Sunday, February 28, 2016

ပရမတ္ထတရား၏ ဆန့်ကျင်ဘက်များ -------------------------

ပရမတ္ထတရား၏ ဆန့်ကျင်ဘက်များ ------------------------- လူတို့သည် ပညာရှင်များကို ကိုးကွယ်ဆည်းကပ် တတ်ကြသည်။ သူတို့ပြောသမျှ ဟုတ်လှပြီထင်ပြီး လေးစားလိုက်နာတတ်ကြသည်။ အချို့သောပညာရှင်များပြောသွားသည့် စကားများသည် သမိုင်း ဝင်လောက်အောင် တက်တက်စင် လွဲမှားသွားကြောင်း တွေ့ရ သည်။ ဟိတ်ဟန်ဖြင့် ပြောလိုက်သည့် ကမ္ဘာကျော် စကားများမှာ ယခုခေတ်နှင့် ကြည့်လျှင် အရူးစကားများ ဖြစ်သွားကြောင်း တွေ့ရပေလိမ့်မည်။ ၁၉၇၇ခုနှစ်တွင် Digital Equipment Corporation ကို တည်ထောင်သူ ကက်နက်အော်လ်ဆန်ဆိုသူက စကားတစ်ခွန်း ပြောသွားသည်။ ''လူတိုင်း သူတို့အိမ်တွေမှာ ကွန်ပျူတာတစ်လုံးစီ ထားစရာအကြောင်း မရှိဘူး''ဆိုသည့် စကားဖြစ်သည်။ သူပြောချင်သည်က မည်သူမျှ အိမ်တွင် ကွန်ပျူတာ ဆောင်ထားလိမ့်မည် မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် လူတိုင်း ကွန်ပျူတာအနည်းဆုံး တစ်လုံးလောက်နှင့် အလုပ်လုပ်နေကြသည်။ အိမ်တိုင်းတွင် တစ်လုံးမက ဆောင်ထားသည်။ ရုံးတိုင်းတွင် လူပေါက်စေ့နီးပါး ကွန်ပျူတာများ သုံးနေကြသည်။ ကက်နက် တစ်ယောက် လွဲသွားသည်။ ၁၉၁၁ ခုနှစ်က ပြင်သစ်စစ်တပ်မှ မာရှယ်ဖာဒီနန်ဖို့ခ်ျဆိုသူသည် ''လေယာဉ်ပျံတွေဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ ကစားစရာ အရုပ်တွေပေါ့။ စစ်တပ်အနေနဲ့ကတော့ ဘာမှတန်ဖိုး မရှိပါဘူး''ဟု ဆိုလိုက်သည်။ သူလည်း အလွဲကြီး လွဲသွားသည်။ ယခုခေတ်တွင် လေတပ် ဆိုသည်မှာ လေယာဉ် မပါဘဲ ဖွဲ့စည်းနိုင်သည် မဟုတ်။ လေယာဉ် မပါဘဲ အောင်ပွဲဆင်နိုင် သည့် တိုက်ပွဲများလည်း မရှိသလောက် ရှားသွားပြီဖြစ်သည်။ ''အနာဂတ်မှာ သိပ္ပံပညာ ဘယ်လောက်တိုးတက်တယ်ပြောပြော လပေါ်ကို လူဘယ်တော့မှ မရောက်နိုင်ဘူး'' ဟု ပြောသွားသူမှာ ရေဒီယိုနှင့် အော်ဒီယွန်မီးလုံးကို တီထွင်ခဲ့ သူ ဒေါက်တာလီဒီဖောရက်စ်ဖြစ်သည်။ သူက ၁၉၆၇ ခုနှစ်တွင် ပြောခဲ့ခြင်းဖြစ်ပြီး ၁၉၆၉ ခုနှစ်တွင် လပေါ်သို့ လူသားများ စတင်ခြေချနိုင်ခဲ့သည်။ ''ရုပ်မြင်သံကြားဆိုတဲ့ဟာ ကြည့်နေ ဈေးကွက်ထဲမှာ ၆ လတောင်ခံမှာ မဟုတ်ဘူး။ ဒီသစ်သားသေတ္တာလေးကို ညတိုင်း ဘယ်သူတွေက အကြာကြီး ထိုင်ကြည့်ချင်မှာလဲ''ဟု ဒါရိုင်းဇာနပ်ဆိုသူက ပြောခဲ့သည်။ သူသည် ၁၉၄၆ ခုနှစ်တွင် 20th Century-Fox ရုပ်ရှင်ကုမ္ပဏီကြီး၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းလောက် ရုပ်မြင်လောကကို မထွန်းကားနိုင်ဟု ထင်ခဲ့ရာမှ ရုပ်မြင်ကြောင့် ရုပ်ရှင်လောက ကျဆင်းသွားခဲ့ရသည်။ ''သူတို့အသံတွေကို မကြိုက်ဘူး။ ဂစ်တာကို အုပ်စုလိုက်တီးတာ ခေတ် မရှိတော့ဘူး''ဟု ၁၉၆၂ ခုနှစ်က Decca ဓာတ်ပြား ထုတ်လုပ်ရေးကုမ္ပဏီ က ပြောပြီး The Beatles အဖွဲ့ကို ငြင်းပယ်လိုက်သည်။ Beatles အဖွဲ့သားများကို အသံတွေက ကြောင်တောင်တောင်၊ တီးခတ်မှုကလည်း ယောင်တောင်တောင်ဟု သတ်မှတ်ပြီး ငြင်းပယ်လိုက်ခြင်းမှာ အမှားကြီး မှားသွားမှန်း နောက်မှ သိလိုက်ရသည်။ ထိုအဖွဲ့သည် တေးဂီတ သမိုင်းတွင် အအောင်မြင်ဆုံးဖြစ်ခဲ့ရသည်။ ''ဆက်သွယ်ရေးလုပ်ဖို့ တယ်လီဖုန်းဆိုတဲ့ဟာမှာ အားနည်းချက်တွေ အများကြီး။ သုံးစားလို့ရမယ့်ဟာ မဟုတ်ပါဘူး''ဟု မှတ်ချက်ချသွားသူမှာ Western Union Internal Memo ကုမ္ပဏီဖြစ်သည်။ သူတို့က ၁၈၇၆ ခုနှစ်တွင် ထိုမှတ်ချက်ကို ပေးသွားခြင်းဖြစ်သော် လည်း တယ်လီဖုန်းသည် မရှိမဖြစ်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ရသည်။ ''ကမ္ဘာကြီးသည် စကြဝဠာ၏ ဗဟိုတွင်ရှိသည်''ဟု ပြောသွားသူမှာ အီဂျစ်နက္ခတ်ဗေဒ ပညာရှင် တိုလမီဖြစ်သည်။ သူက ၂ ရာစုခန့်တွင် ထိုဟောကိန်းကို ထုတ်သွားသော်လည်း ၁၆ ရာစုခန့် တွင် ကော်ပါးနီးကပ်စ်က သူ့အဆိုကို ပြောင်းပြန်လှန်လိုက်သည်။ စကြဝဠာတွင် နေသည်သာ ဗဟိုဖြစ်ကြောင်း ကော်ပါးနီးကပ်စ်က သက်သေထူ သွားနိုင်ခဲ့သည်။ ''ဒီနေ့လောက် အရေးကြီးတဲ့နေ့ မရှိနိုင်တော့ဘူး''ဟု ဆိုခဲ့သူမှာ တတိယမြောက် ဂျော့ဘုရင်ဖြစ်သည်။ ၁၇၇၆ ခုနှစ် ဇူလိုင် ၄ ရက်နေ့ကိုရည်စူး ပြီး ပြောခဲ့ခြင်းဖြစ်သည်။ ထိုနေ့သည် အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးနေ့ဖြစ်သည်။ လူ့ဘောင်သမိုင်းတွင် ဖြစ်စဉ်တို့သည် ရပ်တန့်နေမည်မဟုတ်။ ဆင့်ကဲဖြစ်စဉ်၊ ပြောင်းလဲမှုဖြစ်စဉ်များကို လက်ခံကြရမည်။ သမိုင်းတွင် ပြုပြင်ပြောင်းလဲမှုတွေ တစ်ခုပြီးတစ်ခု ဖြစ်လာသည်။ အားလုံးသည် လူသားသမိုင်းအတွက် အရေးပါခဲ့ကြသည်ချည်းဖြစ်သည်။ အမေရိကသမိုင်းတွင် လပေါ်အရောက် လူသားကို စေလွှတ်နိုင်ခြင်းမျိုး၊ လပေါ်တွင် ခြေချနိုင်ခြင်းမျိုးကိုလည်း ထိုနေ့လောက် အရေးပါသော နေ့ မရှိနိုင်ဟု နှောင်းလူများ ပြောကြပေလိမ့်မည်။ ''တီထွင်ခဲ့တာတွေ မှန်သမျှဟာ တီထွင်ပြီးသားတွေချည်းပဲ'' ၁၈၉၉ ခုနှစ် တွင် အမေရိကန်ပြည်ထောင်စုမှ မူပိုင်ခွင့် ကော်မရှင်နာမင်းကြီး ချားလ်စ် အိတ်ခ်ျဒူရဲလ်က ပြောကြားသွားခဲ့သည်။ သူဆိုလိုသည်မှာ လောက တွင် အသစ်အဆန်း မရှိတော့ဟု ဆိုလိုခြင်းဖြစ်သည်။ ယနေ့ခေတ်အနေဖြင့် ကြည့်လျှင် သူ့အဆို မှားသွားပြီဖြစ်သည်။ လူ့သမိုင်းတွင် မည်သူမျှ စိတ်မကူး ခဲ့ဖူးသည့် တီထွင်မှုပေါင်း များစွာ ပေါ်ပေါက်ခဲ့သည်။ ကွန်ပျူတာ၊ မိုဘိုင်းလ် ဖုန်း၊ တီဗီစသည်တို့က သက်သေဖြစ်သည်။ ကမ္ဘာကြီးတွင် မပြောင်းလဲခြင်းတရားဟူသည်မရှိ။ အားလုံးပြောင်းလဲနေ သည်။ ပုံသေတွက်ဆ၍ မရနိုင်သော ကိစ္စတွေကလည်း များလှသည်။ လူသားဆိုသည်က ရပ်တန့်နေသူများ မဟုတ်။ မသိမှုက တီထွင်မှုကို ဖြစ်စေ သည်။ မသိခြင်း ကို ရှေ့ဆက်လေ့လာအားထုတ်စရာတစ်ခုဟု မမြင်လျှင် တီထွင်မှုများလည်း မရှိနိုင်တော့ပေ။ တီထွင်မှုဆိုသည်မှာ လိုအပ်ချက်ကြောင့်လည်း ဖြစ်နိုင်သည်။ လိုအပ်သည် မလိုအပ်သည်ထက် စူးစမ်းဖော်ထုတ်မှု တစ်ခုအဖြစ် ရှိနေစေချင်သောကြောင့်လည်း ဖြစ်နိုင် သည်။ လူသားတို့ ကြံဆအားထုတ်မှုများကို တရားသေစွဲလမ်းထားရာက ယူဆချက်များကို ပြောင်းလဲစေခဲ့သည်မှာ သမိုင်းတွင် အထင်အရှား ဖြစ် သည်။ တီထွင်မှုတစ်ခုကို မဖြစ်နိုင်ဟုဆိုကာ လူသားတစ်ဦးခြင်း၏ ဆုံးဖြတ်ချက်များကြောင့် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည် များလည်းရှိသည်။ တီထွင်လျှင် သေမည်ဟု ခြိမ်းခြောက်သော်လည်း မတီထွင်ရလျှင် မနေနိုင်သောကြောင့် အသက်နှင့်ရင်းကာ တီထွင်ဖော်ထုတ်သွားသူများ လည်း ရှိခဲ့သည်။ မဖြစ်နိုင်ဟု ပြောသည်ကို ဆက်ပြီးမကြိုးစားလျှင် လူသားဟူ၍ တည့်တံ့နိုင် မည်မထင်။

ပြည်ပလေယာဉ် ၃-စီးဖြတ်ပျံသန်းတာနဲ့ဆက်စပ်လို့

ပြည်ပလေယာဉ် ၃-စီးဖြတ်ပျံသန်းတာနဲ့ဆက်စပ်လို့
***************************************************
အကြမ်းဖျဉ်း အတိုချုံးပြောရမယ်ဆိုရင်..မြန်မာနိုင်ငံရဲ့ဝေဟင်ပိုင်နက်ကို တရားဝင်ဖြတ်ကျော်ပျံသန်းတဲ့လေယာဉ်/ရဟတ်ယာဉ်မှန်သမျှ..ဖြတ်ကျော်ပျံသန်းခွင့်(Over-fly Permission)တောင်းခံကြရပါတယ်..

အဲသလိုတောင်းတဲ့အခါ..ဖြတ်ကျော်မည့်ရက်စွဲ/အချိန်/ထွက်ခွာဆင်းသက်
လေဆိပ်/ပျံသန်းမည့် အမြင့်ပေ/ဦးတည်လမ်းကြောင်း/၀င်ထွက်-သတင်းပို့ လမ်းကြောင်း(Air Route & Reporting Point)-အစရှိတဲ့အချက်အလက်
တွေအနည်းဆုံးဖော်ပြပါရှိတဲ့ Flight Plan နဲ့တင်ပြတောင်းခံရပါတယ်.. (တကယ်ပျံသန်းတဲ့အခါ..အဲသည် Air Route အတိုင်းပျံသန်းရပါတယ်)

Pilot အနေနဲ့လည်း..အဲသည်အတိုင်းပျံသန်းကြောင်း..အောက်မှာရှိတဲ့
လေကြောင်းရန်ကာကွယ်ရေး/လုံခြုံရေးဆိုင်ရာရေဒါစခန်း(Radar Stations)တွေ..ရှာဖွေတွေ့ရှိစေဘို့အတွက်..လေယာဉ်မှာတပ်ဆင်ထားတဲ့ Transponder အသံလွှင့်စက်ကို..တောက်လျှောက်ဖွင့်ပေးထားရပါတယ်.(ဒီလိုTransponder ဖွင့်ထားပေးခြင်းဖြင့် မိမိလေယာဉ်အမျိုးအစား/ ပျံသန်း အမြင့်ပေ/ဦးတည်လမ်းကြောင်း/ ဖြတ်ကျော်ပျံသန်းခွင့်ပြုချက်အမှတ်-စတဲ့ အချက်အလက်တွေကို..အောက်ကရေဒါစခန်းကစီစစ်တွေ့ရှိစေမှာဖြစ်သလို.မိမိလေယာဉ်ဟာ.ရန်သူမဟုတ်မှန်းသိရှိစေတဲ့အပြင်..ကောင်းကင်မှာလေယာဉ်အချင်းချင်းမတိုက်မိစေအောင်လည်း..ထိန်းသိမ်းပေးစေနိုင်ပါတယ်)

သို့သော်လည်း..မိမိဝေဟင်ပိုင်နက်အပြင်ဖက်ကနေ..ဖြတ်ကျော်ပျံသန်းတဲ့လေယာဉ်တွေအနေနဲ့ကတော့..ခွင့်ပြုချက်တောင်းချင်မှတောင်းကြမှာပါ(အထူးသဖြင့်..စစ်ဖက်ဆိုင်ရာလေယာဉ်တွေပေါ့).

အဲသည်လေယာဉ်မျိုးတွေ.သူ့လမ်းကြောင်းနဲ့သူ..ပျံသန်းနေတာပြဿနာမရှိပါဘူး.သို့သော်သူတပါးဝေဟင်ပိုင်နက်ထဲဝင်ရောက်ခဲ့မိရင်တော့..“Unknown”ပစ်မှတ်အနေနဲ့သတ်မှတ်ခံရပြီး.အိမ်ရှင်နိုင်ငံလေတပ်ရဲ့ကြားဖြတ်တိုက်လေ ယာဉ်(Intercepter)ရဲ့သတိပေးတားမြစ်ခြင်းနှင့်အတူ..ပိုင်နက်အပြင်ကို ပြန်လည်မောင်းထုတ်ခံရနိုင်ပါတယ်..

ချွင်းချက်အနေနဲ့.ကိုယ့်ရဲ့ဝေဟင်ပိုင်နက်ကိုလုံခြုံရေးအရသိပ်အလေးထား
(SecuritySensitive)နေရတဲ့နိုင်ငံမျိုး(သို့မဟုတ်)စစ်မက်ရင်ဆိုင်နေရတဲ့နိုင်ငံမျိုးဆိုရင်တော့..သိပ်ပြီးရှေရှေဝေးဝေးမေးမြန်းစိစစ်မနေဘဲ..ပစ်တောင်ပစ် ချနိုင်ပါတယ်(သာဓကတွေအများကြီးရှိပါတယ်)

ဒါပေမဲ့..သာမန်စစ်အေးကာလအချိန်တွေမှာတော့..ရန်လိုတဲ့သဘောနဲ့မိမိကိုအန္တရာယ်တစုံတရာမပြုခဲ့ရင်..အဲသလို.အရမ်းကာရော..Sensitive ဖြစ်ပြီး..ပစ်တာခတ်တာမျိုးတွေ..ဘယ်တိုင်းပြည်မှမလုပ်ကြပါဘူး..လုပ်ခဲ့ ရင်ဖြစ်လာမဲ့ပြဿနာနဲ့.ဖြေရှင်းပေးလျော်ရမဲ့ကိစ္စတွေများမြောင်လို့ပါဘဲ..

လတ်တလောမြန်မာ့တပ်မတော်(ရေ)ကပြုလုပ်ခဲ့တဲ့..Sea Shield 2016 အထူးစစ်ရေးလေ့ကျင့်မှုတွေပြု လုပ်မည့်ကိစ္စအတွက်..ရေကြောင်း/လေ
ကြောင်းဆိုင်ရာ..သတိပေးချက်တွေထုတ်ပြန်ခဲ့ပေမဲ့..လူတိုင်းသိချင်မှသိကြမှာပါ.အားလုံးမသိနိုင်ပါဘူး..

ဒါကြောင့်တခါတရံ..အခြားလေယာဉ်/သဘောင်္တွေ..သတိမမူဘဲဖြတ်သန်းမိတာတွေရှိနိုင်ပါတယ်(လေယာဉ်အတွက်..အမြင့်ပေ၁၅,၀၀၀ အောက်မပျံသန်းရလို့ကန့်သတ်ခဲ့တဲ့အတွက်.အခြားပြည်ပလေယာဉ် ၃-စီးကအမြင့်ပေ ၂၀,၀၀၀ ကျော်ကနေ..သူ့Air Corridor အတိုင်း..သာမန်ဖြတ်ကျော်ပျံသန်းသွားတာလည်းဖြစ်နိုင်ပါသေးတယ်)(ပေ ၄-သောင်းလောက်လည်းဖြစ်နိုင်ပါတယ်)

ဒီလိုမျိုးဖြစ်လို့..ကျူးကျော်ဖောက်ဖျက်တယ်လို့ခံစားမှုဖြစ်လာခဲ့ရင်တောင်မှ.သက်ဆိုင်ရာနိုင်ငံ/ကုမ္ပဏီကိုသတိပေး/တိုင်ကြားစာပို့တာက..အကောင်းဆုံး ဖြစ်မှာပါဘဲ(သူတို့ငြင်းဆိုခဲ့ရင်တောင်. နောင်ကိုကြိတ်ပြီးဆင်ခြင်သွားနိုင်သလို နောက်တကြိမ်အခုလိုမျိုးထပ်ဖြစ်လာခဲ့လို့..တစုံတရာအရေးယူခဲ့ရင်.. ကိုယ့်အဆိုးမဖြစ်နိုင်တော့ဘူးပေါ့)

အဲ-နောက်ဆုံးအနေနဲ့ပြောချင်တာက..ထစ်ကနဲရှိမပစ်ချဘဲ..Target Interception &  Lock သာလုပ်ပြတဲ့(ပစ်ချချင်ရင်ပစ်လို့ရတဲ့သဘော)အလေ့အကျင်မျိုးရှိစေချင်တာ ကတော့..မြန်မာနိုင်ငံကလတ်တလောမှာ..စစ်မက်ဖက်ပြိုင်နေတဲ့နိုင်ငံမဟုတ်သလို.နိုင်ငံတကာချစ်ကြည်ရေး Status မပျက်ယွင်းစေချင်တာပါ..ချစ်ကြည်ရေးဆိုတာပျက်တာလွယ်ပေမဲ့..ပြန်လည်တည်ဆောက်ရခက်ပါတယ်..

နောက်တချက်..ဟို-အရင်ကျနော် Pilot ငယ်ငယ်ဘ၀တုန်းက..အရှေ့/ အ
နောက်/မြောက်ဖက်တခွင်..လေယာဉ်နဲ့စစ်ဆင်တိုင်း..သူများဝေဟင်ပိုင်နက်တွေထဲကို.တခါမျှ.မ၀င်ရောက်ခဲ့ဘူးပါဘူးဆိုရင်.လိမ်လည်ရာများ.ကျနေမလားလို့ပါဗျား။

(တကယ်တော့..ကျနော့်ကို.တရုပ်ပြည်က၃-ကြိမ်၊ ထိုင်းက၂-ကြိမ်..တိုင်စာ အပို့ခံခဲ့ရဘူးပါသဗျာ)

(လေးစားစွာဖြင့်- လေးလွင်)

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ၂ ဦးအား ကမ္ဘောဒီးယား ငါးဖမ်းလှေလုပ်သားများက အုပ်စုလိုက် ဝိုင်းမုဒိန်းကျင့်။ ----------------------------------------

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ၂ ဦးအား ကမ္ဘောဒီးယား ငါးဖမ်းလှေလုပ်သားများက အုပ်စုလိုက် ဝိုင်းမုဒိန်းကျင့်။
----------------------------------------
၂၈.၂.၂၀၁၆
ယနေ့နံနက် ၁ နာရီ အချိန်မှာ ထိုင်းနိုင်ငံ သရခရိုင် ( ထိုင်း - ကမ္ဘေ္ဘာဒီးယား နယ်စပ်မြို့နယ် ) ကော့ကိုကျွန်း တွင် ရပ်နားထားသည့် စက်လှေပေါ်မှ ကမ္ဘောဒီးယား လှေထိုးသား ၅ ဦးက ညပိုင်းမှာ ကျွန်းပေါ်ရှိ ဟိုတယ်သို့ ပြန်လာသူ ကမ္ဘာလှည့် နိုင်ငံခြားသူ နှစ်ဦးကို အုပ်စုလိုက် ရိုက်နှက်မုဒိန်းကျင့် ခဲ့ကြကြောင်း သိရပါတယ်။

ကမ်းစပ်မှာ အမျိုးသမီး နှစ်ဦးဒဏ်ရာတွေနဲ့ လဲနေတာကို ဟိုတယ်ဝန်ထမ်း တွေက တွေ့ခဲ့ပြီးနောက် ရဲစခန်းကို တိုင်ကြားခဲ့ကြပါတယ်။ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ စစ်တပ် ကျွန်းအုပ်ချုပ်ရေး အရာရှိတွေ အပါအဝင် လူ ၅၀ ကျော်မှ တစ်ကျွန်းလုံး ပိတ်ဆို့ရှာဖွေ ခဲ့ကြရာ မနက် ၄ နာရီမှာ တရားခံ ကမ္ဘောဒီးယား နိုင်ငံသား ၃ ဦးကို ဖမ်းမိခဲ့ကြောင်း နှစ်ဦးကတော့ တောတွင်း ထွက်ပြေးနေကြဆဲလို့ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

တရားခံတွေဟာ အသက် ၂၀ ကျော် လူငယ်တွေ ဖြစ်ကြပြီး ငါးဖမ်းစက်လှေ ရပ်နားထားစဉ် အရက်သောက် ကြပြီး ညပိုင်း ကမ်းစပ်မှာ ယောင်္ကျားလေး အဖော်မပါပဲ လမ်းလျှောက်နေတဲ့ နိုင်ငံခြားသူ နှစ်ဦးကို တွေ့ခဲ့ကြပြီး ဝိုင်းချုပ်၍ မုဒိန်းကျင့် ခဲ့ကြတာပါ။ တရားခံ တစ်ချို့က အမျိုးသမီး ၂ ဦးကို သတိမေ့အောင် ရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီး နှစ်ဦးကို ဆေးရုံမှာ အရေးပေါ် ဆေးကုသပေးနေရကြောင်း ထိုင်းနိုင်ငံ Khaosod အွန်လိုင်း သတင်းမှာ ဖော်ပြထားပါသည်။

SAW

ထည့်မယ် ထည့်မယ် ဆီ ဆီ။ ကြေငြာနဲ့တင် ကြွေလောက်တယ်။

ထည့်မယ် ထည့်မယ် ဆီ ဆီ။
ကြေငြာနဲ့တင် ကြွေလောက်တယ်။ ကိုကိုလဲ လာထည့်မှာပေါ့ကွယ်။
ပြည်မြို့က ဆီဆိုင်ကြေငြာ ဆိုင်းဘုတ်လေးတွေ လာကြေငြာ ပြတာပါလို့။

Photo - Aung Ko Thet

အထက်မြန်မာနိုင်ငံ ကိုယ်စားပြု စက်သုံးဆီ တင်/ချ ဆိပ်ကမ်းသစ်ကြီး မန္တလေးတိုင်းဒေသကြီး၌ တည်ဆောက်မည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အထက်မြန်မာနိုင်ငံ ကိုယ်စားပြု စက်သုံးဆီ တင်/ချ ဆိပ်ကမ်းသစ်ကြီး မန္တလေးတိုင်းဒေသကြီး၌ တည်ဆောက်မည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® မင်းထက်အောင် (မန်းကိုယ်ပွား) မန္တလေး ဖေဖော်ဝါရီ ၂၇ အထက်မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာအဆင့်မီ စက်သုံးဆီ တင်/ ချ ဆိပ်ကမ်းကို မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်နှင့် ဘုန်းတော်နိုင်ငံ ကျေးရွာအုပ်စု အိုးတုတ္ထတန်းလမ်း အနောက်ဘက် ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်ဆုံအနီး၌ မြန်မာ့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီလိမီတက်က တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း၌ တည် ရှိ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်သွယ်ရန် ဗဟိုပြုရာ ဒေသကြီးဖြစ်သည်နှင့်အညီ ကုန်သွယ်မှုကဏ္ဍအပါအဝင် စက်သုံးဆီ ဝယ်ယူဖြန့်ဖြူးမှု အလွန် များပြားလာခြင်းကြောင့် လက်ရှိ သယ်ယူပို့ဆောင်နေသည့် မန္တလေး ဆိပ်ကမ်းနေရာတွင် မီးဘေး အန္တရာယ်စိုးရိမ်ရ၍ အန္တရာယ်ကင်းစွာ သယ်ယူဖြန့်ဖြူးပေးရန် ရည်ရွယ်ချက်ဖြင့် ယင်းစီမံကိန်းကို ခွင့်ပြုပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် စက်သုံးဆီ တင်/ချ ဆိပ်ခံတံတားနှင့် ဆီသို လှောင်ကန်များ၊ ရုံးအဆောက်အအုံများ ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။ "အခု ရွေးချယ်ထားတဲ့နေရာက မြေသားခိုင်မာပြီး လမ်းပန်း ဆက်သွယ်မှု လွယ်ကူတဲ့အပြင် မီးဘေးအန္တရာယ်အတွက် လုံခြုံ စိတ်ချရတဲ့နေရာဖြစ်တယ်။ တစ်ဦးပိုင် လုပ်ခြင်းထက် စနစ်တကျ လုပ်ကိုင်နိုင်အောင် အများပိုင် ကုမ္ပဏီအနေနဲ့ လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ ဒါကြောင့် အထက်မြန်မာနိုင်ငံ ကိုယ်စားပြု စက်သုံးဆီ တင်ပို့ဖြန့်ဖြူးနိုင်မယ့် ဆိပ်ကမ်းကြီး ပေါ်ပေါက်လာပြီး သက်သာသော ဈေးနှုန်းအရည် အသွေးပြည့်မီတဲ့ စက်သုံးဆီတွေကို သုံးစွဲနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းကပြောသည်။ နိုင်ငံတော်က စက်သုံးဆီလုပ်ငန်းအား ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးခဲ့ရာ မြန်မာနိုင်ငံသား စက်သုံးဆီလုပ်ငန်းရှင်များ အနေဖြင့် စနစ်တကျရှိသော စက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူး/ ရောင်းဝယ်ခြင်း ဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် စက်သုံးဆီ လုပ်ငန်းရှင် ကုမ္ပဏီ ၅၂ ခု ပါဝင်သည့် မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီလီမီတက်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ "ဒီလို ဖွဲ့စည်းလုပ်ဆောင်ခဲ့လို့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းလာပြီး အရည်အသွေး မှန်ကန်စွာ ရောင်းချ နိုင်တယ်။ နိုင်ငံတော်အတွက်လည်း အခွန်ငွေတိုးလာတယ်။ အဓိက ပင်လယ်ဝင်ပေါက်မှာ အတင်/ အချ လုပ်နိုင်အောင် ရန်ကုန်မှာ သီလဝါ ဆိပ်ကမ်း တည်ဆောက်ပြီး ပြည်တွင်း ကို ဖြန့်ဖြူးဖို့ စရိတ်သက်သာတာက ရေကြောင်းက အကောင်းဆုံးပါ။ သယ်ယူပို့ဆောင်ရေးမှာ လိုအပ်တဲ့ ဆိပ်ခံတံတားတွေ၊ ဆီသိုလှောင် ကန်တွေ လုပ်ဖို့ မန္တလေးမှာ ပထမဆုံး တည်ဆောက်သွားမှာပါ" ဟု မြန်မာ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့် က ပြောသည်။ အဆိုပါ စက်သုံးဆီ တင်/ ချ စီမံကိန်းသည် မြေဧက (၄၁ ဒသမ ၁)တွင် ဂါလန်နှစ်သန်းဆံ့ ဆီသို လှောင်ကန် ၃၂ လုံး၊ ဆီတွဲများ ဆိုက်ကပ်ရန် ဆိပ်ခံတံတား လေးစင်းနှင့် ဆီသယ်ယာဉ် ၁၃၆ စီးအား တစ်ပြိုင်တည်း ဆီဖြည့်နိုင်သည့် နေရာများနှင့် မီးဘေးလုံခြုံရေး အတွက် ဂါလန်ငါးသိန်းဆံ့ ရေကန် တည်ဆောက်မည် ဖြစ်ကြောင်း လာမည့် ခြောက်လတွင် လုပ်ငန်းများ စတင်လည်ပတ်မည်ဖြစ်၍ တစ်နှစ် အတွင်း စီမံကိန်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ရေတပ်ပင်မစက်မှုလက်မှုတပ်က တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်က တပ်တော်ဝင်ခဲ့တဲ့ အမြန်ကင်းလှည့်ရေယာဉ်ငယ်များကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေပြင်စည်းရိုးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနဲ့အတူ တွေ့မြင်ရစဉ်။

ရေတပ်ပင်မစက်မှုလက်မှုတပ်က တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်က တပ်တော်ဝင်ခဲ့တဲ့ အမြန်ကင်းလှည့်ရေယာဉ်ငယ်များကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေပြင်စည်းရိုးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနဲ့အတူ တွေ့မြင်ရစဉ်။

Photo Credit: Win Yetun

ပင်းတယမြို့နယ်သအယ်ပင်ကျေးရွာ ဦးချစ်ရာ+ဒေါ်မြသန်း တို့နေအိမ် နောက်ချေးဆွေးပုံ တူးရာမှ သန္ဓေတည်၍ ထူးဆန်းစွာ နွားကလေး ပေါ်လာပြန်တယ်ဗျ။

ပင်းတယမြို့နယ်သအယ်ပင်ကျေးရွာ ဦးချစ်ရာ+ဒေါ်မြသန်း တို့နေအိမ် နောက်ချေးဆွေးပုံ တူးရာမှ သန္ဓေတည်၍ ထူးဆန်းစွာ နွားကလေး ပေါ်လာပြန်တယ်ဗျ။

Photo - Shwe DaNu
via - Win Min Phyo

"ကုလားနဲ့ ယူတဲ့ ဗမာမရဲ့ မင်္ဂလာပွဲကို ရွာသားတွေ ဂဲနဲ့ ထုလွှတ်မည်"

"ကုလားနဲ့ ယူတဲ့  ဗမာမရဲ့ မင်္ဂလာပွဲကို  ရွာသားတွေ
ဂဲနဲ့ ထုလွှတ်မည်"
===================
ဖေဖဝါရီ ၂၇  ၂၀၁၆ မကွေး

မကွေးတိုင်း မင်းဘူး (  စကု ) မြို့နယ် ကုန်းသားကျေရွာက ဒေါ်သိန်းသိန်းစိုး၏ သမီး  မနွေးနွေးအောင်ဟာ လာမည့်  မတ် လ ၁ ရက်နေ့ တွင်  နက်မောက်မြို့က ကုလား မောင်ဇေမျိုဦး နဲ့  သူမရွာမှာ  မင်္ဂလာဆောင် တော့မှာဖြစ်ပါတယ်။

သူမ ပထွေး ဦးဇော်မိုးဟာလဲ  မူဆလင်ကုလားဖြစ်ပါတယ်။

ကုလားက ဗုဒ္ဓဘာသာလို့ ပြောသော်လည်း ရွာသားတွေ အမြင်မှာက  မိန်းကလေးက  မင်းဘူး၊ ကုလားက နက်မောက်သားဖြစ်ပြီး  ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်မှာ  ဖေဖဝါရီ ၂၅ နေ့ က သွားပြီး နှစ်ဦး သဘောတူ လက်ထပ် တာကို ထောက်ဆသောအားဖြင့် ဒီကုလားမရိုးသား ဘူးလို့   သုံးသပ်နေကြပါတယ်။

သူမပထွေးကလဲ မူဆလင်ကုလား ဖြစ်နေတော့
နောက် ဘယ်ကုလားပဲဖြစ်ဖြစ် ရွာကို  အဝင်ခံတော့မှာ မဟုတ်တဲ့ အတွက်   မင်္ဂလာ ဆောင်တဲ့နေ့ ကို  ရွားသားများက ခဲနဲ့
ထုလွှတ်မယ်လို့  သတင်းရရှိပါတယ်။

ဂျော့ရှ်ဒဗလျူဝီရမော့ဆက်
၂၇  ၂  ၂၀၁၆ 9:01 PM

ကလေးမြို့ အထွက် မြစ်သာမြစ်ဘေးက ပြင်သာရွာက အုန်းပင်မှာ ရေတက်ခဲ့တဲ့ အမှတ်အသားတွေကို မှတ်သားထားတာတွေ့နိုင်ပါတယ်။ မနှစ်က သမ္မတကြီး အဲဒီရွာကို ရောက်တော့ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ဆောက်ပေးဖို့နဲ့ ရွာအထိ ကွန်ကရစ်လမ်းခင်း ပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။

ကလေးမြို့ အထွက် မြစ်သာမြစ်ဘေးက ပြင်သာရွာက အုန်းပင်မှာ ရေတက်ခဲ့တဲ့ အမှတ်အသားတွေကို မှတ်သားထားတာတွေ့နိုင်ပါတယ်။ မနှစ်က သမ္မတကြီး အဲဒီရွာကို ရောက်တော့ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ဆောက်ပေးဖို့နဲ့ ရွာအထိ ကွန်ကရစ်လမ်းခင်း ပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။

ဖေ ၂၇ ရက်နေ့က အဲဒီရွာကို သမ္မတကြီးသွားတော့ ရွာက အမျိုးသမီးတစ်ဦးက သူတို့ ရင်ဆိုင်နေရတဲ့အခက်အခဲကို တင်ပြပါတယ်။  အဲဒီရွာက လက်လုပ်လက်စားတွေက သဲလုပ်ငန်းနဲ့ အသက်မွေးပါတယ်။

မြစ်သာမြစ်တစ်ဖက်ကမ်းက သဲကို လှေငယ်နဲ့ တူးပြီး ဒီဘက်ကမ်းကို သယ်ရောင်းတာပါ။ ငွေစိုက်ထုတ်လုပ်သူက ရှစ်ယောက်လောက်ရှိပြီး ကျန်တဲ့သူတွေက သဲတူး၊ သဲသယ် ၀င်လုပ်ကြတာပါ။

ဒီနှစ်မှာတော့ မြစ်အထက်ဘက်မှာ လုပ်ငန်းရှင်တစ်ဦးက စက်နဲ့ သဲကို ကမ်းအထိ မှုတ်တင်ပြီးရောင်းတယ်။ လုပ်အားမသုံးရတော့ ဈေးကလည်း ပြင်သာရွာကဈေးထက် သက်သာတာပေါ့။ ဒီတော့ ဒီရွာမှာ သဲလုပ်ငန်းက ဈေးကွက်ပျက်မလိုဖြစ်နေတဲ့အတွက် တစ်ခုခု လုပ်ပေးဖို့ဆိုပြီး သမ္မတကြီးကိုတင်ပြတာပါ။

သမ္မတကြီးက ခင်ဗျားတို့ စက်ဝယ်နိုင်အောင် သမ၀ါယမက ငွေထုတ်ပေးမယ်ဆိုတော့ လည်းမဖြစ်ပြန်ဘူး။ ဘာလို့လည်းဆိုတော့ စက်သုံးမယ်ဆိုရင် သဲတူး၊ သဲသယ် အလုပ် နဲ့ အသက်မွေးသူတွေ အလုပ်လက်မဲ့ဖြစ်ကုန်မယ်၊ဒါကြောင့်စက်မလိုချင်ဘူးတဲ့။ တစ်ဖက်ကလည်း ဈေးကွက် စနစ် အရ သက်သာတဲ့ဈေးနဲ့ရောင်းနေတာကို ဈေးတင်ခိုင်းပြန်ရင်လည်း လက်တွေ့မကျပြန်ဘူး။

နောက်ဆုံးတော့ သဲဈေးကို  ဖြစ်နိုင်သမျှ ညှိပေးဖို့၊ ဒီရွာသူရွာသားတွေအတွက် သဲလုပ်ငန်း တစ်ခုထဲကိုပဲ မှီခိုမနေရအောင်  အခြား အလုပ် အကိုင် တွေရရှိနိုင်ဖို့အတွက် ပန်းရံ၊ လက်သမား စတဲ့ လုပ်ငန်းခွင်ကျွမ်းကျင်သင်တန်းတွေကို နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်သင်တန်းကျောင်းက လာသင်ပေးဖို့၊ အဲဒီ သင် တန်းဆင်းတွေကို ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာ အသုံးပြုဖို့၊ ရွာက  ကျောင်း မနေ တဲ့ကလေးတွေကို စာရင်းကောက်ပြီးကျောင်းတက်နိုင်အောင် ကူညီပေးဖို့၊  မြစိမ်းရောင် စီမံ ကိန်းနဲ့ ရွာဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပေးဖို့ အားလုံးဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

တစ်ချို့ကိစ္စတွေက လွယ်လွယ်နဲ့ ရှင်းလို့ရမယ်လို့ ထင်ရပေမယ့် တစ်ကယ်ကျ တော့ နောက်ကွယ်မှာ ဆက်စပ်နေတဲ့ အချက်တွေအများကြီးရှိတယ်ဆိုတာ ဒီကိစ္စလေးမှာ တောင် တွေ့ရပါတယ်။

ဘိန်းခင်းဖျက်ဆီးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စလိုက်တဲ့အဖွဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်... လူပေါင်းများစွာ ဒုက္ခရ.. ဒဏ်ရာရ စီးပွားပျက်နေပြီ...

ဘိန်းခင်းဖျက်ဆီးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စလိုက်တဲ့အဖွဲ့
ပြဿနာပေါင်း သောင်းခြောက်ထောင်...
လူပေါင်းများစွာ  ဒုက္ခရ..  ဒဏ်ရာရ   စီးပွားပျက်နေပြီ...

ပက်ဂျိဆန်စဖွဲ့ပြီး မကြာဘူး  ရွာတွေကနေ  တိုင်စာတွေလာတယ်...
အဲဒီအဖွဲ့က  တခြားမဆိုင်တာတွေဖျက်ဆီးတယ်...
သူတို့နဲ့ ပက်သတ်တဲ့အခင်းကျတော့ မဖျက်ဖူး... 
ရွာတွေကို အနိုင်ကျင့်တယ်.. ရှမ်းတွေကိုလည်း အနိုင်ကျင့်တယ်ဆိုပြီး
တိုင်ထားတာ  အများအပြား...

ရွာသားတွေကလည်း...  လာရင် ဆော်မယ်...  ကစ်မယ်ဆိုပြီး
စောင့်နေတဲ့သူတွေရှိလို့  တပ်နဲ့ ရဲက စေတနာနဲ့  တားတယ်..
အဲဒါကိုမီဒီယာက  တပ်ကပဲ  ဘိန်းခင်းတွေကိုမဖျက်စေချင်လို့
ပိတ်ထားသလိုလို  တားထားသယောင်ယောင်ရေးကြတော့....
နောက်ဆုံး ညှိုနှိုင်းပြီးတပ်က လွှတ်လိုက်တယ်..
လုံခြုံရေးကိုတော့ ရာနှုန်းပြည့် တာဝန်မယူနိုင်ဘူးပေါ့...

ဟော...
ထင်တဲ့အတိုင်းဖြစ်လာပြီ....
ဝေမိုး  ရွာအရောက်မှာ  ရွာသားတွေကလည်း ရွာထဲမလာဖို့တားတယ်..
ပက်ဂျိဆန်ကလည်း... ဟိုအော် ဒီအော်လုပ်တယ်..
အဲဒီမှာ  ပစ်ကြ ခတ်ကြဖြစ်ပြီး...  ပက်ဂျိဆန်အဖွဲ့က 
ဓါက်ဆီနဲ့ ပုလင်း မီးလောင်အောင်လုပ်ပြီး မီးတွေရှို့တယ်...
တရုတ်လုပ်  ဗုံးတွေသုံးတယ်...  ရွာသားတွေနဲ့  ပြဿနာဖြစ်တယ်...
နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရတယ်...

နောက်ဆုံး ဒီအပျက်အဆီးတွေကို တပ်မတော်ကပဲ  ၀င်ရှင်းပေးရတယ်...
ဒုက္ခရောက်နေတဲ့ပြည်သူတွေကို  ၀င်ကူညီပေးရတယ်...

မီဒီယာတွေ ...  တပ်က တားတဲ့သတင်းပဲ ဖော်ပြပြီး
ဒီအခြေအနေ မှာ ဖြစ်သွားတဲ့သတင်းကိုတော့ ဖုံးကွယ်ထားတယ်....