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် လုပ်ငန်းဆောင်ရွက်ရန် သဘောတူညီမှု ဖျက်သိမ်းလိုက်ပြီးဖြစ်သည့် အတွက် တင်ဒါအသစ် ခေါ်ယူမှုကို ဇူလိုင်လအတွင်း ဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
''ကျိုက်ထီးရိုးမှာ ကေဘယ်လ်ကား ပြေးဆွဲဖို့အတွက် လုပ်ငန်းတင်ဒါ ကို ပြန်လည်ခေါ်ယူသွားပါမယ်။ အရင် တင်ဒါအောင်တဲ့ကုမ္ပဏီနဲ့ စာချုပ် ဖျက်သိမ်းလိုက်တာ ဖြစ်တဲ့အတွက် ပြန်လည်ခေါ်ယူ သွားမှာပါ''ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြီးခဲ့သည့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီမှာ Sky Asia Co.,Ltd ဖြစ်ပြီး ကိုရီးယားနိုင်ငံ Sky International Co., Ltd နှင့် မြန်မာနိုင်ငံမှ Asia International Fisheries Co.,Ltd တို့ ပူးပေါင်း တည်ထောင်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ကာ ဝမ် ၂၂ ဘီလီယံ (မြန်မာကျပ်ငွေ ၂ဝ ဘီလီယံ) ဖြင့် နှစ်ငါးဆယ် B.O.T စနစ်ဖြင့် ဆောင်ရွက်သွားရန် လုပ်ငန်းတင်ဒါ အောင်မြင်ခဲ့ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ကြောင်း သိရသည်။
ကျိုက်ထီးရိုးတောင်ပေါ်ဒေသ ပြုပြင်မွမ်းမံမှုများနှင့်အတူ တောင်တက်ကားများ၏ တုန်ခါမှုကြောင့် ပျက်စီးနိုင်မှုများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဂေါပကအဖွဲ့များကိုလည်း ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကာ ယခု ကေဘယ်လ်ကားပြေးဆွဲမှုလုပ်ငန်းသည်လည်း ကျိုက်ထီးရိုးတောင်ပေါ်ဒေသ ပြုပြင်မွမ်းမံဖွံ့ဖြိုးမှုအတွက် တစ်ခုအပါအ၀င်လည်း ဖြစ်သည်။
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 1, 2016
ကျိုက်ထီးရိုးစေတီတော်တွင် ဆောင်ရွက်မည့် ကေဘယ်လ်ကားပြေးဆွဲမှု စီမံကိန်း ဇူလိုင်လအတွင်း တင်ဒါပြန်လည်ခေါ်ယူမည်ဟု ဆို -------- --------- ---------
Facebook နဲ့ Google က အွန်လိုင်းမှ အစွန်းရောက်များရဲ့ ၀ါဒဖြန့်မှုများကို ဆော့ဝဲဖြင့် အလိုအလျှောက် ဖယ်ရှားမည် ===================================================
Facebook နဲ့ Google က အွန်လိုင်းမှ အစွန်းရောက် စကားများ၊ ၀ါဒဖြန့်မှုများကို ဆော့ဝဲဖြင့် အလိုအလျှောက် ဖယ်ရှားနိုင်မယ့် နည်းပညာကို တီထွင်နေပါတယ်လို့ Reuters က ပြောပါတယ်။ အမေရိကန်နဲ့ ဥရောပမှ ခေါင်းဆောင်များရဲ့ အွန်လိုင်းမှ အစွန်းရောက်သမားများကို ရှုံ့ချဝေဖန်မှုများဟာလည်း တိုးပွားလာနေပါတယ်။ အဲဒီ ဆော့ဝဲရဲ့ အလုပ်လုပ်ပုံ အသေးစိတ်ကို ကုမ္ပဏီများက ကြေညာခြင်း မရှိသေးပေမယ့် အထူးသဖြင့် အမေရိကန်နဲ့ ဥရောပရဲ့ ရန်သူနိုင်ငံများက လူမှုကွန်ရက်များမှာ ၀ါဒဖြန့်မှုများကို ပိတ်ပင်ဖို့ ဖြစ်နိုင်ပါတယ်။
အင်တာနက် ကုမ္ပဏီများကလည်း အစိုးရများရဲ့ ဝေဖန်မှုများကို လက်ခံထားပေမယ့် အစိုးရများရဲ့ အစွန်းရောက်မှု အဓိပ္ပါယ် ဖွင့်ဆိုချက်ကို လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။ အင်တာနက် ကုမ္ပဏီများဟာ အသုံးပြုသူများရဲ့ တိုင်ကြားမှုကို အဓိကမှီခိုပြီး အွန်လိုင်းမှ တရားမ၀င်မှုများ၊ ဥပဒေချိုးဖောက်မှုများကို သိရှိကြတာ ဖြစ်ပါတယ်။ ယခင်နှစ်အစောပိုင်းမှာ Facebook က တစ်နေ့လျှင် တိုင်ကြားမှုပေါင်း တစ်သန်းကျော်ရှိတယ်လို့ ပြောပါတယ်။ Twitter ကလည်း ဖေဖော်ဝါရီလမှာ ISIS နဲ့ ပတ်သက်တဲ့ အကောင့်ပေါင်း ၁၂၅ ၀၀၀ ကို ပိတ်ခဲ့ရပါတယ်။ Google ကလည်း ယခုနှစ် တစ်လထဲမှာ တိုင်ကြားမှုပေါင်း ၇၅ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။
Microsoft, Twitter , Facebook နဲ့ Google တို့ အပါအ၀င် အင်တာနက် ကုမ္ပဏီ များစွာက ကလေး ညစ်ညမ်း ဓါတ်ပုံနဲ့ ဗီဒီယိုများကို အွန်လိုင်းမှာ တားဆီးဖို့ အလိုအလျှောက် စနစ်များကို အသုံးပြုနေကြပါတယ်။ အခုတော့ အွန်လိုင်းမှာ အကြမ်းဖက် ၀ါဒ ဖြန့်ချီမှုများကိုပါ တိုက်ဖျက်ဖို့ ဆော့ဝဲ နည်းပညာများကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။
#DLNews
လားရှိုးမြို့နယ် မိုင်းယော်ဒေသ ပဋိပက္ခအတွင်း ဒေသခံ ၇ ဦးသေဆုံး ---- --- --- ---
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မန်ပန်ပြည်သူ့စစ်နယ်မြေအနီးရှိ မိုင်းယော်ဒေသတွင် ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့မှုကြောင့် လူ (၇) ဦးသေဆုံးခဲ့သည်ဟု ဒေသခံများမှ The Ladies News သို့ပြောသည်။ ဇွန်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအတွင်း ဒေသခံ နှစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်ကာ ကျန် (၅) ဦးမှာ ဖမ်းဆီးခံရပြီးနောက် ၄ ရက်အကြာ ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် အလောင်းများပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အနည်းဆုံး ဒေသခံ (၄) ဦးက The Ladies News သို့ ပြောသည်။
'စစချင်းပစ်ခတ်မှုတွေဖြစ်တုန်းက ၂ ဦးသေတယ်။ နောက် ရွာသားအချို့အဖမ်းခံရတယ်။ အဲဒီအထဲက ၅ ဦးက ပျောက်နေရာကနေ အခု ရွာနဲ့နှစ်ဖာလုံလောက်ဝေးတဲ့နေရာက ပြောင်းခင်းနားမှာ အလောင်းတွေကို မြှပ်ထားတာတွေ့တာပဲ ။ 'ဟု ဒေသခံ စိုင်းကမ်က ပြောသည်။
ဇွန်လ ၂၉ ရက်နေ့က တွေ့ရှိသည့် အလောင်း (၅) လောင်းမှာ ဒေသခံ တအာင်းပလောင်အမျိုးသား (၃) ဦးနှင့် ရှမ်းတိုင်းရင်းသား (၂) ဦးတို့ ဖြစ်ကြပြီး စစ်ကြောင်းတကြောင်းမှ ဇွန်လ ၂၅ ရက်နေ့က မိုင်းယော်ရွာအနီးမှာဖြစ်ခဲ့သော ပစ်ခတ်မှုအပြီး ပြောင်းခင်းထဲက ဒေသခံအချို့ကို ဖမ်းဆီးမှုများရှိခဲ့သည်ဟု ဒေသခံအချို့ကလည်း စွပ်စွဲ ပြောကြားသည်။
' ဒေသခံတွေပြောတာကတော့ ပျောက်သွားတာကတော့ စစ်ကြောင်းခေါ်သွားတယ်ဆိုတဲ့ နေ့ကတည်းက ပျောက်သွားကြတာပဲ။ သတ်တာတော့ ဘယ်သူတွေသတ်လိုက်လဲ အတိအကျမသိဘူး။ ' ဟု ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်းက ပြောသည်ဟု ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနကလည်း ဖော်ပြသည်။
တွေ့ရှိခဲ့သည့် အလောင်းများအနီးတွင်လည်း ကျည်ဆံခွံများ ရှိနေသည်ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ခဲ့သူများကလည်း ဆိုသည်။
ဗွီအိုအေမြန်မာပိုင်း၏ သတင်းဖော်ပြချက်တွင်မူ' အတည်ပြုလို့တော့ မရသေးဘူးပေါ့နော်။ အဲ့ဒီ့နေရာက သောင်းကျန်းသူ ဧရိယာဖြစ်တော့ သွားဖို့ခက်တယ်။ အဲ့တာကို တရားဝင် တိုင်ချက်လာဖွင့်မလားလို့ ကျနော်တို့ကလည်း စောင့်နေတယ်။ အခုအချိန်အထိကတော့ တရားဝင် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ သတင်းလာပေးတာတို့ တိုင်ကြားတာတို့ မရှိသေးဘူးခင်ဗျ။ hear say တွေပဲ ကြားနေရတယ်။"ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြောင်းဖော်ပြထားသည်။
ကိုးကား- ဗွီအိုအေ
Photo - တွေ့ရှိ အလောင်း ၅ လောင်းအား သုသာန်တွင် ပြန်လည်မြေမြှုပ်စဉ်
The ladies news
ထိုင်းရောက်မြန်မာဒုက္ခသည်များထဲမှ ပြန်လာလိုသူ ၁၉၆ ဦးကို အမြန်ဆုံး ပြန်ခေါ်နိုင်ရန် စီစဉ်
ထိုင်းနိုင်ငံရောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးနေစဉ်၊ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ထိုင်းနိုင်ငံရောက် မြန် မာဒုက္ခသည်များအနက် နေရပ် ပြန်လိုကြောင်း ဆန္ဒပြုထားသူ ၁၉၆ ဦးကို အမြန်ဆုံးပြန်ခေါ်နိုင် ရန် အစိုးရက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံသို့ သုံးရက်ကြာခရီးစဉ် အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် မြန်မာဒုက္ခသည်များအရေးကိစ္စ ကို ထည့်သွင်းဆွေးနွေးပြီး ၎င်းတို့ကို နေရပ်သို့ ပြန်ခေါ်နိုင်ရေးကာလတို၊ ကာလရှည် အစီအမံများချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
‘‘ပြန်ခေါ်တာခေါ်မှာ။ လူဝင် မှုကြီးကြပ်ရေးရယ်၊ နယ်စပ်ရေး ရာရယ်၊ သက်ဆိုင်ရာအစိုးရအဖွဲ့ တွေရယ်၊ ကျွန်တော်တို့ရယ် ပူး ပေါင်းပြီး အမြန်ဆုံးလုပ်ဆောင် မယ်။ စီစဉ်ပြီး လုပ်ဆောင်မယ် ပေါ့’’ဟု လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကပြောကြားသည်။
အစိုးရသစ်က မြန်မာဒုက္ခ သည်များ နေရပ်ပြန်ခေါ်ရန် နိုင်ငံတော်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခ သည်စခန်းများ၌ ရောက်ရှိနေ သည့် ဒုက္ခသည်များ မူရင်းနေရပ်သို့ ခေါ်ဆောင်နိုင်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်နှင့် ၎င်းတို့၏ မူရင်းနေရပ်များတွင် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးဝန်ဆောင်မှု စသည့်အခြေအနေကောင်းများ စီစဉ်ဆောင်ရွက်ပေးနိုင်ချိန်၌ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းများ စတင်မည်ဟုသဘောတူခဲ့ကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်နောက်ဆုံးရက် (ဇွန် လ ၂၅) တွင် မြန်မာသံရုံး၌ ထိုင်းရောက် တက္ကသိုလ်ဆရာများ၊ ကျောင်းသားများနှင့်တွေ့ဆုံစဉ် မြန်မာဒုက္ခသည်များနှင့် ရွှေ့ ပြောင်းအလုပ်သမားများကိုတက် နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီ ရန်၊ အားလုံးနှင့်သက်ဆိုင်သည် ဟု ခံယူထားရန် တိုက်တွန်းမှာ ကြားခဲ့သည်။
အဆိုပါသုံးရက်ကြာခရီးစဉ် အတွင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်သည် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အ လုပ်သမားကိစ္စ၊ နှစ်နိုင်ငံနယ်စပ် ရှိ ဒုက္ခသည်များစခန်းများမှ မြန် မာနိုင်ငံသားများ နေရပ်သို့ ပြန် လည်ပို့ဆောင်ရေးကိစ္စ၊ နှစ်နိုင်ငံ ကြား နယ်နိမိတ် ပြန်လည်တိုင်း တာရေးကိစ္စ စသည်တို့ကို ဆွေး နွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။
‘‘ဒုက္ခသည်တွေကို ပြန်ခေါ် တော့မယ်ဆိုရင် ပျော်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေအတွက် စားဝတ်နေရေး၊ ကျောင်း၊ ဈေးနဲ့ သွားလာဖို့အဆင်ပြေအောင် စီစဉ် ပေးဖို့ လိုပါတယ်။ မဟုတ်ရင် ထိုင်းမှာပဲ ရွှေ့ပြောင်းအလုပ်သ မားဘ၀နဲ့ နောက်တစ်ကြိမ်ပြန် ရောက်မှာပဲ။ ဖြစ်နိုင်ရင် မြန်မာ ပြည်ထဲမှာပဲ နေချင်တာပေါ့။ သူ များကျွေးထားတာ ဘယ်စားချင် မလဲ။ ပြန်ခေါ်မယ်ဆိုရင် ပညာ ရေး၊ ကျန်းမာရေးကိစ္စတွေကိုရော ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်’’ ဟု ထိုင်းနိုင်ငံရောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) အသိအမှတ်ပြု ကတ်ကိုင်ဆောင်ထားသူ ဦးမြင့် ဝေက ပြောသည်။
ထိုင်းနိုင်ငံအတွင်းကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး (UNHCR) အသိအ မှတ်ပြု ဒုက္ခသည်စခန်း ကိုးခုရှိ ပြီး မြန်မာဒုက္ခသည်အရေအတွက် တစ်သိန်းငါးသောင်းခန့်ရှိ ကြောင်း ခန့်မှန်းထားသည်။
More in News Sectio
မန္တလေးလွှတ်တော်တွင် လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာချထားပေး ခဲ့မှုများ ပြန်လည်စိစစ်၍ ဖျက်သိမ်းရန် အဆိုတင်သွင်း --------- -------- ---------
မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ၁/ ၂ဝ၁၆ ကို ဇွန် ၃ဝ ရက် နံနက်ပိုင်းက ကျင်းပရာ အစိုးရအကူးအပြောင်းကာလတွင် အများပြည်သူနှင့် သက်ဆိုင်သည့် မြေကွက်များနှင့် ပလပ်မြေများအား လူပုဂ္ဂိုလ်အမည်ဖြင့် ချထားပေးခြင်း၊ မြေငှားဂရမ် ထုတ်ပေးခြင်းများကို ပြန်လည်စိစစ်၍ ဖျက်သိမ်းပေးရန် တိုက်တွန်းသည့် အဆိုတင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာ စည်မြို့နယ် မဲဆန္ဒနယ် ၂ မှ တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက အဆိုတင်သွင်းခဲ့ရာ လွှတ်တော်တွင် ဆွေးနွေးရန် ကန့်ကွက်သူမရှိ လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ပြည်သူတွေရဲ့အသံကို နားထောင်ခဲ့ပြီးမှ ဒီအဆိုကို တင်သွင်းတာပါ။ ဒီမြေတွေကို ဥပဒေနဲ့အညီ စိစစ်ပြီး မသုံးတော့တဲ့ မြေကွက်တွေမှာ အားကစားကွင်းတွေ၊ ဆေးရုံ၊ အိမ်ရာတွေလို အများနဲ့ဆိုင်တာ လုပ်ပေးသင့်တယ်။ လုပ်ပိုင်ခွင့် ကတော့ အစိုးရအဖွဲ့ပေါ့။ ဥပဒေနဲ့အညီ အစိုးရအဖွဲ့က ဆောင်ရွက်ရမှာ ဖြစ်တယ်'' ဟု အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။
စည်ပင်သာယာ နယ်နိမိတ်အတွင်း ၁၉၉၂ ခုနှစ် မြို့ကွက်သစ်များ ဖော်ထုတ်ခဲ့စဉ်က ပညာရေး၊ ကျန်းမာရေး၊ ဈေးနှင့် ရုံးများတည်ဆောက်ရန် သတ်မှတ်ခဲ့သည့် မြေနေရာများ၊ ပလပ်မြေများအား ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လက လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာချ ထားပေးမှုများ တွေ့ရကြောင်း၊ အမရပူရမြို့နယ်တွင် ၃ .၁၉ ဧက၊ ပုသိမ်ကြီး မြို့နယ်တွင် မြေယာပုံစံ ၃ဝ (ခ) ၅၇၄.၄၁ ဧကနှင့် ပုံစံ ၃ဝ(က) ၁၆ .၃၈ ဧက၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြေဧကအကျဉ်း ၃၇.ဝ၂ ဧကနှင့် အကျယ် ၁၄၄.၆၄ ဧက၊ ချမ်းမြသာစည်မြို့နယ်တွင် ၃၉.၂၄ ဧက တို့ဖြစ်ကြောင်း သိရသည်။
တိုးတက်နေသည့် လူဦးရေကို မှန်းဆ၍ အများနှင့်ဆိုင်သော ကိစ္စများနှင့် စီမံကိန်းများအတွက်အသုံးပြုရန် မြေကွက်များ ချထားခဲ့ရာတွင် ပွင့်လင်း မြင်သာ ထုတ်ပြန်မှု မရှိခဲ့သည့်အပြင် လူတစ်ဦးတစ်ယောက် အမည်များဖြင့် ချထားပေးခြင်းကြောင့် မလိုလားအပ်သော ပြသ၁နာများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
The Ladies News
ရန်ကုန်ဝန်ကြီးဦးဖြိုးမင်းသိန်းနဲ့ ပြည်တွင်းကြက်မွေးမြူရေးစီးပွားရေးလုပ်ငန်းရှင်များအကြား အချေအတင် ထပ်မံဖြစ်ပေါ် ===================================================
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့စိတ်ထင်တိုင်းလုပ်ကိုင်ပြောဆိုမှုတွေကြောင့်စီးပွားရေးလုပ်ငန်းမှာ အောင်မြင် နေတဲ့သူဖြစ်တဲ့အပြင်လွှတ်တော်ကိုယ်စားလှယ်ပါဖြစ်တဲ့ ဒေါက်တာသက်သက်ခိုင်အပါအဝင်စီးပွားရေးလုပ်ငန်းရှင်များနဲအဆင်မပြေမှုများဆက်တိုက် ဖြစ်ပေါ်နေပါတယ်။
အခုလည်း...နိုင်ငံခြားကနေကြက်သား(အေးခဲ)တွေတင်သွင်းဖို့စီစဉ်လုပ်ဆောင်နေတဲ့အတွက် ပြည်တွင်းကြက်မွေးမြူသူစီးပွားရေးသမားများအပေါ်ထိခိုက်ဆုံးရူံးမှုတွေ ဖြစ်လာနိုင်စေတာကြောင့် ပြည်တွင်းကြက်မွေး မြူရေးလုပ်ငန်းရှင်များနဲ့ပါအဆင်မပြေမှုတွေဖြစ်ပေါ်ကာ ဝေဖန်သံတွေထွက်ပေါ်နေပါတယ်။
(၁)
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ပြည်ပမှ အေးခဲကြက်တွေကို တင်သွင်းပြီဆိုပါတော့ အရင်ဆုံး စဉ်းစားတွက်ချက်ရမှာ ပြည်တွင်းမှာ ကြက်မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် များအပေါ် ထိခိုက်လာစေမယ့် အချက်ပဲဖြစ်ပါတယ်။ ပြည်တွင်းမှာ ကြက်မျိုးခြံ အပါအဝင် ကြက်စာ ပါထုတ်လုပ် နေတဲ့ နိုင်ငံသားပိုင် ကုမ္မတီ ၉ ခု၊ နိုင်ငံခြားသားကုမ္မတီ ၅ ခု ရှိပြီး ပြည်နယ် ၁၄ ခုမှာ ကြက်မွေးမြူတဲ့ စီးပွားရေးဖြင့် ရပ်တည်နေတဲ့ လုပ်ငန်းအကြီးစားမဟုတ်ပေမယ့်လည်း အကောင်ရေ ၁၀၀၀၀ လောက်နဲ့ လည်ပတ်ရပ်တည်နေတဲ့ လုပ်ငန်းရှင်များကိုပါ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ဆုံး ပြည်တွင်းကြက်မွေးမြူရေး လုပ်ငန်းရပ်ဆိုင်းသွားတဲ့အထိကို ဂရိုက် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်သွား စေနိုင်မှာပါ။
(၂)
ပြည်ပကနေ အေးခဲကြက်သားတွေ တင်သွင်းပြီး ဈေးတွေမှာ ရေဖျော်ကာဈေးတွေမှာ ပြန်ရောင်းချပေးဖို့ လုပ်တာကွာလို့ ပြောလာရင်လည်း အေးခဲကြက်သားတွေရဲ့ လတ်ဆတ်မှု Expire Date ကို စစ်ဆေးဖို့ ဓါတ်ခွဲခန်းတွေ မြန်မာနိုင်ငံမှာ မရှိသေးတဲ့အတွက် ပြည်သူတွေ ကျန်းမာရေးကိုပါ ထိခိုက်မှုတွေဖြစ်ပေါ်စေမယ့် အကျိုးဆက်တွေပါ ရှိလာပါပြီ။ အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ ကြက်ဥပါ အတုလုပ်နေတာကို သတိပြု ထည့်သွင်းစဉ်းစားသင့်ပါတယ်။
(၃)
အရေးကြီးဆုံး အချက်အနေနဲ့ကတော့ ပြည်ပနိုင်ငံများနဲ့ ကုန်သွယ်မှုတွေ လုပ်ရတော့မှာဖြစ်တဲ့အတွက် ကုန်သွယ်မှုတွေ အကြောင်းတစ်စုံတစ်ရာကြောင့် ရပ်ဆိုင်းမှုတွေဖြစ်လာခဲ့ရင် ပြည်တွင်းမှာလည်း ဦးဖြိုးမင်းသိန်းရဲ့ တဇွတ်ထိုးလုပ်ကိုင်မှုကြောင့် ကြက်မွေးမြူရေးရပ်ဆိုင်းသွားတဲ့အတွက် အရန်သင့် အစားထိုးဖို့ ဘယ်ကကြက်သား၊ ကြဥတွေ ရှာပြီး ပြည်သူတွေ အတွက် အရေးပေါ် အစားထိုး စီမံဆောင်ရွက်ပေးမှာလဲ။ ပြည်သူတွေက ဘယ်က ကြက်ဥ၊ ကြက်သားတွေ စားရတော့မှာလဲဆိုတာရော စဉ်းစားမိရဲ့လား ဦးဖြိုးမင်းသိန်းခင်ဗျာ။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ သိထားဖို့က ကြက်ဆိုတာ ၄၅ ရက်ကျော်ရင် စားလို့ရပြီဖြစ်တဲ့အပြင်ထိခိုက်ပျက်ဆီးလွယ်တဲ့အတွက်အစာဆိပ်သင့်မှုအဓိက ဖြစ်ပေါ်စေပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ အေးခဲကြက်တွေကို တင်သွင်းဖို့ လုပ်ဆောင်တာဟာ ဘယ်သူတွေရဲ့ စနက်နဲ့ လုပ်ဆောင်တယ်ဆိုတာကို မသိပါဘူး။ ဝန်းကြီးအနေနဲ့ လာဘ်လာဘရလို့ပဲဖြစ်ဖြစ်၊ အကျိုး တစ်စုံတစ်ရာ ရရှိလို့နိုင်ငံခြား အေးခဲကြက်လုပ်ငန်းရှင်များနဲ့ လက်ဝါးချင်းရိုက် လုပ်ဆောင်တာ
လည်း ဖြစ်နိုင်ပေမယ့် အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် တတ်သိနားလည်တဲ့သူများနဲ့ တိုင်ပင်ကာ
ဆွေးနွေးပြီးမှသာ ၂ ဦး ၂ ဖက် အဆင်ပြေအောင် လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ အဲလိုမှ မဟုတ် ဘဲ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်တာဆိုရင်တော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်းများနဲ့တိုက်
ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီးဝန်ကြီးအပေါ်ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။စီးပွားရေးသမားဆိုတာ နိုင်ငံတစ်ခုရဲ့အစိုးရနဲ့လက်တွဲနေတဲ့သူတွေဖြစ်တယ်ဆိုတာသတိချပ်စေချင်ပါတယ်။ ဝန်ကြီးအနေနဲ့ အတန်းပညာ အများကြီး မတတ်လည်း နိုင်ငံရေးသမား ၁ ဦးဖြစ်တဲ့အတွက် ပါးနပ်မှုတော့ ရှိသင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲငါကဝန်ကြီးချုပ်...ငါလုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဝန်ကြီး ဦးဖြိုးမင်းသိန်း ရဲ့ သဘောပါပဲခင်ဗျား….
အင်းဝမင်းခေါင်
ရခိုင်ပြည်နယ်မှ လ၀က အရာရှိ ၅၀ ကျော် အပြောင်းအရွှေ့ ပြုလုပ်
Friday, July 1, 2016
ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင် လျက်ရှိသော လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး အဆင့် အရာရှိ(၅၇) ဦးကို တာဝန် ပြောင်းရွှေ့မှုများပြုလုပ် ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
အဆိုပါ လူဝင်မှုကြီးကြပ်ရေးမှူးများကို ဇွန်လ(၂၈)ရက်နေ့က ပြုလုပ်သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီးရုံး(အမှုထမ်းအ ဆင့်)ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု ကော်မတီအစည်း အဝေး ဆုံဖြတ်ချက်ဖြင့် ပြောင်းရွေ့တာဝန် ထမ်းဆောင်စေခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးကဆိုသည်။
ယခင်အစိုးရလက်ထက်တွင် လူမျိုးရေးပြဿနာ ဖြစ်ပွားမှုများ ရှိခဲ့သော ရခိုင်ပြည် နယ်အတွင်း လ၀ကအရာရှိ များကို အစိုးရသစ်က ပထမဆုံးအကြိမ် အပြောင်းအရွှေ့ပြုလုပ်ခြင်းလည်းဖြစ်သည်။
သို့သော်လည်း ဦးရဲထွန်းဦးကမူ “ဝန်ထမ်းတွေတစ်နေရာနဲ့တစ်နေရာ တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရတာ ပုံမှန်ဖြစ်ပါတယ်”ဟု တုံ့ပြန်ပြောဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးမှူးများကို နေရာအပြောင်း အရွှေ့များ ပြုလုပ်ခြင်းသည် ရခိုင်ပြည် နယ်အတွင်း နေထိုင်သောသူများ ကို နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြု့ခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ဖွဲ့စည်းမှုနှင့်လည်း သက်ဆိုင်မှုမရှိကြောင်း ဦးရဲထွန်းဦးက ဆိုသည်။
အလားတူ နိုင်ငံတော်သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရသစ်လက် ထက်၌ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ်အဆင့်မှ ခရိုင်အဆင့် ထိ အုပ်ချုပ်ရေးမှုးများကိုလည်း တာဝန်ပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိသည်။
The Voice
မန္တလေးဆေးရုံကြီးရင်ခွဲရုံတွင် ငွေပေးရလျှင် အရေးယူမည်ဟု ဝန်ကြီးချုပ်ဆို
မန္တလေးဆေးရုံကြီးရင်ခွဲရုံတွင် ငွေပေးရလျှင် အရေးယူမည်ဟု ဝန်ကြီးချုပ်ဆို
Friday, July 1, 2016
မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် တရားဝင်ခွင့်ပြုထားခြင်းမရှိဘဲ ဝန်ထမ်းအချို့ အလောင်းကို ဖော်မလင်ဆေးထိုးပေးခြင်းအပါအ ဝင် ငွေကြေးတောင်းခံမှုများနှင့်ပတ်သက်၍ အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇွန်လ၃၀ ရက်နေ့က လွှတ်တော်ပထမပုံမှန်အထူးအစည်းအဝေး ၁/၂၀၁၆ တွင် ထည့်သွင်းပြော ကြားသည်။
အဆိုပါဆေးရုံကြီးရင်ခွဲရုံမှ အလောင်းထုတ်ယူကြရာ တွင် ငွေကြေးပေးဆောင်နေရခြင်းများနှင့်ပတ်သက်ပြီး ပေးဆောင်ရသည့်
ငွေကြေးပမာဏကို လျှော့ချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က အထက်ပါ အတိုင်း ပြန်လည်းဖြေကြားသည်။
“ ဆေးရုံကြီး ရင်ခွဲရုံမှာထားတဲ့ အလောင်းတွေကို ဆေးရုံဝန်ထမ်းတွေအနေနဲ့ ကြာရှည်ခံအောင် ဖော်မလင်ဆေးထိုးပေးတာတို့၊ သရဏဂုံတင်ဖို့ ဘုန်းကြီး ပင့်ပေးတာ၊ နိဗ္ဗာန်ယာဉ်ငှါးပေးတာ စတဲ့ဝန်ဆောင်မှုတွေမပေးဖို့ ညွှန်ကြား ထားတဲ့အပြင် ဝန်ဆောင်မှုတွေပေးမယ်ဆိုရင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အရေးယူသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းရင်ခွဲရုံတွင် ရောဂါနှင့်သေဆုံးသူများနှင့် ပြင်ပတွင်သေဆုံးခဲ့ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ရာမှ အလောင်းထုတ်ယူရာတွင် အလောင်းရှင်များက ကျပ်ရှစ်သောင်းမှ ၁၂၀၀၀၀ ကျပ်အထိပေးဆောင်နေရပြီး ငွေကြေးပေးဆောင် ရမှုအပေါ် လျှော့ချတောင်းခံရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ဦးရဲမင်းဦး က မေးမြန်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ငွေကြေးတောင်းခံမှုများသည် ပြည်သူ့ဆေးရုံကြီးသို့ ပေးဆောင်နေ ရခြင်းမဟုတ်ဘဲ အလောင်းရှင်များက အလောင်းကြာရှည်ခံနိုင်ရန်အ တွက် ဖော်မလင်ဆေးထိုးပေးခြင်းအပါအဝင် အခြားဝန်ဆောင်မှုများ ပြု လုပ်ပေးရခြင်းများအတွက် ဝန်ဆောင်မှုပေးသည့် ဆေးရုံဝန်ထမ်းများကို သာပေးရခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ရှင်းလင်းပြောကြား သည်။
ရင်ခွဲရုံတွင် အအေးခန်းဖြင့်အလောင်းထားပေးသည့်အတွက် အခကြေးငွေ အနေနှင့် ဆေးရုံတွင် သေဆုံးသည့် အလောင်းများအတွက် တစ်ရက်လျှင် တစ်ထောင်ကျပ်နှင့် ပြင်ပမှလာထားသည့်အလောင်းများအတွက် သုံးထောင် ကျပ်သာ တရားဝင်ကောက်ခံပြီး ယင်းအခကြေးငွေကိုလည်း နိုင်ငံတော် သို့ပေးဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။
“ကျွန်တော်တို့ အလောင်းသွားထုတ်တုန်းက ရင်ခွဲရုံဝန်ထမ်းကိုပဲ ငါးသောင်းပေးခဲ့ရတာပါ။ အဲဒီလိုပေးရတဲ့ နေရာမှာလည်း လူရင်းရင်ရင်းသလို သက်သာပါတယ်။ မှုခင်းဖြစ်စဉ်နဲ့သေတဲ့အလောင်းတွေတို့ မသိတဲ့သူစိမ်းတွေ တို့ဆို ရှစ်သောင်း၊ တစ်သိန်းထိပေးရတယ်လို့ သိရပါတယ်” ဟု အလောင်း ထုတ်ယူခဲ့ဖူးသည့် ဦးလှမင်းဦးက ဆိုသည်။
ယင်းသို့ထုတ်ယူစဉ်က အလောင်းကိုဖော်မလင်ထိုးခြင်း၊ ဘုန်းကြီး ပင့်ဆောင်ခြင်းများမပြုလုပ်ခဲ့သကဲ့သို့ နိဗ္ဗာန်ယာဉ်ကိုလည်း ကိုယ်တိုင်ပင်ခေါ်ဆောင်ခဲ့ရကာ ငွေငါးသောင်းကျပ်ကိုလည်း ရင်ခွဲရုံစောင့်ဝန်ထမ်းကိုသာ ပေးဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ဦးလှမင်းဦးက ဆက်လက်ပြောကြားသည်။
အလောင်းဝန်ဆောင်မှုပေးခြင်းများနှင့်ပတ်သက်ပြီး ဆေးရုံတွင်တရားဝင်ခွင့်ပြုထားခြင်းများမရှိသကဲ့သို့ ဝန်ဆောင်မှုပေးလိုသည့်ဆေးရုံဝန်ထမ်းများကိုလည်း ရင်ခွဲရုံအနီးအနားနေရာတစ်ခုခုတွင် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်ရယူကာ ဆောင်ရွက်ကြရန် အကြံပြုထားကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီး ဆေး၊လူမှုဆက်ဆံရေးအရာရှိဦးမင်းလွင်က ပြောကြားသည်။
The Voice
မန္တလေး မြစ်ကြီးနား မီးရထားတန်ဆာခ လျှော့ချ
မြစ်ကြီးနားမြို့မှ မန္တလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။ Photo:Kyaw Myo Min/RFAမြန်မာ့မီးရထားက မန္တလေးတိုင်း မြို့ဟောင်းဘူတာကနေ ကချင်ပြည်နယ် မြစ်ကြီးနားဘူတာအထိ ကုန်မျိုးစုံနဲ့ ဆီတွေတင်ဆောင်တဲ့ ကုန်ရထားတန်ဆာခနှုန်းထားတွေကို အခုလလယ်ပိုင်းကစပြီး လျှော့ချလိုက်ပါတယ်။
အရင်က ခရီးတစ်မိုင်အတွက် တစ်တန် ၉၀ ကျပ်နှုန်းကနေ ၇၅ ကျပ်နှုန်းကိုလျှော့ချလိုက်တာ ဖြစ်တယ် လို့ မြစ်ကြီးနားဘူတာကြီးရဲ့ ရုံပိုင်ချုပ် ဦးကြည်ဆန်းက ပြောပါတယ်။
"ကုန်ဆို တစ်တန် တစ်မိုင်ကို ၇၅ ကျပ်နှုန်းကောက်ပါတယ်၊ ဆီလုံးရထားကတော့ တစ်တန် တစ်မိုင်ကို ၉၀ ကျပ်နှုန်းကောက်ပါတယ်၊ အဲ့ဒါပဲပြောင်းလဲသွားတာပါ၊ တစ်တန် တစ်မိုင် ၁၅ ကျပ် သက်သာသွားတဲ့အခါ မှာ မြစ်ကြီးနားနဲ့ မြို့ဟောင်း ၅၁ဝဝ သက်သာပါတယ်၊ တွဲတစ်တွဲလုံးအနေနဲ့ဆိုရင် ငွေ တစ်သိန်းခြောက်သောင်းလောက် သက်သာပါတယ်၊ ဒီလိုနှုန်းချပေးလိုက်တဲ့အတွက်ကြောင့် ကားခနဲ့ ယှဉ်လို့ရှိရင် နည်းနည်းသက်သာလာတဲ့အတွက်ကြောင့် ဒီဘက်နည်းနည်းပိုတင်လာမယ်လို့ ယူဆပါတယ်"
ဒီနှစ်ပိုင်းအတွင်း မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို ကားမျိုးစုံနဲ့ သယ်ယူတာတွေရှိလာတဲ့အတွက် ကုန်ရထားနဲ့ သယ်ယူစားရိတ် တန်ဆာခဈေးနှုန်းတွေကို လျှော့ချလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
အခုလျှော့ချလိုက်တဲ့ တန်ဆာခ နှုန်းထားဟာ မြို့ဟောင်းဘူတာဘက်ကနေ မြစ်ကြီးနားဘူတာဘက် အဆန်ခရီး သယ်ယူစားရိတ်ဖြစ်ပြီး မြစ်ကြီးနားဘက်ကနေ မြို့ဟောင်းဘူတာဘက် သယ်ယူခနှုန်းကတော့ မူလအတိုင်း ဖြစ် ပါတယ်။
မြစ်ကြီးနားဘူတာကနေ မြို့ဟောင်းဘူတာကို မီးရထားမိုင်အနေနဲ့ မိုင် ၃၄၀ ရှိပါတယ်။
လက်ရှိအခြေအနေမှာ မြစ်ကြီးနားဘူတာကနေ တစ်လကို လူစီးရထားမျိုးစုံ ၇ စီး အစုန်အဆန် သွားလာနေပြီး ကုန်ရထား အစီးနှစ်ဆယ်လောက် အစုန် အဆန် သယ်ယူပို့ဆောင်နေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတစ်ချို့က တိုင်းရင်းသားပြည်သူတွေဟာ ခရီးသွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် မြန်မာ့မီးရထားကို အစဉ်အဆက် အသုံးပြု နေကြတာ လည်း ဖြစ်ပါတယ်။
RFA Burmese