#AlsoInNews
ဂင်္ဂါမြစ်ရေကို အွန်လိုင်းပေါ်တင်၍ အိန္ဒိယအစိုးရ ရောင်းချမည်
--------------------------------------
ဘာသာတရားရဲ့ သမိုင်းကြောင်းမှာ အမြဲတမ်းပါလေ့ရှိပြီး ယခုအထိလည်း အမွန်အမြတ်ဖြစ်နေတဲ့ ဂင်္ဂါမြစ်ဟာ ညစ်ပတ်တဲ့ မြစ်စာရင်းမှာ ပါပါတယ်။ ဒါပေမဲ့ အမြတ်တနိုး ကိုးကွယ်ဆောင်ထားလိုသူတွေအတွက် အိန္ဒိယ အစိုးရက အွန်လိုင်းကနေ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဂင်္ဂါမြစ်ရေဟာ မကောင်းမှုအညစ်အကြေးတွေကို ဖယ်ရှားပေးတယ်လို့ ဟိန္ဒူဘာသာဝင် အချို့က ယုံကြည်လေးမြတ်ကြပါတယ်။
“ဂင်္ဂါမြစ်ရေကို အိန္ဒိယပြည်သူတွေ ရရှိစေဖို့ အွန်လိုင်းကဝယ်ယူနိုင်အောင် ကျွန်တော့်ဌာနကို ညွှန်ကြားထားပါတယ်” ဟု အိန္ဒိယတယ်လီကွန်း ဝန်ကြီး ရာဗီရှန်ကာပရာဆပ် က ပြောကြားပါတယ်။ အွန်လိုင်းက ဝယ်ယူလိုက်တဲ့ သူတွေဆီကို စာတိုက်ဌာနကတစ်ဆင့် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အွန်လိုင်းရှော့ပင်း အင်တာနက်စာမျက်နှာတွေကို ဒီကိစ္စကို တင်ပြပို့ဆောင် ထားပြီး မည်သည့် ပြန်လည်တုန့်ပြန်မှုမျိုးမှ မရရှိသေးပါဘူး။
ဂင်္ဂါမြစ်ရေကို ရောင်းမယ့်အစီအစဉ်က စိတ်ဝင်စားစရာကောင်းပေမယ့် ယနေ့ခေတ်ဂင်္ဂါမြစ်ဟာ တော်တော့်ကို ညစ်နွမ်းနေပါပြီ။ ဂင်္ဂါမြစ်မင်းဟာ ၂၅၂၅ ကီလိုမီတာ ရှည်လျားပြီး အိန္ဒိယပြည်နယ် ၅ ခုကို ဖြတ်သန်းစီးဆင်းနေ တာဖြစ်ပြီး ပြည်သူ ၄၀ရာခိုင်နူန်းက မြစ်ဝှမ်းဒေသမှာ နေထိုင်ကြတာ ဖြစ်ပါ တယ်။ တစ်ရက်တစ်ရက်ကို ဂါလန်သန်းပေါင်းများစွာသော မိလ္လာရေတွေဟာ ဂင်္ဂါမြစ်ထဲကို သန့်စင်မှုမရှိဘဲ တိုက်ရိုက်စီးဝင်နေတာ ဖြစ်ပါတယ်။ မစင်မှာ တွယ်ကပ်နေတဲ့ ဗက်တီးရီးယားပေါင်းများစွာဟာ မြစ်ရေထဲမှာ ရှိနေပြီး အကျိုးဆက်ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။
Ref: UPI
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, June 3, 2016
ဂင်္ဂါမြစ်ရေကို အွန်လိုင်းပေါ်တင်၍ အိန္ဒိယအစိုးရ ရောင်းချမည် --------------------------
ပုလဲမြို့သစ်တွင် သီလရှင်ငါးပါး ဆုံဆို့နာရောဂါဖြစ်ပွား၊ တစ်ပါးပျံလွန် ----------------------------------------------------
ပုလဲမြို့သစ်တွင် သီလရှင်ငါးပါး ဆုံဆို့နာရောဂါဖြစ်ပွား၊ တစ်ပါးပျံလွန်
----------------------------------------------------
ရန်ကုန်၊ ဇွန် ၂
သီလရှင် ငါးပါးတွင် ဆုံဆို့နာရောဂါ ကူးစက်ခံရခြင်းကြောင့် ပုလဲမြို့သစ်တိုက်နယ် ဆေးရုံ၌ ဆေးကု သမှုခံယူနေပြီး တစ်ပါး ပျံလွန်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
ယင်းသီလရှင်များတွင် အီဘိုလာရောဂါ ကူးစက်ခံရပြီး တစ်ပါး ပျံလွန်သွားသည်ဟူသော ကောလဟာလ သတင်းများ ထွက်ပေါ်နေသဖြင့် The Voice က ယင်းဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ယင်းသို့ သိရှိရခြင်းဖြစ်သည်။
“သီလရှင် စာသင်တိုက်မှာဖြစ်တဲ့ရောဂါက အီဘိုလာရောဂါမဟုတ်ပါဘူး ၊ ဆုံဆို့နာ ရောဂါပါ။ ဓာတ်ခွဲခန်းနဲ့ သေချာစမ်းသပ်ပြီးပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က The Voice သို့ပြောသည်။
မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရွှေစေတီဘုရားအနီး ရတနာမာန်အောင် သီလရှင်စာသင်တိုက်တွင် သီလရှင်ငါးပါးမှာ ဆုံဆို့နာရောဂါဖြစ်ပွားပြီး သီလရှင်တစ်ပါးပျံလွန်တော်မူသွားပြီးနောက် နေထိုင်ရာပတ်ဝန်းကျင်သို့ ကူးစက်ပျံ့နှံ့ခြင်း မရှိစေရန်အတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
“ဆုံဆို့နာရောဂါက ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်ပေမယ့် သူတို့ဒေသမှာ မထိုးခဲ့လို့ ဖြစ်ရတာပါ ။ ဒီရောဂါက လူကြီးတွေမှာဖြစ်လေ့မရှိပါဘူး” ဟု ဒေါက်တာ ဝင်းလွင်က ဆိုသည်။
အဆိုပါသီလရှင်များ၏ အသက်နှင့် ကူးစက်ခဲ့သည့် အသေးစိတ်အခြေအနေကို သက်ဆိုင်ရာ ဆရာဝန်ထံ ဆက်သွယ် မေးမြန်းသော်လည်း လတ်တလောတွင် အရေးကြီးဆောင်ရွက်ရန်များ ရှိနေသဖြင့် ဇွန်လ ၃ရက်နေ့ မနက်ပိုင်းတွင် တွေ့ဆုံဖြေကြားပေးမည် ဟု ပြန်လည်ပြောဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ပြည်သူ့ဆေးရုံများ တွင် နှစ်စဉ်မွေးဖွားသည့် ပျမ်းမျှကလေးငယ် တစ်သန်းကျော်အား ဆုံဆို့နာရောဂါအပါအဝင် ငါးမျိုးစပ်ကာကွယ်ဆေးများ အခမဲ့ထိုးပေးလျက်ရှိကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) အနေနှင့် မြန်မာနိုင်ငံတွင် ကူးဆက်ရောဂါများကြောင့် ငါးနှစ်အောက် ကလေး ၁၀၀၀ ဦးတွင် သေဆုံးမှုနှုန်း ၄၆ ဒသမ ၁ ရာနှုန်းရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
Thursday, June 2, 2016
ကျမကိုအကျယ်ချုပ်က လွတ်အောင်လုပ်ပေးမှ ပြည်သူတွေဖြစ်စေ ချင်တာ အားလုံး လုပ်ပေးလို့ရမှာပေါ့ ။ အာဏာရှင်နဲ့ ခရိုနီတစ်သိုက်ကို ကမ္ဘာ့ ခုံရုံးတင် အရေးယူပေးမယ်။
ကျမကိုအကျယ်ချုပ်က လွတ်အောင်လုပ်ပေးမှ ပြည်သူတွေဖြစ်စေ ချင်တာ အားလုံး လုပ်ပေးလို့ရမှာပေါ့ ။ အာဏာရှင်နဲ့ ခရိုနီတစ်သိုက်ကို ကမ္ဘာ့ ခုံရုံးတင် အရေးယူပေးမယ်။
.
ကျမကိုလွှတ်တော်ထဲ ရောက်အောင် လုပ်ပေးမှ ပြည်သူတွေ လိုအပ်တာ မှန်သမျှ တင်ပြပေးမယ် တစ်ဖက်ကလည်း နိုင်ငံတစ်ကာကို ဖိအားပေးခိုင်းပြီး ပြောင်းလဲ ရမယ်။
ကျမလွှတ်တော်ထဲရောက်ရင် ခြေဥကို ရအောင်ပြင်မယ် ။
.
ကျမ မှာအာဏာမရှိလို့ ဘာမှ လုပ်ပေးလို့မရပါဘူး ။ ကျမ သမ္မတဖြစ်မှ ပြည်သူတွေ လိုအပ်တာအားလုံးလုပ်ပေးလို့ရမှာပေါ့ ။
.
စတဲ့ အဆင့်ဆင့်တောင်းဆိုချက်တွေနဲ့ ပြည်သူကို မက်လုံးတွေ ပေးပြီး ခိုးဝင်ကိစ္စကလွဲလို့ တိုင်းကျိုးပြည်ပြု ဘာတစ်ခုမှမလုပ်ပေးပဲ 420 - နဲ့ အာဏာ ရလာတဲ့ ဒေါ်စုကြည် ဟာ
.
မေလ ( ၂၂ ) ရက်နေ့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို
.
ရိုဟင်ဂျာ ကိစ္စကိုပြတ်ပြတ် သားသား လုပ်ပေးနိုင်ဘို့ သူမကို ကမ္ဘာက အသိအမှတ်ပြုတဲ့ ကမ္ဘာမှာ အာဏာရှိတဲ့ နေရာ ( ဥပမာ ယူအန် နေတိုး အိုအိုင်စီ တပ်တွေကို အမိန့်ပေးလို့ရတဲ့ အာဏာရှိတဲ့ နေရာ လိုမျိုး ) တစ်ခုပေးဘို့ ကမ္ဘာကို တောင်းဆိုလိုက်ပါတယ်။
.
လက်ရှိအခြေအနေအရ တပ်မတော်နဲ့ မျိုးချစ် ရဟန်းသံဃာ ပြည်သူလူထု တစ်သားထဲရှိနေတဲ့အတွက် ခိုးဝင် ဘင်္ဂါလီများကို နိုင်ငံသားပေးရေး ကိစ္စတွေ နှောင့်နှေး တဲ့အတွက်
.
အဓိက မြန်မာ့တပ်မတော်ကို ထိန်းချုပ်လို့ရမယ့် ကမ္ဘာ့ကပေးတဲ့ အဏာ တစ်ခုကို လိုချင်တယ်လို့ ပြောလိုက်တဲ့သဘောပါ။
.
ယူအန်က အာဏာသိမ်းပြီး နိုင်ငံတော်တပ်မတော်က သူပုန်ဖြစ် သူပုန်တပ်က နိုင်ငံတော် တပ်မတော်ဖြစ်ပြီး ယူအန် နဲ့သြဇာခံ တစ်ယောက် ကို သမ္မတခန့် ခဲ့တဲ့ အဖြစ်မျိုး ကမ္ဘာမှာ လတ်တလော ရှိခဲ့ပါတယ်။
( ကေအိုင်အေနဲ့ အေအေသူပုန်ကို တပ်မတော်လို့ တောက်ကွက်တွေက တင်စား ခေါ်ခဲ့တဲ့ ရည်ရွယ်ချက်ပါ )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
လွန်ခဲတဲ့ရက်အနည်းငယ်က ရခိုင်ဝန်ကြီးချုပ် ဦးညီပုဦးဆောင်ပြီး စစ်တွေ အောင်မင်္ဂလာရပ်ကွက်ကို ၀င်စစ်ခဲ့တဲ့အခါ လူလေးထောင်ကျော်သာရှိတဲ့ ရပ်ကွက်မှာ မူရင်းလူလေးထောင်ကျော်ပျောက်ပြီး ရပ်ကွက်ထဲက အိမ်တွေမှာ ခိုးဝင် ဘင်္ဂလား နှစ်သောင်းကျော် ငှားရမ်း နေထိုင်လျှက် ရှိနေခဲ့ပါတယ်။
.
ဒီလူတွေကို ဖမ်းတယ်လို့ပြောခဲ့ပေမယ့် ဒီခိုးဝင် တစ်သောင်း ကျော်ကို ဘယ်ထောင်မှာ ထားလဲမသိတဲ့အပြင် မြန်မာနိုင်ငံထဲအ၀င် စစ်ဆေးရေး ဂိတ်တွေကို တရားဝင် အစစ် အဆေးမရှိ ဖွင့်ပေးခဲ့ပါတယ်။
ဒီလိုပဲ ဒီဖွင့်လိုက်တဲ့ ဂိတ်တွေနဲ့အတူ ခိုးဝင် တစ်သောင်းကျော်ကိစ္စ အစ အန ပျောက်နေခဲ့ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
လွန်ခဲ့တဲ့ နှစ်ပတ်က ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းဒါဏ်ကြောင့် ဘင်္ဂလား နှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်းတွေဖြစ်ခဲ့ပြီး မြန်မာနိုင်ငံထဲ ခိုးဝင်ဘို့ရှိခဲ့ပါတယ်။
.
တိုက်ဆိုင်စွာပဲ ယမန်နေ့က ဒေါ်စုကြည် ခိုင်းစေချက်နဲ့ သမ္မတ ဦးထင် ကျော်မှ - ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစေ၍ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြေငြာခဲ့ပါတယ် ။
.
အမှန်တစ်ကယ်ကတော့ ရခိုင်ပြည်နယ် အေးချမ်းရေးကိုဘမ်းပြပြီး ခိုးဝင် နိုင်ငံသား ပေးရေး ကို ဒေါ်စုကြည်ကိုယ်တိုင် ဦးဆောင် လုပ်ကိုင သွားမယ်လို့ သိရပါတယ်။
.
ဒီ ကော်မတီမှာ နယ်စပ်ရေးရာပြည်ထောင်စု ဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က ဒုဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်မယ်လို့ သိရပါတယ်။
.
ဒီကော်မတီ ဖွဲ့စည်းကြောင်း မီဒီယာတွေမှ ဖော်ပြကြပေမယ့် ၊ ဒီကော်မတီရဲ့ အဓိက တာဝန် နဲ့ ဒီကော်မတီမှာ ပါဝင်မယ့် အဖွဲ့အစည်းတွေ အကြောင်း ကိုတော့ ပြည်သူတွေကို ထိန်ချန် ထားခဲ့ပါတယ်။
.
အဆိုပါ ရခိုင်ပြည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ လက် အောက်မှာ နောက်ထပ် ဆပ်ကော် မတီ တစ်ခုကို ထပ်မံ ထည့်သွင်း ဖွဲ့စည်း ထားပါတယ်။
.
ဒီဆပ်ကော်မတီမှာ ပါဝင်တဲ့ အဖွဲ့အစည်းများနဲ့ လူတစ်ချို့ကတော့ UN မှ စေလွှတ်ထားသော NGO အဖွဲ့ဝင်များ
OIC လက်အောက်ခံ NGO အဖွဲ့ဝင်များ
ဒေါ်စုကြည်နဲ့ အိုအိုင်စီကြား တိုက်ရိုက်ဆက်သွယ် အပေးအယူ လုပ်ပေး နေသူ အစ္စလာမ်များ ပါဝင်ပြီး
ဒီအစ္စလာမ်များရဲ့ အဓိကခေါင်းဆောင် ကုလားငနီကတော့ ဥက္ကဌ ဒေါ်စုကြည် နောက်ကွယ်ကနေ အကွက် ရွှေ့ ကစားသူ အဖြစ် ပါဝင်မှာဖြစ်ပါတယ်။
.
ဒီကော်မတီဖွဲ့စည်း ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ -
ရခိုင်ပြည် ဖွံ့ဖြိုးတိုး တက်ရေးလို့ အမည်ခံ ဖွဲ့စည်းထားပြီး ဘင်္ဂလီ ကယ်ဆယ် ရေး စခန်းများရှိ ဘင်္ဂလီများကို နိုင်ငံသားပေးရေးကိစ္စ အထူး ကြိုးပမ်း ဆောင်ရွက်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ တွင်းရှိ အမျိုးသား သစ္စာ ဖောက် အပ္ပန္နား လောက်ကောင်များ ၀မ်းမြောက်ပါစေကြောင်း သတင်း ကောင်း ပါးလိုက်ရပါတယ် ။
.
အတွင်း သတင်းများ အရ ကတော့ - ငါကိုယ်တိုင် လုပ်ရင် ဘယ်သူတားလို့ ရမလဲ ဘယ်သူ စောဒက တက်ဝံ့မလဲ ဆိုတဲ့ အသံ သဲ့သဲ့ ကြားရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ဘာတွေ ပေးပြီး စည်းရုံးလိုက်တယ် မသိဘူး
ရမည်သင်းမှာ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့
အလုပ်သမား ယောက်ျားလေး၂၂ - ယောက် မိန်းကလေး ၁၄ - ယောက်ကို မေလ - ၃၁ ရက်နေ့ ညနေက စစ်ကိုင်း ကို ဘက်စကားနဲ့ ပြန်ပို့ သွားတယ် လို့ ပြောပါတယ် ။
မီဒီယာ တွေကတော့ လူ၃၆ - ယောက် ပြန်လွတ်လာတာ မသိလိုက် ချင်ယာင် ဆောင် နေကြပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ယ္ခင် သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်က မန္တလေးမြို့ရှိ ဧရာဝတီ မြစ်ကမ်းတစ်လျှောက်တွင် ယာယီ တဲများဖြင့် နေထိုင် သည့် ကာယ လုပ်သားများ အတွက် တည်ဆောက်ပေး ထားသည့် အငှားအိမ်ရာ တိုက်ခန်း ၁၅၈၄ ခန်းအနက် ကျန်ရှိနေသော တိုက်ခန်းပေါင်း ၃၉၃ ခန်းကို ယနေ့ 31 - ရက်နေ့ နံနက် ၈ နာရီက အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ အဆိုပါ အငှားအိမ်ရာတိုက်ခန်းဝင်း အတွင်း၌ မဲနှိုက်ချထားပေးခဲ့ကြောင်း သိရပါတယ်။
.
မန်းစည်ပင်မှ ကမ်းနားလမ်းတစ်လျှောက် (၁၄)လမ်းမှ (၂၁)လမ်းအထိ တာဝန်ယူတည်ဆောက်ထားသည့် အငှား အိမ်ရာ တိုက်ခန်း ၁၅၈၄ ခန်းအနက် ၁၁၈၁ ခန်းအား ၂၀၁၆ မတ် (၇) ရက်တွင် မဲစနစ်ဖြင့် အခန်းနေရာများ အငှားချထားပေးခဲ့ပြီး
ယခု ကျန်ရှိနေသည့် အခန်းပေါင်း (၃၉၃) ခန်းကို အငှားနေထိုင် ခွင့်လျှောက် ထားသူ ၄၃၈ ဦးအတွက် ဒုတိယအသုတ် အနေဖြင့် ထပ်မံအငှား ချထား ပေးခြင်းဖြစ်ပါတယ်။
အငှားအိမ်ရာ စီမံကိန်းကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက 2014-15 ကတည်းက ကျပ်ငွေ သန်းပေါင်း ၁၁ဝဝဝ အကုန်အကျခံ တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၂-ခန်းတွဲ ခြောက်ထပ် အဆောက်အအုံပေါင်း ၂၂-လုံးမှ အခန်းအရေအတွက် ၁၅၈၄-ခန်း ကို အငှားချထားပေးနေကြောင်း သိရပါတယ်။
(အာဏာရပြီး ရက် ၃၀ အတွင်း ငှက်များရှင်က အပ်ချလောင်း ဖန်ဆင်း လိုက်တဲ့ တိုက်တွေ လို့ ထင်နေသူ တောက်ကွက်များ အတွက်ပါ )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
( ၃၀-၅-၂၀၁၆ ) က ပြည်သူ့လွှတ်တော်၊ လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကို ဖျက်သိမ်း လိုက်ကြေင်း လွှတ်တော် ကြေငြာချက် တစ်စောင် ထွက်လာခဲ့ပါတယ်။
ဖျက်လိုက် ဖွဲ့လိုက်နဲ့  5 - နှစ် ပြည့်တော့မယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
လွန်ခဲ့ တဲ့ အပတ်က မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၈ဝ ကျော် ယခင်သမ္မတ ဟောင်း ဦးသိန်းစိန်နှင့် သမ္မတ ရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းအပါ အဝင် အစိုးရအဖွဲ့ဝင်ဟောင်းများ နှင့် အသင်းချုပ်တာဝန်ရှိသူများ ပူးပေါင်းကာ အလွဲသုံးစားပြုလုပ် ခဲ့မှုအပေါ် စုံစမ်းအရေးယူပေးရန် တိုင်တန်းသည့် သတင်း တက်လာခဲ့ပါတယ် ။
.
အဖြစ်မှန်မှာ -
.
နိုင်ငံ တော်သမ္မတဦးသိန်းစိန် လက်ထက်မှာ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုအပါအဝင် ပန်း ၁ဝ မျိုးကိုမြှင့်တင်ပေးရန် ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ရှင်သဘင် ဂီတနှင့် ပန်းချီ ပန်းပုအစည်းအရုံးဗဟိုတို့မှ တာဝန် ရှိသူများကို ၂ဝ၁၅ခုနှစ် ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး
ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပြပွဲများကို တစ်နှစ် ပတ်လုံး တင်ဆက်နိုင်မည့် အနု ပညာဗဟိုဌာနတစ်ခုကို ရန်ကုန်နှင့် မန္တလေးမြို့ များတွင် တည်ဆောက် ပေးဘို့ စီစဉ်ခဲ့ပါတယ်။
.
နိုင်ငံတကာအဆင့်မီ အနုပညာ ဗဟိုဌာန (INTERNATIONAL ARTISTIC CENTER) အကောင်အထည်ဖော်ရေး ကော် မတီဒုတိယဥက္ကဋ္ဌ ညွှန်ကြားရေး မှူးချုပ် ဦးကျော်မြင့်လှိုင်က -
စီမံကိန်းဖြစ်ပေါ် လာမှု၊ စီမံကိန်း၏ရည်ရွယ်ချက် မြေနေရာသတ်မှတ ရွေးချယ် မှု နှင့် တည်ဆောက်မည့် ဗိသုကာပုံစံများ အား ရှင်းလင်း တင်ပြခဲ့ပါတယ် ။
.
အနုပညာရှင်၊ အတတ်ပညာ ရှင်များက လည်းတည် ဆောက်ရေးစီမံကိန်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာ နယ်ပယ်အလိုက် လိုအပ်ချက်များကို ရှင်းလင်းတင် ပြကြပါတယ်။
.
နိုင်ငံတော်သမ္မတ ဟာ ၂၆.၇.၂ဝ၁၅ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး အစိုးအဖွဲ့ အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံ သဘင်အစည်းအရုံးနာယ က ဦး ဆောင်ပြီး မြန်မာ့ရိုးရာပန်းဆယ်မျိုး ပညာရှင်နှင့်လည်း တွေ့ဆုံခဲ့ ပြီး
.
ယခုတည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(INTERNATIONAL ARTISTIC CENTER) ကို ရန်ကုန်မြို့တွင် အင်းစိန် ၁ဝမိုင်ကုန်းအနီး အာလိန် ငါးဆင့်ဘုရားနှင့်ကပ်လျက်မြေကွက် တွင်လည်းကောင်း၊
မန္တလေးကို ချမ်းမြ သာစည်မြို့နယ် ၇၃လမ်းနှင့် ၇၈ လမ်းကြား မြေဧက ၈ ဒသမ ၈၁ ဧကအကျယ်ပေါ်တွင်လည်းကောင်း တည်ဆောက်သွား မည်ဖြစ်သည် ဟု ပြောကြားခဲ့ပါတယ်။
.
၎င်းလုပ်ငန်းများအတွက် အသုံးပြုရန် မြန်မာနိုင်ငံကျောက် မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်ရန်ပုံငွေထဲမှ ယခင် တာဝန်ရှိသူများက လွှဲပြောင်း ပေးခဲ့သော နိုင်ငံခြားငွေများအား မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် လွှဲ ပြောင်းထည့်သွင်းထားသည်ဟု သိရသည်။
.
ထိုလုပ်ငန်းဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဦးဆောင်ပြီး ရန်ကုန်၊ မန္တလေးရှိ ပန်းဆယ် မျိုးအဖွဲ့အစည်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း သိရတယ်လို့ ၀န်းကြီးဟောင်း ဦးရဲထွဋ်စာမျက်နှာမှာ ရှင်းပြထားပါတယ်။
.
မနေ့က တက်လာတဲ့ သတင်းများအရတော့ သူတို့ကျောက်မျက်က ဥက္ကဌကအလွဲသုံးစားလုပ်နေသလိုလို ဒေါ်စုဘက်ကိုပြောငက်းသွားတဲ့ သာကူသည် တေဇကပဲလုပ်နေသလိုလို အတိတ်မေ့သလိုလို ရွှေကျပျောက်သလိုလို တွေ ဖြစ်နေပါတယ်။
.
သမ္မတကြီးဦးသိန်းစိန်ရဲ့ အတိုက်အခံပါတီ ပြန်လည်အသက်ဝင်လာပြီး ကြံ့ဖွံ့ပါတီရဲ့ လှုတ်ရှားမှုတွေ စတင်တဲ့အတွက် အကွက်ဆင်မှုစတင် ပြီလို့သုံးသပ်လို့ရပါတယ်။
( အတိုက်အခံ ပါတီကို ဖြိုခွင်းတော့မယ့် ပထမ ခြေလှမ်းပါ ။သမ္မတဟောင်းဦးသိန်းစိန် အထူးသတိထားဘို့လိုနေပါပြီ )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ရှိ ရေလုပ်သားများမှ စစ်ကိုင်း တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော် သွားမည်လို့ သိရပါတယ်။
.
ခန္တီးမြို့ရေလုပ်သားများမှ -
တိုက်ရိုက်ငါးဖမ်းခွင့်ချပေးရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ ဧပြီလ ၂၆ ရက်က စာတင်တောင်းဆိုထားသော်လည်း လစ်လျူရှု့ထားသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရပါတယ်။
.
ချင်းတွင်းမြစ်ထဲမှာ တိုက်ရိုက်သော်လည်းကောင်း၊ ဘုံငါးဖမ်းခွင့်ကိုသော်လည်းကောင်း ချထားပေးဖို့ ရေလုပ်သားတွေ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ လျစ်လျူရှုထားတယ်။ အခု လေလံကြေညာ လိုက်ပြီ၊ လေလံစနစ်ဆိုရင် ရေလုပ်သားတွေမလိုက်နိုင်ပါဘူး။ ဒါ့ကြောင့်မို့ လေလံဆွဲမှာလည်းမဟုတ်ဘူး။ ရေလုပ်သားတွေ ငါးဖမ်းခွင့်ရရေးကိုပဲ တောင်းဆိုသွားမယ်လို့ ရေလုပ်သား တစ်ဦးကပြောပါတယ်။
.
စစ်ကိုင်းတိုင်းဝန်ကြီး ချုပ်နှုတ်ထွက်ပေးရန် အတွက် ဆန္ဒထုတ်ဖော်ပွဲကို ဇွန် ၂၀ ရက်တွင် ရေလုပ်သားအင်အား ၂၀၀ ကျော်မှ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း ခန္တီးဒေသခံကိုအောင်ဆန်းမြင့်က ပြောပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ဒီတစ်ပတ်အတွက်နာမည်အကြီးဆုံးဆယ်လီဗျစ်တီများကတော့ -
( က ) တိုင်ခန်းပေါင်း ၁၆၀၀ - ကို တစ်လမပြည့်ခင်အချိန်အတွင်း တန်ခိုးနဲ့ဖန်ဆင်းခဲ့တဲ့ ငှက်များရှင် ဒေါ်စု ရဲ့မှော်အစွမ်း ။
.
( ခ ) စီကျူရတီ သက်တော်စောင့် ထမိန်းထုတ်သယ် ၀န်ထမ်း များနဲ့ ဈေးဝယ် ထွက်တဲ့ မဒယ် ဒလိုင်ဘာ ဒေါ်စု နဲ့
.
( ဂ ) သိန်း ၆၀၀ - တန် ရက်တစ်ရာ ဒီမိုနို့စားနွားမကြီး သန်းမင်းကျော် တို့ပဲဖြစ်ပါတယ်ရှန်။
.
.
အေးချမ်းပါစေ မြန်မာပြေ
.
.
ကျောက်ဆည်တွင် ဆိုလာပြားတပ်ထားသည့် တောင်သူအချို့တရားစွဲခံရ
ကျောက်ဆည်တွင် ဆိုလာပြားတပ်ထားသည့် တောင်သူအချို့တရားစွဲခံရ
-------------------------------------
မန္တလေး၊ဇွန် ၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပေတောကြီး ကျေးရွာအုပ်စု တံတားဦးကုန်းကျေးရွာတွင် ကျေးလက်ဒေသမီးလင်းရေးစီမံကိန်း ဆိုလာပြားတပ်ဆင်ပေးခံထားသည့် တောင်သူများ တရားစွဲဆိုခံနေရကြောင်း ယင်းတောင်သူများက ဇွန်လ ၁ ရက်နေ့က မန္တလေးမြို့တော်ရှိ 88 Café တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်ပြောကြားသည်။
ယင်းတောင်သူများကို တရားလိုပြုလုပ်သူသည် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဆိုလာပြားတပ်ဆင်ခအတွက် ငွေကြေးရလိုမှုနှင့် တရားမမှုဖြင့် ဖေဖော်ဝါရီလမှစတင်ကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း အဆိုပါတောင်သူများက ပြောကြားသည်။
“ သူတို့က ၂၀၁၄ တုန်း မေလ ၄ ရက်နေ့တုန်းက ကျေးရွာမှာ ဆိုလာမီးတပ် ချင်တဲ့သူတွေ စာရင်းလာ ပေးနိုင်တယ်လို့ ပြောတာနဲ့ စာရင်းသွားပေးတော့ လာတပ်ပေးတယ် ။ ကျွန်တော်တို့ကို ဘယ်လောက် ကျတယ် ဆိုတာလဲ မပြောဘူး။ အခမဲ့ လုပ်ပေးတာလို့ ကျွန်တော်တို့က ထင်လို့တပ်တာ ဒါကို နောက်ကျမှ ငွေတောင်းတယ်။ တောင်းတာလည်း ငွေကိုအတိုးနဲ့တောင်းတယ်။ စုစုပေါင်း တောင်သူ ၂၂ ဦး ဆိုလာမီးတပ်ခဲ့တယ်” ဟု တောင်သူ ဦးဖုန်းကျော် က ဆိုသည် ။
ငွေပေးရမည်ဆိုပါက ဆိုလာပြားပြန်ပေးမည်ဆိုသော်လည်း တရားစွဲဆိုခြင်း သာခံရပြီး တောင်သူစိုက်ပျိုးစရိတ်ချေးငွေများဖြင့် နှိမ်ယူခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ ဒါကသုံးနှစ်ကျော်လောက်ရှိပြီ၊ ပြီးတာလည်းပြီးသလောက်ရှိပြီ။ ခုက မြို့နယ် မှာဖြစ်တာနေမယ်။ ကျွန်တော်တို့ဆီတက်လည်းမလာဘူး” ဟု မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲတာဝန်ရှိသူတစ်ဦးက ဆိုသည်။
တပ်ဆင်ပေးသည့် ဆိုလာပြားများသည် ကာလတန်ကြေးအရ ကျပ်နှစ် သိန်းကျော်သာ တန်သော်လည်း တောင်းသည့် ငွေသည်ကျပ်ငါး သိန်းကျော်ဖြစ်နေပြီး အတိုးဖြင့် စုစုပေါင်း ကျပ် ခုနစ်သိန်းကျော် တောင်းကြောင်း အဆိုပါတောင်သူများထံမှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ တရားစွဲဆိုခံရမှု ကျောက်ဆည်မြို့နယ် ကျောက်စောက် ကုန်းကျေးရွာနှင့် အခြားမြို့နယ်များတွင်လည်းရှိနေပြီး ရွေးကောက်ပွဲမတိုင်မီ ဆိုလာပြားများအခမဲ့တပ်ဆင်ပေးခဲ့သည်ဟုဆိုကာ တပ်ဆင်ခဲ့ကြရာမှ လက်ရှိတွင်ငွေကြေးပြန်ရလိုမှုဖြင့် တရားစွဲဆိုခံနေရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။
ကျိုင်းတုံတွင် တရုတ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် စပါးများ ဖမ်းမိ ----------------
ကျိုင်းတုံတွင် တရုတ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် စပါးများ ဖမ်းမိ
----------------
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ကျိုင်းတုံ - လွယ်မွေလမ်း အမှတ် (၄) ဝန်တင်တပ်ရင်းအနီးတွင် ဇွန်လ ၁ ရက် ညပိုင်းက တရုတ်နိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့်စပါးများ တင်ဆောင်လာသည့် ၁၂ ဘီးယာဉ် သုံးစီးကို ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။
တစ်စီးလျှင် ၄၄ ကီလိုဝင် စပါးအိတ် ၃၆၀ အိတ် တင်ဆောင်လာသော မော်တော်ယာဉ်များမှာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့မှ မိုင်းဖြတ်မြို့သို့ သယ်ဆောင်လာခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် အခြေအနေများ တွေ့ရှိရကြောင်း ကျိုင်းတုံမြို့ ဒုတိယ ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးခင်အောင်သွင်က ပြောကြားသည်။
"ကားသမားတွေရဲ့ ထွက်ဆိုချက်အရ တစ်အိတ်ကို ကျပ် ငါးထောင်နှုန်းယူပြီး လာပို့တာလို့ သိရတယ်၊ ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဆိုတာကို ပြည်နယ်အစိုးရထံ တင်ပြထားပါတယ်”ဟု ၎င်းက ရှင်းပြသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၏မြို့တော် ကျိုင်းတုံမြို့နယ် အပါအဝင် အခြား မြို့နယ်များရှိ မိုဘိုင်းလ် စစ်ဆေးရေးဂိတ်များ ရုတ်သိမ်းပြီး နောက်ပိုင်း တရုတ်နိုင်ငံသို့ စပါးများ တရားမဝင် တင်ပို့လျက်ရှိရာ ဒေသတွင်း စပါးများ လက်ကျန် မရှိသည် အထိ ကြုံတွေနေရပြီး ၅ဝ ကီလိုဝင် ဆန်တစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ၄ဝ ကီလိုဝင် စပါးတစ်အိတ်လျှင် ကျပ် ၁၄၀၀ဝ အထိ စံချိန်တင် မြင့်တက်လာကြောင်း ဆန်စံပါး ဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ - ရန်နိုင်
သမချေးငွေ ကျပ်ဘီလီယံ ၄၀၀ ကျော်ကို ဇွန်လအတွင်း ပြန်လည်ကောက်ခံမည်
သမချေးငွေ ကျပ်ဘီလီယံ ၄၀၀ ကျော်ကို ဇွန်လအတွင်း ပြန်လည်ကောက်ခံမည်
Thursday, June 2, 2016
တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုရှိ သမဝါယမအသင်းပေါင်း သုံးသောင်းကျော်မှ အသင်းသားပေါင်း နှစ်သန်းခွဲကျော်သို့ ထုတ်ချေးပေးခဲ့သည့် ငွေကျပ်ဘီလီယံ ၄၀၀ ကျော်ကို ဇွန်လအတွင်း အသင်းသားများထံမှ ပြန်လည် ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇွန်လ ၁ ရက်တွင်ပြုလုပ် သော ပြည်သူ့လွှတ်တော်၌ နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ် သည်။ ၂၀၁၆ ဇန်နဝါရီတွင် ပဉ္စမအ ကြိမ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နှင့် အသင်းများ၏ အစု၊ စုဆောင်းငွေများဖြင့်အသင်းသား ပေါင်း ၂,၆၅၆,၃၁၁ ဦးအား ပံ့ပိုးငွေကျပ် ၃၇၆ ဘီလီယံကျော် အပါအဝင် ထုတ်ချေးငွေ ကျပ်ဘီလီယံ ၄၀၀ ကျော်တို့ကို ထုတ်ချေးပေးခဲ့ ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ChinaEXIM Bank ကို ချေးငွေ၏အတိုး အ ရင်းပေးဆပ်ရမည့်ကာလသည် နှစ်စဉ် ဇန်နဝါရီ ၂၁ ရက်နှင့် ဇူလိုင်၂၁ ရက် နောက်ဆုံးထားပေးသွင်း ရမည်ဖြစ်ပြီး ဆိုင်းငံ့ကာလ ၂ နှစ်၊ ပြန်ဆပ်ကာလ ရှစ်နှစ်ဟု သဘော တူစာချုပ် ချုပ်ဆိုထားသည်။ ယင်းသို့ ခြောက်လတစ်ကြိမ် ပေးဆပ် ရသည့်စနစ်အစား ၂၀၁၆ အတွင်း တစ်နှစ်တစ်ကြိမ် အတိုးအရင်း ပေါင်း ပြန်လည် ပေးဆပ်သည့် စနစ်ကျင့်သုံးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ ဒေါ်နန်းခမ်း အေးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank မှ ဝန်ကြီးဌာနက ငွေချေးပြီး ယင်းချေးငွေဖြင့် ၂၀၁၄ဇန်နဝါရီတွင် အသင်းသားများ အား ပထမအကြိမ် ထုတ်ချေးပေး ခဲ့သည်။ ၂၀၁၅ ဇူလိုင်အထိ စတုတ္ထအကြိမ်ချေးပေးခဲ့ရာ သတ်မှတ်ကာလအတွင်း သမဝါယမ အသင်းသားတောင်သူများက အ ရင်း၊ အတိုးအားလုံးပေးဆပ်ကြ ၍ ၁၀၀ ရာခိုင်နှုန်း ပြန်လည်ရရှိ ခဲ့ကြောင်း ဝန်ကြီးက ပြောသည်။
သို့သော် ဒေါ်နန်းခမ်းအေးက အဆိုပါငွေများပြန်ဆပ်နိုင်ရန် အ ခြားလူများဆီမှ ချေးငွေပြန်ယူရ ကြောင်း၊ ဝန်ကြီးဌာနသို့ တင်ပြ လာသည့်စာရင်းများအရ ငွေတွေ အပြည့်အဝတွေ့နိုင်သည်ဟု မြင်ရမည်ဖြစ်သော်လည်း လက်တွေ့ တွင် ထိုသို့မဟုတ်ကြောင်း ပြော သည်။
ယခု ဇူလိုင်တွင်သာ ဤစနစ်ပြန်လည် ကျင့်သုံးမည်ဆိုပါက သဘာဝဘေးဒဏ်နှင့် စစ်ဒဏ်ခံ နေရသော ပြည်သူများ အခက်အ ခဲတွေ့စေမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။
သို့ဖြစ်ရာ ဝန်ကြီးက စာချုပ် အကြောင်းရှင်းပြသည်။ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ သမဝါယမ ဦးစီးဌာနသည် China EXIM Bank ထံမှ ချေးငွေများရယူရာ တွင် နှစ်နိုင်ငံစာချုပ်ပါ စည်းကမ်း အရ နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးသီး နှံများအနက် သီးနှံပေါ်မည့်ကာလ နှင့် ချင့်ချိန်၍ ခြောက်လတစ်ကြိမ် ပြန်လည်ပေးဆပ်နိုင်သည့်စနစ် ကို အနီးစပ်ဆုံး ခန့်မှန်းထုတ်ချေး ပေးထားခြင်းဖြစ်ကြောင်း၊ ချေး ငွေရယူသည့် အသင်းသားများ အနေဖြင့်လည်း တစ်ဦးချင်း ငွေ ချေးစာချုပ်ပါ စည်းကမ်းများကို သဘောတူထားရှိပြီး ဖြစ်၍ စာချုပ်ပါ စည်းကမ်းအတိုင်း ခြောက်လ တစ်ကြိမ် ပေးချေနေကြခြင်းဖြစ် ကြောင်း ဝန်ကြီးက ပြောသည်။
နှစ်နိုင်ငံ ချုပ်ဆိုထားသည့် စာချုပ်ပါစည်းကမ်းအရ ခြောက် လတစ်ကြိမ် အတိုး၊ အရင်းပေး ရန်ဖြစ်၍ အသင်းသားများထံမှ ကောက်ခံသကဲ့သို့ အစိုးရကိုယ်တိုင်လည်း ခြောက်လတစ်ကြိမ် အတိုး၊ အရင်းပေးရသည့်အတွက် စာချုပ်ပါ စည်းကမ်းအရ တစ်နှစ်တစ်ကြိမ် အတိုး၊ အရင်းပေါင်း ပြန်လည်ပေးအပ်သော စနစ်ကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိ ကြောင်း ဝန်ကြီးက ပြန်လည်ဖြေ ကြားသည်။
7Day Daily
စည်ပင်ဝန်ထမ်းများ အပြောအဆို မမောက်မာရန် ညွှန်ကြား
စည်ပင်ဝန်ထမ်းများ အပြောအဆို မမောက်မာရန် ညွှန်ကြား
Thursday, June 2, 2016
စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအား အပြော အဆို မမောက် မာကြရန်အတွက် ညွှန်ကြားထားကြောင်း လားရှိုး မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်ဦး က ပြောသည်။
လားရှိုးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများကို လစဉ် လကုန် ရက်များတွင် ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲပြု လုပ်လျက်ရှိရာ မေလ (၃၁)ရက်နေ့ကပြု လုပ်သော ဆန္ဒထုတ်ဖော်ပွဲတွင် အလုပ်ကြိုး စားကြရန်၊ ကိုယ်စီတာဝန်ကျေကြရန်၊ အ ပြောအဆို မမောက်မာရန်နှင့် စာများများ ဖတ်ကြရန် ၄င်းက ညွှန်ကြား ဆွေးနွေးခဲ့သည်။
''ကျွန်တော်တို့ စည်ပင်တွေမှာအပြော အဆိုအပေါ်မူတည်ပြီး တိုင်စာ၊ ပစ်စာတွေ တက်ကြတာပါ။ စည်ပင်တွေမှာ အမျိုးသမီး ဝန်ထမ်းတွေများတယ် ဆိုတာက မိန်းကလေး ဆိုတော့ ရည်ရည်မွန်မွန် ပြောဆိုတတ်လို့ ခန့်ထားတာပါ။ ပြည်သူတွေက နှိုက်နှိုက်ချွတ် ချွတ်မေးတော့ အပြောအဆို မတတ်ရင်ပြည် သူတွေ ဘဝင်မကျတာတွေဖြစ်နိုင်လို့ပါ''ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေး ကော် မတီအတွင်းရေးမှူး ဦးစိုးနိုင်ဦးက ပြောသည်။
စာဖတ်ကြရန် ညွှန်ကြားပြောဆိုခြင်း မှာလည်း ဥပဒေနှင့်အညီ ပြောဆိုနေထိုင် တတ်ရန်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းဥပဒေ များကို စည်ပင်ဥပဒေများကို နားလည်ပြီး လုပ်ကိုင်နိုင်စွမ်းရည် တိုးတက်စေရန်အတွက် ဖြစ်ကြောင်း ဦးစိုးနိုင်ဦးက ဆိုသည်။
မေလ(၃၁)ရက်နေ့၊ မွန်းလွဲ (၁းဝဝ) နာရီ အချိန်တွင် ဆန္ဒဖော်ပွဲ အခမ်းအနား စတင်ခဲ့ပြီး လိုင်းခန်းရရှိရေး တင်ပြသူ ခြောက်ဦးအား အဖွဲ့ဖြင့်စိစစ်၍ နေရာချ ထားရေး ဆောင်ရွက်ပေးရန်နှင့် မှတ်ပုံတင် မရှိသူ၊ အိမ်ထောင်စုဇယားမရှိသူများ၊ သားသမီးများတွင် မှတ်ပုံတင်မရှိသူများ အား မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့သည်။
မီတာမရှိသော လိုင်းခန်းများ မီတာ ရရှိရေး ဆက်လက်ဆောင်ရွက်ပေးမည့်အကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။စည်ပင်ဝန်ထမ်းများ၏ ကျောင်းသား ကျောင်းသူ (၁၅၁)ဦးအတွက်လည်းစာရေး ကိရိယာ၊ ကျောင်းစရိတ် သိန်း(၂ဝ)ကျော် ဖိုးကို ထောက်ပံ့ကူညီပေးထားသည်။
လားရှိုးမြို့နယ် စည်ပင်သာယာရေး ကော်မတီတွင် အမြဲတမ်းဝန်ထမ်း (၁၂၈)ဦး၊ ပုတ်ပြတ်ဝန်ထမ်း (၈၈)ဦးရှိသည်။
လစဉ် အစားအသောက် ထောက်ပံ့ ကူညီမှုများလည်းပြုလုပ်ကာ ဝန်ထမ်းများ အားတက်စေရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ ပြောဆိုနေခြင်း ဆင်များကြား ယုန်လိုက်ဖမ်းနေသည်နှင့် တူကြောင်း ဦးရဲထွဋ်ပြော ----------------------------------------------
ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ ပြောဆိုနေခြင်း ဆင်များကြား ယုန်လိုက်ဖမ်းနေသည်နှင့် တူကြောင်း ဦးရဲထွဋ်ပြော
----------------------------------------------
သား၊ သမီးများ အမည်ဖြင့် လုပ်ငန်းများ လုပ်ခြင်း၊ မြေသိမ်းခြင်း၊ အစိုးရကန်ထရိုက်များ၊ လုပ်ပိုင်ခွင့်များရကာ ကြီးပွားနေသူများကြား ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန် ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ ပြောဆိုနေခြင်းသည် ဆင်များကြားတွင် ယုန်လိုက်ဖမ်း နေသည်နှင့်တူကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က နေပြည်တော်၌ ယနေ့ (ဇွန်လ ၂ ရက်) နံနက်ပိုင်းက ကျင်းပသည့် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲအပြီးတွင် သတင်းမီဒီယာများသို့ ပြောဆိုခဲ့ကြောင်း သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်ဖော် ရေးသားထားသည်။
"ဒီနေ့ခင်ဗျားတို့ ( မီဒီယာတွေ) ပြောနေတဲ့ ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ။ ဒီဆိုင်ကို ဘယ်သူပိုင်တယ်ဆိုတာ ကျွန်တော် မမေးရသေးဘူး။ သို့သော် ဦးသိန်းစိန် ပိုင်တယ်ဆိုရင်တောင် ၁၉၈၈ ခုနှစ်ကနေ ဒီနေ့အချိန်အထိ သား၊ သမီးတွေနာမည်နဲ့ လုပ်ငန်းတွေလုပ်၊ မြေတွေသိမ်း၊ အစိုးရကန်ထရိုက်တွေ၊ လုပ်ပိုင်ခွင့်တွေရပြီး ကြီးပွားနေတဲ့သူတွေကြားမှာ ဦးသိန်းစိန် လက်ဖက်ရည်ဆိုင် ဖွင့်တဲ့ကိစ္စကို ပြောနေတာဟာ ဆင်တွေကြားမှာ ယုန်လိုက်ဖမ်းနေတာနဲ့တူတယ်။ ဦးသိန်းစိန် တိုင်းမှူး၊ အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်၊ သမ္မတတာဝန် ထမ်းဆောင်နေတဲ့အချိန်မှာ သူ့သမီး သုံးယောက်အနေနဲ့ အစိုးရနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်တာ ရှိမရှိ ပြန်ကြည့်ပါ။ လုံးဝ မရှိပါဘူး။ အဲဒီလို အခြေအနေမှာ အခုလို သတင်းတွေ ဖြန့်နေတာက နိုင်ငံရေးအရ ထိုးနှက်တာလို့ပဲ မြင်တယ်"ဟု ဖော်ပြထားသည်။
ထို့ပြင် သမ္မတဦးသိန်းစိန်နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် အစိုးရသက်တမ်း ကိစ္စများကို မိမိထံ အချိန်မရွေး မေးမြန်းနိုင်ကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။
အလကား အဆိုးရ Survey ဆိုတာ မရှိ Data collection ဆိုတာမရှိ Management ဆိုတာ မရှိ
ကွမ်းနဲ့ ဆက်စပ် ပစ္စည်းဒေ
လည်ပတ်နေတဲ့ market
ဘယ်လောက်ကြီးလဲ မသိ
ကွမ်းနဲ့ဆက်စပ်လုပ်ငန်းဒေက
အလုပ်အကိုင်ဒေ
ဘယ်လောက်ပေးထားမှန်းလဲ မသိ
အလုပ်လက်မဲ့ဒေ ဖြစ်သွားရင်
ဘာနဲ့ အစားထိုးရမယ်ဆိုတဲ့ plan လဲမရှိ
ကွမ်းရောင်းတာ မိသားစု
အဓိကစီးပွားရေးအဖြစ်
လုပ်ကိုင်နေကြသူဒေ
ဘယ်လောက်များတယ် ထင်လဲ
ကွမ်းသီးညှပ် အလုပ်သမ လေးဒေ
ဘယ်လောက်ရှိလဲ
ရန်ကုန်တိုင်းမှာ
ကွမ်းစိုက်တာကို အဓိကအားထားနေတဲ့
ခြံသမား ယာသမားဒေ
ဘယ်လောက်ရှိတယ် ထင်လဲ
အလုပ်လက်မဲ့ဖြစ်သွားလို့
ရှုံးလို့
ထမင်းငတ်သွားတဲ့ သူဒေ
ဘဝယိမ်းယိုင်သွားသူဒေ ရဲ့
ကြိမ်စာက
တချိန်ချိန် စူးရှပါလိမ့်မယ်
အခုတော့
သူတို့လဲ
ကိုယ့်လက်သန်းပဲ
ပြန်ဖြတ်စားရတော့မလို
ဖြစ်နေကျပီ
Photo Ko Ko Myanmar
ပြည်ထောင်စုဝန်ကြီး လေးဦး ရခိုင်ပြည်နယ်ကို ကွင်းဆင်းစစ်ဆေး --------------------------------
ပြည်ထောင်စုဝန်ကြီး လေးဦး ရခိုင်ပြည်နယ်ကို ကွင်းဆင်းစစ်ဆေး
--------------------------------
ရန်ကုန်၊ ဇွန် ၁
နိုင်ငံတော်သမ္မတရုံးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟို ကော်မတီ ဖွဲ့စည်းပြီးနောက် ယင်းကော်မတီက လုပ်ငန်းများ စတင် အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး လေးဦး ကွင်းဆင်း စစ်ဆေးရန် ရောက်ရှိနေကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။
ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိလာသော ပြည်ထောင်စုအဆင့် ဝန်ကြီးလေးဦးမှာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ ပြည်ထောင်စုအဆင့် ဝန်ကြီးများသည် ဇွန်လ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ မြေပုံ၊ စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲမြို့များသို့ သွားရောက်ကာ ဒေသအခြေအနေများကို ကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း ဦးမင်းအောင်ကဆိုသည်။
“အခုလက်ရှိကတော့ မြေပုံဘက်ကို သွားနေတယ်၊ အဲဒီလို သွားရောက်ကြည့်ရှုတဲ့အခါမှာ လိုအပ်ချက်တွေကို တင်ပြကြမယ်၊ တင်ပြပြီးကျလာတဲ့ ဘတ်ဂျက်နဲ့ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာပါ”ဟု ၎င်းကရှင်းပြသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟို ကော်မတီကို ဖွဲ့စည်းထားပြီး ယင်းကော်မတီ၏ အောက်တွင် လုပ်ငန်းကော်မတီ လေးခုကို ထည့်သွင်း ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးက မေလ ၃ဝ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
အဆိုပါ ကော်မတီ လေးရပ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီး လေးဦးက ဥက္ကဋ္ဌများအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။