ရန်ကုန် နိုဝင်ဘာ ၁၆
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် အောင်ပြည့်စုံလမ်းရှိ ပြည့်စုံဦးအဆောင် အပေါ်ထပ်၌ နိုဝင်ဘာ ၁၆ ရက် နံနက် ၇ နာရီ မိနစ် ၂ဝ က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ညပိုင်း စက်ရုံဆင်းအလုပ်သမားများ နံနက်ပိုင်း အလုပ်မှ ပြန်လာချိန်ဖြစ်သဖြင့် ပစ္စည်း ဆုံးရှုံးမှုများကြောင်း သိရသည်။
အဆိုပါ နံနက်ပိုင်းက အုတ်ညှပ် လုံးချင်း နှစ်ထပ် ကွန်ကရစ် ပြည့်စုံဦး အဆောင်၏ အပေါ်ထပ်၌ လူမရှိဘဲ ထမင်းပေါင်းအိုးတည်ထားခဲ့ရာမှ အပူ လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး အပေါ်ထပ် ရှစ်ခန်းနှင့် အောက်ထပ် ခုနစ်ခန်း မီးလောင်ခဲ့ကာ မီးလောင်ရာသို့ မီးသတ်ယာဉ် ခုနစ်စီးဖြင့် ငြှိမ်းသတ် ခဲ့ရာ နံနက် ၇ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် အဆောင်မှူး ဦးထိန်လင်းကို လှိုင်သာယာမြို့မ ရဲစခန်းက အရေးယူဆောင်ရွက်ထားပြီး အဆောင်နေ အမျိုးသမီး ၃ဝ ကို အောင်ပြည့်စုံလမ်းထိပ်ရှိ မေတ္တာကွန်ရက် ဓမ္မာရုံ၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိပေးပြီး စက်ရုံဆင်းအလုပ်သမား အချို့တို့မှာ အဝတ်အစားတစ်စုံသာ ကျန် ရစ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - အောင်သန်းဦး
MOI Webportal Myanmar
No comments:
Post a Comment